Web3 နှင့် Blockchain – သိထားသင့်တဲ့အချက်များ

Blockchain

အခုခေတ်မှာ Web3 ဆိုတဲ့ အင်တာနက်နည်းပညာအသစ်တစ်ခု စပေါ်လာပါတယ်။ Web3 နဲ့ ပတ်သက်ပြီး Blockchain ဆိုတဲ့ နည်းပညာက အရေးကြီးပြီး လူတိုင်းသိထားသင့်ပါတယ်။

ဒီနည်းပညာကြောင့် ဒေတာတွေကို ကိုယ်တိုင်လွတ်လပ်စွာထိန်းချုပ်နိုင်ပြီး ပိုမိုလုံခြုံ လာပါတယ်။

Blockchain ဆိုတာဘာလဲ?

Blockchain ဟာ ဒေတာတွေကို လုံခြုံပြီး ထင်ရှားတဲ့နည်းလမ်းနဲ့ သိမ်းဆည်းပေးတဲ့ နည်းပညာတစ်ခုပါ။ စာအုပ် (ledger) တစ်ခုလိုဖြစ်ပြီး၊ တစ်နေရာတည်းမှာမထားဘဲ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ကွန်ပျူတာတွေမှာ ကူးပြောင်းထားတာဖြစ်ပါတယ်။

Blockchain ဘယ်လိုအလုပ်လုပ်သလဲ?

  • Block တွေ
    Block-chain က block တွေစုစည်းထားတာဖြစ်ပြီး၊ block တစ်ခုမှာ transaction (ငွေလွှဲမှု၊ အချက်အလက်) များသိမ်းထားပါတယ်။ စာအုပ်စာမျက်နှာလိုပါပဲ။

  • Chain (ချိတ်ဆက်မှု)
    Block တွေကို တစ်ခု နဲ့ တစ်ခု ချိတ်ဆက်ထားတာကြောင့် “block-chain” လို့ခေါ်ကြတာပါ။

  • Decentralization (အမှတ်တရမရှိတဲ့သိမ်းဆည်းမှု)
    ဒီ block-chain ကို တစ်နေရာတည်းမှာမထားပဲ ကမ္ဘာပေါ်ရှိ ကွန်ပျူတာပေါင်းများစွာမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် user တစ်ယောက်တည်းက ဒေတာတွေကို ပြောင်းလဲဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး။

  • လုံခြုံမှုနဲ့ ထင်ရှားမှု
    ဒေတာအသစ်တွေထည့်ရန်မတိုင်မီ ကွန်ပျူတာ နဲ့ userတစ်ဦးကိုတစ်ဦး အတည်ပြုမှုလုပ်ရပါတယ်။ ဒီအတည်ပြုမှုမှာ ရှုပ်ထွေးတဲ့ သင်္ချာနဲ့ ကုဒ်စနစ်များကို အသုံးပြုတာဖြစ်ပြီး၊ မှားယွင်းတာမရှိဖို့စစ်ဆေးပါတယ်။

  • ပြောင်းလဲလို့မရခြင်း (Immutability)
    Block-chain ထဲမှာ တစ်ကြိမ် ထည့်ပြီးတဲ့ဒေတာတွေကို ပြန်ပြောင်းခြင်း၊ ဖျက်ခြင်း မလုပ်နိုင်တော့ပါဘူး။ ဒီအတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်။

Block-chain ဘာကြောင့်အရေးကြီးတာလဲ?

Block-chain အရေးကြီးတဲ့အကြောင်းကတော့၊ ဘဏ်လိုမျိုး third partyတစ်ခုမလိုဘဲ လုပ်ငန်းငွေလွှဲလုပ်ဆောင်နိုင်တာကြောင့်ပါ။ အသုံးပြုသူနှစ်ဦးစလုံး သဘောတူမှသာ လုပ်ငန်းငွေလွှဲတစ်ခုကို ဆောင်ရွက်နိုင်ပါတယ်။ ငွေလွှဲပြီးသွားတဲ့အခါ ပြန်ပြင်ဖို့မလွယ်တတ်ပါဘူး။ ဒေတာတွေကလည်း လုံခြုံမှုအလွန်မြင့်ပြီး၊ တစ်ဦးတည်းက ဆုံးဖြတ်ပြီး လုပ်ငန်းငွေလွှဲလုပ်ခြင်းမျိုးလည်း မဖြစ်နိုင်ပါ။block-chain က ဘဏ်၊ third party စတဲ့ ကြားခံမလိုဘဲ users အချင်းချင်း ယုံကြည်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Users ၂ ယောက်လုံး ဟာ block-chain ကြောင့် transition အချက်အလက်တွေကို ၂ဦးလုံးမြင်ရပါတယ်။ အမှားပြုခြင်း၊ ခိုးယူခြင်း အလွန်ခက်ခဲစေပါတယ်။

Block-chain နည်းပညာကို ဘယ်မှာအသုံးပြုကြသလဲ?

Block-chain ၏ တကယ်ကြုံတွေ့ရသော အသုံးချမှုများ

Cryptocurrency – Bitcoin နဲ့ အခြားသော ဒစ်ဂျစ်တယ်ငွေကြေးများသည် block-chain နည်းပညာ၏ အကျော်ကြားဆုံးအသုံးချမှုဖြစ်သည်။

Supply Chain – ထုတ်ကုန်များ၏ transport ခရီးစဉ် ကို ခြေရာခံ ပြီး ထုတ်ကုန် စစ်မှန်မှုအတည်ပြုခြင်းနှင့် မသမာမှုများကိုကာကွယ်ခြင်း။

Healthcare – လူနာမှတ်တမ်းများကိုလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် မျှဝေရန်။

Real Estate – ပိုင်ဆိုင်မှုအရောင်းအဝယ်လုပ်ငန်းများကို ရိုးရှင်းစွာနှင့် လုံခြုံစွာလုပ်ဆောင်ခြင်း။

Voting Systems – မဲပေးရေးလုပ်ငန်းစဉ်များကို ဖောက်ထွင်းမြင်သာပြီး လိမ်လည်မှုမရှိစေသော နည်းလမ်းဖြင့် ဆောင်ရွက်နိုင်စေရန်။

Block-chain in Web3

Web3 ဆိုတာ အသုံးပြုသူတွေအတွက် ပိုမိုလွတ်လပ်ပြီး တိကျသေချာတဲ့ decentralized (ထိန်းချုပ်မှုမရှိတဲ့) အင်တာနက် web ပတ်ဝန်းကျင်တစ်ခုပါ။ အဲဒီ Web3 ထဲမှာ Block-chain ဟာ အဓိကအခန်းကဏ္ဍ ပါဝင်နေပါတယ်။ ယခင် Web2 အစီအမံမှာအကြောင်းအရာတွေကို Google, Facebook လိုအဖွဲ့အစည်းကြီးတွေအပေါ်မှီခိုနေခဲ့သော်လည်း Web3 မှာတော့ Block-chain ကြောင့် အသုံးပြုသူတွေဟာ ကိုယ့်အချက်အလက်ကိုကိုယ် ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။

Web3 မှာ ဘာတွေ လုပ်နိုင်လဲ?

Web3 က ဘယ်အရာတွေ လုပ်နိုင်သလဲဆိုတာကို လွယ်လွယ်နဲ့ရှင်းပြမယ်။

၁။ Digital Asset (ဒစ်ဂျစ်တယ်ပစ္စည်း) ကို ကိုယ်ပိုင်ပိုင်ဆိုင်နိုင်တယ်

Bitcoin, Ethereum တို့လို cryptocurrency တွေ၊ NFTs (ပုံ၊ သီချင်း၊ ဗီဒီယို၊ ဂိမ်းအတွင်း item များ) တို့ကို ကိုယ်ပိုင်လက်ဝယ်ထိန်းထားနိုင်ပါတယ်။

၂။ Bank မလိုဘဲ ငွေလွှဲလုပ်နိုင်တယ် (DeFi)

ဘဏ်မလိုဘဲ Crypto ကို သုံးပြီး ငွေချေး၊ ငွေလှူဒါန်း၊ ရင်းနှီးမြှုပ်နှံမှု စနစ်များကို သုံးနိုင်ပါတယ်။

၃။ ကိုယ်ကိုယ်တိုင် NFT ဖန်တီးပြီး ရောင်းနိုင်တယ်

အနုပညာရှင်တွေ၊ တေးရေးသူတွေက ကိုယ်တိုင် NFT တင်ပြီး ဝယ်သူတွေဆီ တိုက်ရိုက်ရောင်းချနိုင်ပါတယ်။

၄။ DAO မှာ ပါဝင်နိုင်တယ်

DAO (Decentralized Autonomous Organization) ဆိုတာ ပုံမှန်လုပ်ငန်းတွေရဲ့ အုပ်ချုပ်မှုကို အသုံးပြုသူတွေနဲ့ တာဝန်မျှဝေထားတဲ့ group တွေပဲဖြစ်ပါတယ်။ မဲပေးပြီး ဆုံးဖြတ်ချက်တွေလုပ်နိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ပိုင် Digital Identity ရှိနိုင်တယ်

Facebook, Google နဲ့မသုံးတော့ဘဲ ကိုယ့် wallet (Metamask စတဲ့ crypto wallet) ကို အသုံးပြုပြီး login လုပ်နိုင်ပါတယ်။

၆။ Block-chain ဂိမ်းတွေကနေ ပိုက်ဆံရှာနိုင်တယ်

Play-to-Earn game တွေက block-chain နည်းပညာကိုသုံးထားပြီး ကစားရင်း အခကြေးငွေ ရဖို့လည်းအခွင့်အလမ်းရှိပါတယ်။

၇။ DApps (Decentralized Applications) ဖန်တီးနိုင်တယ်

Developer ဖြစ်တယ်ဆိုရင် traditional server မလိုဘဲ block-chain အပေါ်မှာ တည်ဆောက်ထားတဲ့ app တွေ ဖန်တီးနိုင်ပါတယ်။

စက်မှုလုပ်ငန်းတွေအတွက် Block-Chain အသုံးချမှု

နည်းပညာသတင်းတွေကို နေ့စဉ်မဖတ်ရင်တောင် အကြိမ်ကြိမ်ကြားဖူးကြမှာပါ – Block-chain သတင်း တွေက တဖြည်းဖြည်းနဲ့ ဘဝအပေါ်သက်ရောက်လာနေပါပြီ။

ပြောရရင်—

  • ကုန်ပစ္စည်းပို့ဆောင်ရေးမှာ ပစ္စည်းလမ်းကြောင်းအမှန်ကို ပြသနိုင်ပါတယ်။

  • ဆေးဘက်နယ်ပယ်မှာ လူနာအချက်အလက်ကို လုံခြုံစွာ ထိန်းသိမ်းနိုင်ပါတယ်။

  • အိမ်ခြံမြေလုပ်ငန်းမှာစာရွက်စာတမ်းအနည်းငယ်နဲ့ပဲ ပိုင်ဆိုင်မှုလွှဲပြောင်းနိုင်ပါတယ်။

ဒါကြောင့် ကြီးမားတဲ့ကုမ္ပဏီတွေနဲ့ အစိုးရတွေကပါ Block-chain နဲ့စမ်းသပ်သုံးစွဲလာကြပါတယ်။ မြန်မာနိုင်ငံမှာတောင် စီးပွားရေးလုပ်ငန်းသေးသေးလေးတွေအတွက် Block-chain အသုံးပြုဖို့ စဉ်းစားလာကြပါပြီ။

နိဂုံးချုပ်

နည်းပညာကမ္ဘာဟာ တဖြည်းဖြည်းနဲ့ Web3 ဘက်ကို ကူးပြောင်းလာပါတယ်။
ဒီအပြောင်းအလဲရဲ့အလယ်မှာ Block-chain ဆိုတဲ့ အမြစ်ခိုင်တဲ့နည်းပညာက ရှိနေပါတယ်။

အရင်အချိန်တွေမှာ ဒေတာတွေကို ဘဏ်တွေ၊ အဖွဲ့အစည်းတွေ ထိန်းချုပ်တာဖြစ်ပါတယ်။ Web3 ကတော့ Block-chain ကြောင့် ဒေတာကို ကိုယ်တိုင်ပိုင်ဆိုင်နိုင်စေပါတယ်။ ဘဏ်မလိုတော့ပဲ ကိုယ့်အချင်းချင်းယုံကြည်မှုနဲ့ အလုပ်လုပ်နိုင်ပါတယ်။ ဒါကြောင့် Web3 အနာဂတ်မှာ လူတိုင်းအတွက် အခွင့်အလမ်းအသစ်တွေဖွင့်ပေးနိုင်ပါတယ်။

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

reference website : Fusion Solution

သင်ကျွန်ုပ်တို့နှင့်ဆက်သွယ်လိုပါက ဤနေရာကို နှိပ်ပါ

Related Articles