Twitter က iOS မှာ Super Follows ကို ဖြန့်ချိလိုက်ပြီ

Illustration by Alex Castro / The Verge

Twitter က သုံးစွဲသူတွေ အတွက်သာ ( subscriber-only content ) အခကြေးငွေ ပေးဆောင် နိုင်စေမယ့် ၎င်း၏ feature အသစ် ဖြစ်တဲ့ Super Follows ကို စတင် ဖြန့်ချိ လိုက်ပြီပဲ ဖြစ်ပါတယ် ။

ဖန်တီးသူ Creators တွေဟာ ၎င်းတို့၏ tweets များကို Super Followers တွေဆီ ကိုသာ သတ်မှတ် နိုင်ပြီး ၊ tweets များက ထို စာရင်းသွင်းသူ subscribers များ၏ timelines တွင် ပေါ်လာ မှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ တွင် ကြေညာခဲ့တဲ့ အဆိုပါ feature ဟာ လက်ရှိတွင် Twitter ၏ iOS app မှာသာ ရရှိ နိုင်ပြီး ၎င်းကို စမ်းသုံးဖို့ လျှောက်ထားတဲ့ US ရှိ test group တစ်ခု အတွက် သာ ကန့်သတ် ထားပါတယ်။

US နှင့် Canada ရှိ iOS အသုံးပြုသူ တွေဟာ ကနဦး test group မှာ ရှိတဲ့ Super Follow accounts တွေကို လုပ်ဆောင် နိုင်မှာပဲ ဖြစ်ပါတယ် ။ Tweets တွေကို စာပြန်တဲ့ အခါမှာ ၎င်းတို့၏ အမည် အောက်တွင် ပေါ်လာတဲ့ တံဆိပ် ( badge ) တစ်ခု ဖြင့် ထုတ်လုပ်သူ creators ဆီသို့ Super Followers တွေကို ခွဲခြား သတ်မှတ် ပေးပါတယ်။

Twitter က လာမည့် ရက်သတ္တပတ်တွေ အတွင်း အခြား နိုင်ငံတွေမှာ iOS ပေါ်မှာ ဝန်ဆောင်မှု feature ကို ဖြန့်ချိဖို့ စီစဉ် နေပြီး ၎င်းကို Android နှင့် web များတွင် မကြာမီ ရရှိ နိုင်မယ်လို့ ပြောကြား ထားပါတယ်။

Super Follows အသုံးပြုသူ တွေဟာ Stripe မှ တစ်ဆင့် ငွေပေးချေမှု ( payments ) များဖြင့် တစ်လလျှင် $2.99 ၊ $4.99 (သို့မဟုတ်) $9.99 ကောက်ခံ နိုင်ပါတယ်။

An example of a creator making a tweet for Super Followers. Image: Twitter

Twitter မှ အသုံးပြုသူများတွေ Twitter monetization products အားလုံးမှာ တစ်သက်တာ ဝင်ငွေ ကန့်သတ်ချက် $50,000 မရောက်မချင်း သုံးစွဲသူများက third-party fees ပြီးတဲ့ နောက် စာရင်းသွင်းမှု ( subscription ) ဝင်ငွေ ၏ 97 ရာခိုင်နှုန်း အထိ ရရှိ နိုင်ကြောင်း Twitter မှ ပြောကြား ခဲ့ပါတယ်။ ထိုကန့်သတ်ချက်ကို ကျော်လွန် ပြီးတဲ့နောက် သုံးစွဲသူများဟာ third-party fees ပြီးနောက် ဝင်ငွေ ၏ 80 ရာခိုင်နှုန်း အထိ ရရှိ နိုင်ကြောင်း Twitter မှ ပြောကြားခဲ့ ပါတယ်။

Super Follows feature မရှိတဲ့ သူတွေဟာ Twitter app ရှိ monetization tab အောက်မှာ waitlist တစ်ခု အတွက် လျှောက်ထား နိုင်ပါတယ်။

အရည်အချင်း ပြည့်မီဖို့ ၊ လူများတွင် အနည်းဆုံး follower 10,000 ရှိတဲ့သူ ၊ အနည်းဆုံး အသက် 18 နှစ် ပြည့်ပြီးတဲ့ သူ ၊ ပြီးခဲ့တဲ့ ရက် 30 တွင် 25 ကြိမ် tweet လုပ်ပြီးတဲ့သူ ၊ US တွင် ရှိတဲ့သူ နှင့် Twitter ၏ Super Follows policy ကို လိုက်နာသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

Twitter က tip jar featureticketed Spacesshopping section နှင့် newsletter subscription button တို့ အပါအဝင် creators တွေ အတွက် အမျိုးမျိုးသော ငွေရှာ နည်းဗျူဟာ ( monetization strategies ) တွေကို မကြာသေးမီက စူးစမ်း ရှာဖွေ နေပါတယ် ။

Newsletters တွေ ၊ Anonymous subscriptions တွေ ၊ exclusive Spaces တွေနှင့် Patreon-like subscription tiers တွေကို Super Follows မှာ ထည့်သွင်းဖို့ စီစဉ်ထားတယ်ဟု Twitter မှ ပြောကြားခဲ့ပါတယ်။

Example of a Super Follow subscription screen. Image: Twitter

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။