Beats Studio Buds Wireless နားကြပ် ကို စတင်မိတ်ဆက်

Beats သည် Beats Studio Buds အသစ်ကို ဖြန့်ချိလိုက်ပြီး Powerbeats Pro နောက်တွင် True Wireless နားကြပ် ၏ ဒုတိယ မျိုးဆက်သစ်ကို ထုတ်လုပ်လိုက်ပါတယ်။ Studio Buds သည် ယခင် Powerbeats Pro ထက် များစွာ ကွဲပြားခြားနားပြီး ကျစ်လစ် သိပ်သည်းသော ဒီဇိုင်းရှိသည်။ နားချိတ်များနှင့် နားဘူးများမရှိခြင်းကြောင့် ၎င်းသည် အလွန်ပေါ့ပါးပြီး သက်တောင့်သက်သာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Studio Buds နားကြပ်များတွင် Active Noise Cancellation၊ IPX4 ရေစိုခံ နှင့် ချွေးစိုခံနိုင်ခြင်း စသည်တို့ ပါ ၀ င်ပါတယ်။ ၅ မိနစ် အားသွင်းပြီး ၁ နာရီအထိ အသုံးပြုနိုင်ပါတယ်။တစ်ခါအားသွင်းရုံဖြင့် ၈ နာရီအထိ အသုံးပြု နိုင်ပါတယ်။ အားသွင်းရန် USB-C ကို အသုံးပြုခြင်း ၊ ကြိုးမဲ့အားသွင်းခြင်းတို့ ပါ၀င်ပါတယ်။

စိတ်ဝင်စားစရာမှာ Beats သည် Studio Buds နှင့်အတူ iOS နှင့် Android features နှစ်ခုစလုံးမှာ အသုံးပြု နိုင်ပါတယ်။ iPhone တွင် သုံးစွဲသူများသည် AirPods ကဲ့သို့ မြန်မြန် ဆန်ဆန် ချိတ်ဆက်နိုင်ပြီး “Hey Siri” Command များကို လုပ်ဆောင် နိုင်ပါတယ်။

Android တွင် Beats သည် Fast Pair နှင့် Google’s Find My Device features များဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ Beats သည် 8.2-millimeter drivers ရှိသော Studio Buds အတွက် acoustic architecture ဒီဇိုင်းသစ် နှင့်အတူ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

Beats Studio Buds ၏ စျေးနှုန်းကတော့ $149.99 (မြန်မာ ငွေကျပ် ၂ သိန်း ၄ သောင်း ၀န်းကျင်) ဖြစ်ပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့တွင် စတင် ရောင်းချ သွားမည်ဟု သိရပါတယ်။၎င်းသည် AirPods Pro ထက် $100 (မြန်မာ ငွေကျပ် ၁ သိန်း ၆ သောင်း ၀န်းကျင်) ခန့် သက်သာသော စျေးနှုန်းဖြင့် စတင် ရောင်းချပါတယ်။ Beats Studio Buds သည် အရာင်တွေအနေနဲ့လဲ Red၊ Black နဲ့ White ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ပြီးတော့ ၎င်းသည် iOS Device တွေတွင်မဟုတ်ဘဲ Android Device တွေပါ အသုံးပြုနိုင်သောကြောင့် ရွေးချယ် အသုံးပြုသင့်သည့် နားကြပ် အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။