DIGITAL SIGNATURE ဆိုတာတွေက ဘာတွေဖြစ်မလဲ ?

စာဝှက်ထားတဲ့ စာသားပုံစံဖြင့် electronic “fingerprints.” ၊ Digital signature က လက်မှတ်ထိုးသူကို မှတ်တမ်းတင်ထားသော ငွေပေးငွေယူရှိ စာရွက်စာတမ်းနှင့် လုံလုံခြုံခြုံ ဆက်သွယ်ပေးပါတယ်။ Digital signature များဟာ အဆင့်မြင့် လုံခြုံရေးနှင့် အသိအမှတ်ပြုမှုအရ အဆင့်မြင့် ELECTRONIC SIGNATURES ရရှိရန်အတွက် Public Key Infrastructure (PKI) ဟုခေါ်သော စံ နှင့် လက်ခံသောပုံစံကို အသုံးပြု ပါတယ်။

DIGITAL SIGNATURE ရဲ့ အကျိုးကျေးဇူးများ

  • လက်မှတ်များကို ပုံနှိပ်ပြိး စကန်ဖတ်ခြင်းများကို ရပ်နိုင်ခြင်း။
  • ကလစ်အနည်းငယ်နှိပ်၍ ဝင်ရောက်ရုံနှင့် မှတ်တမ်းများကို ပေးပို့ နိုင်ခြင်း။
  • စီးပွားရေးအရွယ်အစားတိုင်းအတွက် အချိန်မရွေး နေရာမရွေး မည်သည့်စက်ကိရိယာပေါ်တွင်မဆို အသုံးပြု နိုင်ခြင်း။
  • ၎င်းက တရား၀င်အသိအမှတ်ပြုခံရပြီး လုံခြုံမှု ရှိပါတယ်။
  • ၎င်းဟာ အေဂျင်စီ၏ စာရွက်စာတမ်း အမှန်ဖြစ်ကြောင်း ၁၀၀% အတည်ပြုနိုင်ပါတယ်။
  • စာရွက်စာတမ်း ရဲ့ အချက်အလက်များကို ပြုပြင်ခြင်းမှ ၁၀၀% ကာကွယ် တားဆီးနိုင်ပါတယ်။
  • ဝန်ထမ်းများကို စာရွက်စာတမ်း အသုံးပြုမှုတွေမှာ လျှော့ချ နိုင်ခြင်း။
  • စာရွက်စာတမ်း လက်မှတ်အတွက် အရေအတွက် ကန့်သတ်ချက် မရှိခြင်း။
  • လက်မှတ်ထိုးထားခြင်း မရှိသေးသည့် စာရွက်စာတမ်းများကို ခြေရာခံရန် စနစ်ပါရှိခြင်း။
  • စက္ကူ ချွေတာ နိုင်ခြင်း။

DIGITAL SIGNATURE VS E-SIGNATURE ကြားက အဓိက ကွာခြားချက်

DIGITAL SIGNATURE VS. E-SIGNATURE လဲလှယ် နိုင်ပါတယ် ။ ဒါပေမယ့် အမှန်တရားကတော့ ဒီသဘောတရားနှစ်ခုက ကွဲပြားပါတယ် ။ နှစ်ခုရဲ့ အဓိက ကွာခြားချက်မှာ
Digital signature ဟာ စာရွက်စာတမ်းများ လုံခြုံရန်အတွက် အသုံးပြုပြီး လက်မှတ်ရေးထိုးသူများမှ လိုင်စင်ထုတ် ပေးပါတယ်။ Electronic Signature က များသောအားဖြင့် လက်မှတ်ထိုးသူနှင့် သဘောတူညီရန် စာချုပ်များနှင့် ဆက်စပ်ပါတယ် ။ နှစ်ခုအကြား ခြားနားချက်များနှင့်ပတ်သက်မှု အသေးစိတ်အချက်အလက်များကို အောက်တွင် ဖော်ပြထားပါတယ်။

DIGITAL SIGNATURE E-SIGNATURE
စာရွက်စာတမ်းများကိုလုံခြုံအောင် သိမ်းဆည်းပါတယ်။ သူတို့က အများအားဖြင့် စာရွက်စာတမ်းများကို ဆန်းစစ်ရန် အသုံးပြုကြပါတယ်။
ဒီဂျစ်တယ်လက်မှတ်များကို တရားဝင် လုပ်ပိုင်ခွင့်အာဏာဖြင့် ထိန်းချုပ်ထားပါတယ်။ လက်မှတ်ရအေဂျင်စီမရှိပါ။
ဒါဟာ အပိုဆောင်းလုံခြုံရေး features တွေ ပါရှိပါတယ်။ ၎င်းတွင်လုံခြုံမှု နည်းပါးပါတယ်။
အသုံးများသော ဒီဂျစ်တယ်လက်မှတ်များက Adobe နှင့် Microsoft တို့ပေါ်တွင် အခြေခံပါတယ်။ အီလက်ထရောနစ်လက်မှတ်များ အမျိုးအစားဟာ အီလက်ထရောနစ် (သို့မဟုတ်)စကင်ဖတ် စစ်ဆေးထားသော လက်မှတ်များဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်လက်မှတ်တွေကိုအတည်ပြုနိုင် အီလက်ထရောနစ်လက်မှတ်ကိုအတည်မပြုနိုင်ပါ။
၎င်း၏ မြင့်မားတဲ့ တိကျမှုကြောင့် အီလက်ထရောနစ်လက်မှတ်ထက် ပိုလိုအပ်ပါတယ်။ အသုံးပြုရန်လွယ်ကူပေမယ့် ယုံကြည်စိတ်ချရမှု လျော့နည်း
အထူးစိုးရိမ်ပူပန်မှု၏ စာရွက်စာတမ်းလုံခြုံရေးတွေနှင့်ပတ်သက်။ စာချုပ်ချုပ်ရန် ရည်ရွယ်ချက်ကို ဖော်ပြပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။