Bigger 13-inch 120Hz display နှင့် Thunderbolt တို့ ပါ၀င်တဲ့ Surface Pro 8

Microsoft က 2014 ခုနှစ်တွင် Surface Pro 3 နောက်ပိုင်း ၎င်း၏ Intel-powered Surface Pro lineup မှာ အကြီးမားဆုံး အဆင့် မြှင့်တင်မှု ဖြစ်တဲ့ Surface Pro 8 ကို မနေ့က ကြေငြာ ခဲ့ပါတယ်။ Surface Pro ၏ ဒီဇိုင်း အပြောင်းအလဲများကို ခုနစ်နှစ်ကြာ ပြီးမှ မြင်ခဲ့ရတဲ့ အချိန်မှာတော့ Surface Pro 8 ဟာ ပါးလွှာသော bezels တွေ ပါ၀င်တဲ့ 120Hz display ၊ Thunderbolt 4 support နှင်ံ့ အဆင့်မြှင့် ထားသော Surface Slim Pen 2 ကို သေသပ်စွာ တပ်ဆင်ထားသော keyboard အသစ် တစ်ခု တို့နဲ့ ထွက်ရှိလာ ခဲ့ပါတယ်။

Microsoft ၏ Surface Pro 8 က Surface Pro X ၏ အကောင်းဆုံး အစိတ်အပိုင်း အများစုကို ယူပြီး Intel chip နှင့် တွဲထား ပါတယ်။ ၎င်းဟာ လူအများ နှစ်ပေါင်း များစွာ မျှော်လင့် စောင့်ဆိုင်း ခဲ့ရတဲ့ Surface Pro တစ်ခုပဲ ဖြစ်ပါတယ်။

Microsoft က သတ်မှတ်ထားတဲ့ 13-inch PixelSense Flow Display ဟာ အခြား Surface Pro devices အများစုတွင် တွေ့ရသော 12.3-inch display ထက် ပိုကြီးပြီးတော့ ပိုပြီး မြင့်တဲ့ resolution လည်း ပါရှိ ပါတယ်။

တကယ်တော့ ၎င်းဟာ အရင်ကထက် ၁၁ ရာခိုင်နှုန်း ပိုကြီးပြီး ၁၂.၅ ရာခိုင်နှုန်း ပိုမို တောက်ပမှု နှင့် ၁၁ ရာခိုင်နှုန်း ပိုပြီး မြင့်မားတဲ့ resolution ပါရှိတယ်လို့ Microsoft က ပြောထားပါတယ်။ Display က Dolby Vision နှင့် Adaptive Color Technology တို့ကိုလည်း support ပေးပါတယ်။ Microsoft က ၎င်းကို “the most technically advanced display we’ve ever built.” ဟု ဆိုထားပါတယ်။

ပိုမိုကြီးမားတဲ့ display ဟာ Surface Pro 8 ၏ ဘေးနှစ်ဖက်ရှိ bezels များကို လျှော့ချ ပေးပြီး ၎င်းက Surface Pro X နှင့် ပိုပြီး နီးစပ် ပါတယ်။ ဒါပေမယ့် Pro 8’s display ၏ အရေး အကြီးဆုံး အစိတ်အပိုင်းမှာ 120Hz ပဲ ဖြစ်ပါတယ်။ ၎င်းဟာ ပုံမှန်အားဖြင့် 60Hz ဖြင့် လည်ပတ် နေသော်လည်း display က touch (သို့မဟုတ်) stylus tasks များအတွက် dynamically 120Hz အထိ ရရှိပါ လိမ့်မယ်။

The Surface Pro 8 has a larger 13-inch display. Image: Microsoft

The different Surface Pro 8 modes. Image: Microsoft

Surface Pro 8 က Windows 11 ၏ Dynamic Refresh Rate feature အသစ်ကို အသုံးပြု ပါလိမ့်မယ်။ Dynamic Refresh Rate ဟာ Apple ၏ မြင့်မားသော refresh rate ProMotion display များနှင့် ဆင်တူပြီး ၎င်းက tasks တွေပေါ် မူတည်၍ ခြားနားတဲ့ refresh rate တွေအကြား အတက်အကျ ပြောင်းလဲစေ ပါတယ်။ Microsoft က အဲ့ဒီ Surface Pro 8 display အသစ်ကို အဓိက အားဖြင့် device ပေါ်တွင် inking performance ကို မြှင့်တင်ဖို့ နှင့် touch-based scrolling ကို ပိုမို ချောမွေ့ စေပါတယ်။

ကွဲပြား ခြားနားတဲ့ Surface Pro Signature Keyboard မှာ Surface Pro X တွင် တွေ့ရတဲ့ keyboard နှင့် stylus combo တို့နဲ့ ဆင်တူသော Surface Slim Pen 2 အသစ် တစ်ခုလည်း ပါ၀င် ပါတယ်။ Stylus က keyboard base တွင် အားသွင်းပြီး စက္ကူပေါ်တွင် စာရေးနေသလိုမျိုး ခံစားချက်ကို ပုံတူပွားဖို့ ကြိုးစားသော built-in haptic motor တစ်ခု ပါ၀င် ပါတယ်။ ပြန်လည် ဒီဇိုင်းထုတ်ထားသော tip တစ်ခု၏ ကျေးဇူးကြောင့် ဤ stylus အသစ်ဟာ latency ကို လျှော့ချ ပေးပြီး ပိုမို တိကျ စေပါတယ်။

The Surface Pro 8 keyboard houses the new Surface Slim Pen 2. Image: Microsoft

Surface Pro 8 က အတွင်းပိုင်း ဘက်မှာ, ပို၍ စိတ်ဝင်စားစရာ ကောင်းလာ ပါတယ်။ Microsoft က နောက်ဆုံးမှာတော့ Thunderbolt 4 ကို support ပေးပြီး aging USB-A port ကို ဖယ်ရှား လိုက်ပါတယ်။ Pro 8 ဟာ USB-C Thunderbolt 4 port နှစ်ခု နှင့် အားသွင်းဖို့ ပုံမှန် Surface Connect port ပါ၀င် ပါတယ်။

ဆိုလိုချင်တာ ကတော့ Surface Pro 8 ကို multiple 4K displays နှင့် ချိတ်ဆက် နိုင်ပြီး၊ high-speed external storage ကို သုံးထားပါတယ် (သို့မဟုတ်) ဤ Tablet ကို gaming PC တစ်ခု အဖြစ် ပြောင်းဖို့ external GPU တစ်ခုနှင့်ပင် ချိတ်ဆက် နိုင်တယ်ဟု ဆိုလိုတာပဲ ဖြစ်ပါတယ်။

Surface Pro 8 က 11th Gen quad-core Intel Core i5 နှင့် Core i7 processors နှစ်ခု အကြား ရွေးချယ်မှု တစ်ခု ရရှိပါ လိမ့်မယ်။ Commercial ဘက်မှာ Core i3 option နှင့် LTE models များလည်း ရှိပါလိမ့်မယ်။ Base model တွင် RAM 8GB နှင့် storage 128GB ပါ၀င်မှာ ဖြစ်ပြီး RAM 32GB နှင့် storage 1TB အထိ ပါ၀င်မှာပဲ ဖြစ်ပါတယ်။ Microsoft က Surface Pro 8 ဟာ Surface Pro 7 ထက် ၄၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်ပြီး CPU performance နှင့် Graphics ပိုင်းတွင် ၇၄ ရာခိုင်နှုန်း ပိုမို မြန်ဆန်ကြောင်း ပြောကြား ခဲ့ပါတယ်။

Surface Pro 8 နှင့် ပတ်သက်ပြီး big question မှာ battery life ပဲ ဖြစ်ပါတယ်။ Microsoft က ၎င်းဟာ ၁၆ နာရီ ကြာလိမ့်မည်ဟု ပြောသော်လည်း ထိုခန့်မှန်းချက်များက real-world မှာ အသုံးမ၀င်ပါဘူး။

Microsoft က Surface Pro 8 အတွက် ကြိုတင် မှာယူမှုကို 2021 ခုနှစ် September 22 ရက်နေ့က စတင် လက်ခံ နေပြီး October 5 ရက်နေ့တွင် မြန်မာငွေ ၁၉ သိန်း 6 သောင်းနီးပါး ( $1,099.99 ) ဖြင့် ရောင်းချ ပေးမှာပဲ ဖြစ်ပါတယ်။

Inking on the Surface Pro 8. Image: Microsoft

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။