Creepy Apps တွေကို ပြောပြဖို့ Apple’s System ဟာ Beta မှာ ရောက်ရှိနေပြီ

Image: Apple

WWDC 2021 မှာ ကြေညာ ခဲ့တဲ့ Apple ၏ App Privacy Report ဟာ iOS 15.2 beta ၏ ပထမဆုံး ထွက်ရှိလာမှု ( first release ) နှင့် အတူ iPhones တွေ ဆီကို စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း MacRumors မှ သိရ ပါတယ်။

Settings တွေမှာ ရှိတဲ့ screen အသစ်ဟာ သုံးစွဲသူ တွေကို ၎င်းတို့၏ apps တွေဆီ ဝင်ရောက် ကြည့်ရှု နိုင်တဲ့ information အချက်အလက်တွေ နှင့် ၎င်းတို့ မျှဝေ ထားတဲ့ အရာတွေကို ခြုံငုံ သုံးသပ်ချက် တစ်ခု ( overview ) ထုတ်ပေး ပါတယ်။

Apple ၏ WWDC ကြေငြာချက် ( Apple’s WWDC announcement ) အရ ၊ အဆိုပါ feature ဟာ ဘယ်လို permissions apps တွေ ပါရှိ တာလဲ ဆိုတာ နဲ့ ၎င်းတို့အား ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း ၎င်းတို့ ဘယ်လောက် ဝင်ရောက်လေ့ ရှိတယ် ဆိုတာကို ပြသ ပေးမှာပဲ ဖြစ်ပါတယ်။ ( ဥပမာ ၊ weather app က location ကို နာရီတိုင်း ဝင်ရောက်တဲ့ အကြောင်း ပြသ နိုင်ပါတယ် ) ။

Report ( အစီရင်ခံစာ ) ဟာ app က ဆက်သွယ် ခဲ့တဲ့ အခြား web domains တွေ ကိုလည်း ပြသ မှာပဲ ဖြစ်ပြီး data တွေကို ဘယ်သူ မြင်နိုင် သလဲ ဆိုတာကို ပိုပြီး ကောင်းမွန်တဲ့ အကြံဉာဏ် ( better idea ) ပေးနိုင်ဖို့ app တွင် တိုက်ရိုက် သွားရောက် ခဲ့တဲ့ websites နှင့် ၎င်းကို နှိုင်းယှဉ် နိုင်စေ မှာပဲ ဖြစ်ပါတယ်။

Apple ရဲ့ အခြား privacy initiatives တွေ အချို့ဟာ developer အားလုံး နှင့် အဆင် မပြေပါ ။ iOS App Store privacy labels တွေကို အသုံးပြုဖို့ Google က နှစ်လ နီးပါး အချိန် ယူခဲ့ ရပြီး Facebook နှင့် Snap တို့က iPhone ၏ Ad Tracking Transparency feature ( အချို့သော ကြော်ငြာ ခြေရာခံခြင်း ပုံစံ ( ad tracking forms ) တွေမှ အလွယ် တကူ ရှောင်ဖယ် နိုင်တယ် ) ကို အသုံးပြုသူ တွေအား လွတ်သွားတဲ့ revenue goals တွေ အတွက် တစ်စိတ် တစ်ပိုင်း အပြစ်တင် ခဲ့ပါတယ်။ App Privacy Report က ၎င်းတို့ကို အပျက် သဘော ဆောင်တဲ့ အလင်း ( negative light ) မှာ ခြယ်သပါက developers တွေ ထံမှ တိုင်ကြားချက် တွေကို ပိုမို တွေ့မြင် နိုင်မှာပဲ ဖြစ်ပါတယ်။

Apple’s Safari Privacy Report, which shows similar data but for the websites you visit instead of the apps you use.

အမြဲတမ်း Betas လိုပဲ ဒီ feature ဟာ နောက်ဆုံး ထွက်ရှိမယ့် final 15.2 release ဆီကို ရောက်လာမှာလား ဆိုတာကို သေချာတဲ့ အရာတော့ မဟုတ်သေးပါဘူး။ သို့သော်လည်း 15.1 beta ( အစောပိုင်း beta ထုတ်ဝေမှုမှ ဖယ်ရှားခံရ ပြီးနောက် ) တွင် ပြသခဲ့တဲ့ Apple ၏ SharePlay feature ဟာ နောက်ဆုံး final version ဖြင့် ယူဆောင်လာပြီး အဆုံးသတ် သွားသောကြောင့် မကြာမီမှာ privacy report ကို မြင်တွေ့နိုင်တဲ့ အခွင့်အရေးကောင်းတွေ ရှိပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။