အမေရိကန်သည်ပထမဆုံး COVID-19 ကာကွယ်ဆေးကိုစတင်ထိုးနှံ

ဒီဇင်ဘာလ ၁၄ ရက်တွင်အမေရိကန်ပြည်ထောင်စုသည် Long Island Jewish Medical Center, New York, ဆေးဘက်ဆိုင်ရာစင်တာရှိCOVID-19 အားပြင်းထန်စွာဖျားနာနေသောသူနာပြု Sandra Lindsay ကို COVID-19 ကာကွယ်ဆေး Pfizer ကိုဆေးထိုးခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုသည်  COVID-19 ကြောင့်ပြည်သူပေါင်း ၃၀၀,၀၀၀ သေဆုံးမှုနှင့်ရင်ဆိုင် နေရပါတယ်။အမေရိကန်ပြည်ထောင်စုတွင်လူဦးရေသန်းပေါင်း ၃၃၀ ရှိနေပါတယ်။

ထို့ကြောင့်တစ်ကြိမ်တည်းကိုကာကွယ်ဆေး ၂ကြိမ်ထိုးပေးဖို့အတွက်မလုံလောက်နိုင်သဖြင့်ယခုအခါအမေရိကန်သည်ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများနှင့်သက်ကြီးရွယ်အိုများကိုအဓိကထား၍ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

အကြောင်းမှာသူတို့ရဲ့အလုပ်အကိုင်များနှင့်အသက်အရွယ်သည်ပြင်းထန်သောဖျားနာမှုဝေဒါနာများအတွက် အန္တရာယ်များသောကြောင့်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုတွင်ပထမဆုံးကာကွယ်ဆေးထိုးထားသော Lindsay က သူမဟာရောဂါပျောက်ကင်းနေပြီဟုခံစားခဲ့ရပြီး၎င်းသည်အမေရိကန်သမိုင်းတွင်အလွန်နာကျင်ဖွယ်ကာလ၏ဆုံးသတ်အတွက် ခြေလှမ်းအစအဖြစ်မှတ်ယူလိမ့်မည်ဟုမျှော်လင့်နေပါတယ်။

 

Covid-19 ရောဂါကိုအဆုံးသတ်ဖို့မျှော်လင့်ချက်များလား? ဒီဇင်ဘာလ ၁၄ ရက်တွင်အမေရိကန်ပြည်ထောင်စုသည် Long Island Jewish Medical Center, New York, ဆေးဘက်ဆိုင်ရာစင်တာရှိCOVID-19 အားပြင်းထန်စွာဖျားနာနေသောသူနာပြု Sandra Lindsay ကို COVID-19 ကာကွယ်ဆေး Pfizer ကိုဆေးထိုးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ Donald Trump က ဤသတင်းကောင်းကို Tweet လုပ်ခဲ့ပြီး လိုင်စင်ရပထမဆုံးကာကွယ်ဆေးအတွက်  ဂုဏ်ယူကြောင်းနှင့် ကမ္ဘာတစ်ဝှမ်း အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီဇင်ဘာ ၁၁ ရက်နေ့ သောကြာနေ့တွင်အမေရိကန် FDA သည် COVID-19 ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုသို့ဖြန့်ဝေရန်အတွက်အမေရိကန် FDA မှ Pfizer ၏အရေးပေါ်ကာကွယ်ဆေးကိုအတည်ပြုခဲ့ပါတယ်။

COVID-19 ကူးစက်ပျံ့နှံ့မှုကိုအဆုံးသတ်ရန်နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်ရန်အတွက် ၀ါရှင်တန်ဒီစီ၊ ဂျော့ခ်ဝါရှင်တန်တက္ကသိုလ်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား ၅ ဦး နှင့်အတူ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကာကွယ်ဆေးထိုးခြင်းအခမ်းအနားကိုတရားဝင်ပြုလုပ်ခဲ့ပါတယ်။

Pfizer သည် ၁၉၇၇ ခုနှစ်တွင် ကာကွယ်ဆေးသန်း ၅၀ အထိထုတ်လုပ်နိုင်ပြီး ၂၀၂၁ ခုနှစ်တွင် နောက်ထပ်သန်းပေါင်း ၁၃၀၀ ခန့်ကိုအမေရိကန်ပြည်ထောင်စု၌ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချီနိုင်ရန် ကာကွယ်ဆေးကိုပိုမိုထုတ်လုပ်လိမ့်မည်ဖြစ်ပါတယ်။ မေလ ဒါမှမဟုတ် သြဂုတ်လအထိကြာနိုင်ပြီး အမေရိကန်များအနေဖြင့် COVDI-19 ကိုဆက်လက်တိုက်ခိုက်ရန်လိုအပ်နေပါတယ်။သို့သော်အနည်းဆုံးတော့လူတိုင်းဟာ မကြာခင်မှာလုံခြုံမှုရှိလိမ့်မည်ဟုမျှော်လင့်ချက်ရှိနေပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲ့နော်…။