CP Motor Myanmar Company Limited အကြောင်း

CP Motor Myanmar Company Limited သည် ထိုင်းနိုင်ငံရဲ့ အကြီးဆုံးလုပ်ငန်းစု CP Group မှ လုပ်ငန်းခွဲဖြစ်သော Automotive Business လုပ်ငန်းစုများထဲမှ ထိုင်းကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ဇန်န၀ါရီလ ၁၃ရက်နေ့ ၂၀၁၇ ခုနှစ်တွင် CP Motor Myanmar အား စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကောင်မရှင်မှ ပေးအပ်သော မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို ရရှိခဲ့သည့် ပထမဦးဆုံး နိုင်ငံခြားကုမ္ပဏီတစ်ခု လည်း ဖြစ်ပါ သည်။ ဒါကြောင့်လက်ရှိမှာလည်း မြန်မာပြည်တွင် စက်ရုံတည်ထားခြင်းကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့ပါသည်။
CPM မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံကို မန္တလေးတောင်ခြေ အနီး အောင်မြေသာဇံမြို့နယ် တွင် တည်ဆောက်ထားပြီး လက်ရှိ ထိုင်းစံချိန်စံညွှန်းနှင့် အညီ မြန်မာနိုင်ငံတစ်၀ှမ်း ထုတ်လုပ်ဖြန့်ချီ ရောင်းချနေသော ထိုင်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လက်ရှိတွင် Sawasdee 115 & Smile 125 ဆိုင်ကယ် မော်ဒယ် နှစ်မျိုးကို စျေးကွက်တွင် ထုတ်လုပ်ဖြန့်ချီထားပြီး ဖြစ်ပါသည် ။
ကျွန်တော်တို့ CPM ဟာ မြန်မာနိုင်ငံရဲ့ မော်တော်ဆိုင်ကယ်စျေးကွက် မှာ ထိုင်းစံချိန်စံညွှန်းများဖြင့် တီထွင်ဆန်းသစ် အရည်အသွေးကောင်းမွန်သော မော်တော်ဆိုင်ကယ်များကို ထုတ်လုပ်နိုင်သော လုပ်ငန်းစုဖြစ်ရန် ၊ မြန်မာလူမျိုးတို့ရဲ့ မော်တော်ဆိုင်ကယ်ရွေးချယ် ၀ယ်ယူရာတွင် ပထမဦးစားပေး ရွေးချယ်မှုဖြစ်လာစေရန်နှင့် စီးနှင်းမောင်နှင်ရာတွင် ကောင်းမွန်သောအရေအသွေးဖြင့် ဂုဏ်ယူ၀င့်ကြွားစွာအသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်ထား ရှိထားပါတယ်။

ကျွန်တော်တို့ အဓိက ရည်ရွယ်ထားတာကတော့ မြန်မာလူမျိုးများရဲ့ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းရန်အတွက် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ပေးရန်။
ကျွန်တော်တို့ရဲ့ မော်တော်ဆိုင်ကယ်များအား အသုံးပြုသူများအတွက် ကောင်းမွန်သော ၀န်ဆောင်မှုများအား စိတ်ကျေနပ်မှုရရှိစေဖို့အတွက် ကျွန်တော်တို့ဘက်မှ တာ၀န်ယူဆောင်ရွက်ပေးရန်၊
မြန်မာနိုင်ငံမှာရှိတဲ့ မော်တော်ဆိုင်ကယ်လောက မှာ ကျွန်တော်တို့ ကုမ္ပဏီမှ အသစ်သစ်သော ဖန်တီးတီထွင်မှု နည်းပညာများနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အကောင်းဆုံးတွေကို ပေးအပ်နိုင်ရန်ပဲ ဖြစ်ပါတယ်။

CPM မှ နောက်ဆုံးမော်ဒယ် အဖြစ် အသစ်ထွက်ရှိထားသော Sawasdee-11

CP Motor Myanmar အနေနဲ့ မြန်မာမော်တော်ဆိုင်ကယ်စျေးကွက်ထဲတွင် ရောင်းအားအသွက်ဆုံး ဖြစ်သော Smile-125 နှင့် Sawasdee-115 ဆိုပြီး ၂မျိုး ဖြန့်ချီ ထွက်ရှိထားပါသည် ။ နောက်ဆုံးအနေနဲ့ ထွက်ရှိထားသော Sawasdee-115 2021 Model ၏ ဆွဲဆောင်မှုရှိသော ဒီဇိုင်းနှင့်အတူ အရုန်းအဆွဲကောင်းမွန်၍ သွက်လက်ပေါ့ပါးသောအင်ဂျင်ကြောင့် စျေးကွက်မှာ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံးဆိုင်ကယ်အဖြစ် စံချိန်တင်အရောင်းသွက်ခဲ့ပါသည်။ အရောင်အနေနဲ့ အဖြူ၊ အနက်၊ ‌ငွေ၊ ငှက်ခါးစိမ်း ဆိုပြီး (၄)ရောင်ထွက်ရှိထားပြီး မြင်သူတကာတိုင်း လည်ပြန်မကြည့်ပဲမနေနိုင်အောင် လှပလွန်းတဲ့ ဌက်ခါးစိမ်းနှင့် ငွေရောင်က‌တော့ ရောင်းအားအသွက်ဆုံး အရောင်(၂)မျိုး ဖြစ်ပါသည်။
ပြောင်လက်အိစက်တဲ့ ‌ဖောင်းကြွဂျယ်လီအသား စတစ်ကာလေးနဲ့အတူ ရောင်ပြန်စတစ်ကာဒီဇိုင်းလေးက ထူးခြားတဲ့အသွင်ကို ဖော်ဆောင်နေပြီး သွားလေရာမှာ ကျော့ရှင်းလှပ ခန်းနားတဲ့အသွင်ကို ဆောင်စေမှာမို့ တခြားဘယ်ဆိုင်ကယ်နဲ့မှမတူ ဆန်းပြားနေမှာတော့ အမှန်ပါပဲ ။
ဒါ့အပြင် သာမာန်ထက်ထူးခြားတဲ့ ဒစ်ဂျစ်တယ်ဒိုင်ခွက် ပါရှိတာကြောင့် မိမိမောင်းနှင်စီးနင်းထားတဲ့ ကီလိုအကွာအဝေးကို အလွယ်တကူသိရှိနိုင်ယုံအပြင် အချိန်ပြနာရီပါ ပါရှိပါသည် ။ ဒစ်ဂျစ်တယ်ဒိုင်ခွက်ဖြစ်တာကြောင့် ( ကီလို မှ မိုင် ) သို့ ( မိုင် မှ ကီလို )အလွယ်တကူပြောင်းနိုင်ပြီး မိမိ၏ခရီးသွားမှတ်တမ်း ကို ပြန်ကြည့်လို့ရတဲ့ ခရီးစဥ် Trip မှတ်တဲ့ ခလုတ်လေး ပါ ၀င်နေ တာ က တကယ်ကို ခေတ်ရှေ့ပြေးနေ တဲ့ ဆိုင်ကယ် တစ်စီး လို့တောင် ထင်မှတ်ရစေတာ ဖြစ်ပါ တယ် ။

မော်ဒယ်အသစ်လေးမှာ LED Head Light မီးသီးကို အသုံးပြုထားတာမို့ အလင်းခွင်းအား သာမာန်ထက်ပိုမို ကောင်းမွန်ပြီး အလင်းပြန့်အားကောင်းတာမို့ ညဖက် Highway ခရီးသွားရင်တောင် ဆန့်ကျင်ဖက်ယာဥ်ကို အလွယ်တကူမြင်စေပြီး အန္တရာယ်ကင်းအဆင်ပြေစေမှာ ဖြစ်ပါတယ် ။
အစိုးရမှ အသစ်ထုတ်ပြန်ထားတဲ့ ယာ ဉ်စည်း ကမ်း လမ်း စည်း ကမ်း နဲ့အညီ နေ့ ဘက်မှာ ပါ မီး ဖွင့်ပြီးမောင်း နိုင်အောင် Day Light မီး ပါ ပါ ၀င်တာ ကြောင့် မိုးတွင်းကာလမှာ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ပါတယ်။
သဘာဝရာသီဥတုဒဏ်များ နှင့် အခြားမတော်တဆ ယာဥ်အန္တရာယ်များကြောင့် ကာဗာပျက်စီးမှုများ၊ ဆေးသားပျက်ဆီးမှုများ မရှိအောင် အရည်အသွေးမြင့် ထိခိုက်မှု ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသော ကာဗာများတပ်ဆင်အသုံးပြုထားပါတယ်။
အာမခံအနေနဲ့ အင်ဂျင်အာမခံ(၃)နှစ် ၊ ရှေ့ဖောက်၊နောက်ဖောက်(၆)လ၊ ဘက်ထရီ(၆)လအာမခံနှင့် ဒစ်ဂျစ်တယ်ဒိုင်ခွက်(၆)လ အာမခံပါရှိတာမို့ အရည်အသွေးမှာအထူးပြောစရာမလိုအောင် ကြံ့ခိုင်သော မော်တော်ဆိုင်ကယ်များဖြစ်ပါသည် ။
ယခုအခါတွင် CPM မော်တော်ဆိုင်ကယ်‌လေးများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။

ဝန်ဆောင်မှုအနေနဲ့ အသေးစိတ်ကိုသိရှိလိုပါက Call Center ဖုန်းနံပါတ် ဖြစ်သော
09-4444 95959 သို့ ဆက်သွယ်မေးမြန်းနိုင်သလို CPM Facebook Page Messenger မှလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည် ။
CPM မှ အသစ်ထွက်ရှိသော မော်ဒယ်အသစ်လေးများ၏ Specification ၊ မော်တော်ဆိုင်ကယ်ဗဟုသုတများအကြောင်းကို ဖတ်ရှုနိုင်ရန်နှင့် CPM Video လေးများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် CPM Motorcycle Myanmar Facebook Page လေးကို Like&Follow လုပ်ထားဖို့ မမေ့ပါနဲ့ နော်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။