Brydge က update လုပ်ထားတဲ့ Surface Pro 8 အသစ် အတွက် Wireless Keyboard

Brydge က အလွန် ကောင်းမွန်တဲ့ iPad keyboards များ စာရင်းတွင် လူသိ များသော accessories manufacturer တစ်ယောက် ဖြစ်ပါတယ်။ Brydge ဟာ Microsoft ၏ အသစ် ကြေငြာ ထားသော Surface Pro 8 အတွက် wireless keyboard နှင့် Thunderbolt 4 dock အသစ် တစ်ခုကို ကြေငြာ ခဲ့ပါတယ်။

Brydge SP Plus keyboard ဟာ ကုမ္ပဏီ၏ ရှိပြီးသား Surface keyboards တွေနှင့် ဆင်တူ သော်လည်း Microsoft ရဲ့ ပြန်လည် ဒီဇိုင်း ထုတ်ထားတဲ့ Tablet အတွက် အံဝင် ခွင်ကျ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ Keyboard features ဟာ battery life က six months အထိ ၊ backlighting ၊ via Bluetooth 5.0 နှင့် ချိတ်ဆက်နိုင်ပြီး 4 x 2.2 inches အရွယ်အစား ရှိသော trackpad တစ်ခု ပါရှိ ပါတယ်။

Microsoft ၏ first-party version ထက် Brydge’s keyboard ကို အသုံးပြု ရခြင်း၏ အားသာချက်ဟာ များစွာသော traditional laptop form factor ပါ၀င်တဲ့ ကွန်ပျူတာ တစ်လုံး နှင့်အတူ လူများစွာက သယ်ဆောင်ရတာ လွယ်ကူစေတဲ့ ခရီးသွားတဲ့ အခါ ယူဆောင်သွားဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ သုံးရတာ ပိုမို လွယ်ကူ စေပါတယ်။ Microsoft keyboard နဲ့ မတူတဲ့ အချက်ကတော့ Microsoft ၏ official keyboard ဟာ ပုံမှန်အားဖြင့် စားပွဲများ ( desks ) ကဲ့သို့ ပြားသော မျက်နှာပြင်များ ( flat surfaces ) ပေါ်တွင် အကောင်းဆုံး အလုပ် လုပ်ပါတယ်။

Keyboard နှင့်အတူ Brydge က Stone Pro TB4 ဟု ခေါ်သော Thunderbolt 4 အထိုင် ( Thunderbolt 4 dock ) အသစ်ကို လည်း ကြေငြာ လိုက်ပါတယ်။ ၎င်းတွင် power 90W အထိ ထောက်ပံ့ ပေးစွမ်း နိုင်တဲ့ အရာ တစ်ခု အပါအ၀င် 8K/30Hz display တစ်ခု ( သို့မဟုတ် ) 4K/60Hz display နှစ်ခု အထိ support ပေးပြီး Thunderbolt 4 port လေးခု ပါ၀င် ပါတယ်။ ၎င်းနှင့်အတူ USB Type-A port လေးခု ၊ gigabit Ethernet နှင့် SD card slot တို့ ပါ၀င် ပါတယ်။ dual-monitor USB-C Thunderbolt 4 အထိုင် အသစ် တစ်လုံးလည်း ပါရှိ ပါတယ်။

Brydge SP Plus က အောက်တိုဘာ လ ၄ ရက် သတ္တပတ်တွင် စတင် ပို့ဆောင် ပေးမှာ ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ က စတင်ပြီး မြန်မာငွေ ၂ သိန်း ၅ သောင်း ၀န်းကျင် ( $139.99 ) ဖြင့် ကြိုတင် မှာယူ နိုင်ပြီပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ Stone Pro TB4 dock အသစ် ကို နိုဝင်ဘာလတွင် တင်ပို့ပေးမှာ ဖြစ်ပြီး ၎င်းက မြန်မာငွေ ၆ သိန်း ၂ သောင်း ၀န်းကျင် ( $349.99 ) ရှိပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။