Australian PM က Social Platforms တွေအား Trolls တွေ မပြုလုပ်ဖို့ အတင်းအကျပ် Defamation laws ကို အဆို တင်သွင်း

Australian Prime Minister Scott Morrison က trolls တွေရဲ့ အထောက် အထား တွေကို ထုတ်ဖော်ဖို့ online platforms များကို အတင်း အကြပ် တွန်းအား ပေးသော ( သို့မဟုတ် ) အသရေဖျက်မှု ( defamation) အတွက် ငွေ ပေးဆောင် ရစေမယ့် အသရေဖျက်မှု ဥပဒေ အသစ် ( defamation laws ) ကို မိတ်ဆက် ခဲ့ပါတယ်။

ABC News Australia မှ ရှင်းပြ ထားတဲ့ အတိုင်း၊ ဥပဒေ ( laws ) တွေဟာ သုံးစွဲသူတွေ အပေါ် အသရေ ဖျက်တဲ့ comments တွေ ( defamatory comments ) အတွက် တာ၀န် ယူရမည့် Facebook ( သို့မဟုတ် ) Twitter တို့ ကဲ့သို့ social platforms တွေကို ထိန်းထားခြင်းပဲ ဖြစ်ပါတယ်။

Platforms တွေဟာ အသရေ ဖျက်မှု ရဲ့ victim တစ်ခု ဖြစ်တယ်လို့ ယူဆ ပါက လူတွေ အသုံးပြု နိုင်တဲ့ တိုင်ကြားမှု စနစ် ( complaint system ) ကိုလည်း ဖန်တီး ရမှာပဲ ဖြစ်ပါတယ်။ ဤ process ရဲ့ တစ်စိတ် တစ်ပိုင်း တစ်ခု အနေဖြင့် ၊ အသရေဖျက် နိုင်တဲ့ အကြောင်းအရာ ( defamatory content ) တွေကို post တင်သူ အား ၎င်းကို ဖယ်ရှားပေးဖို့ တောင်းဆို ပါတာပဲ ဖြစ်ပါတယ်။

သို့သော် ထိုသူ တို့က ငြင်းဆို ပါက ( သို့မဟုတ် ) တရားခံ က ဥပဒေ အရ အရေး ယူချင်တာ ဆိုပါက ၊ platform က poster အား ၎င်းတို့ရဲ့ ဆက်သွယ်ရန် အချက်အလက် ( contact information ) များကို ဖော်ပြဖို့ ခွင့်ပြုရန် တရားဝင် တောင်းဆို နိုင်မှာပဲ ဖြစ်ပါတယ်။

အကယ်၍ platform က poster ရဲ့ သဘော တူညီချက် ( poster’s consent ) ကို မရရှိ နိုင်ပါက ၊ ဥပဒေများဟာ အသုံးပြုသူရဲ့ အထောက်အထား ကို ခွင့်ပြုချက် မရှိဘဲ ထုတ်ဖော် ပြသ နိုင်စေမယ့် tech giants တွေကို “end-user information disclosure order,” တစ်ခုနဲ့ မိတ်ဆက် ပေးမှာပဲ ဖြစ်ပါတယ်။ အကယ်၍ platforms များမှ troll များကို ဘာအကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် မဖော်ထုတ် နိုင်ဘူး ဆိုရင် (သို့မဟုတ်) platforms တွေက ပြတ်ပြတ် သားသား ငြင်းဆန်နေတယ် ဆိုရင် troll’s defamatory comments အတွက် ကုမ္ပဏီမှ ပေးဆောင် ရမှာပဲ ဖြစ်ပါတယ်။ ဥပဒေက Australia မှာသာ သီးသန့် ဖြစ်တာကြောင့် social networks များက အခြား နိုင်ငံများတွင် ရှိတဲ့ troll များကို ခွဲခြား သတ်မှတ်ဖို့ မလိုအပ် တော့ကြောင်း တွေ့ရှိ ရပါတယ်။

“The online world should not be a wild west where bots and bigots and trolls and others are anonymously going around and can harm people,” ဟု Morrison က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြား ခဲ့ပါတယ်။ “That is not what can happen in the real world, and there is no case for it to be able to be happening in the digital world”.

ABC News Australia မှ မှတ်ချက် ပြုထားတဲ့ အတိုင်း “anti-troll” ဥပဒေ မူကြမ်းကို ယခု တပတ်တွင် မျှော်လင့် ထားပြီး လာမည့်နှစ် အစ အထိ လွှတ်တော်( Parliament ) သို့ မရောက် နိုင်သေးပါ။ platforms များအား မည်သည့် အသေးစိတ် အချက်အလက် များကို စုဆောင်း ထုတ်ဖော် ခိုင်းမယ် ဆိုတာကို မရှင်းလင်း သေးပါ။ ဒီ့ထက် ပိုပြီးတော့ စိုးရိမ်စရာ ကောင်းတာကတော့ တစ်စုံတစ်ဦး၏ အထောက် အထားကို ထုတ်ဖော် ပြသဖို့ အတွက် အသရေ ဖျက်မှုမှာ ဘယ်လောက် တိတိကျကျ ဖြစ်ရမယ် ဆိုတာကို ကျွန်ုပ်တို့ မသိကြရ သေးပါ။ အသရေဖျက်ခြင်း ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ( loose definition of defamation ) ဟာ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ခြိမ်းခြောက်မှုကြီး ဖြစ်စေနိုင်ပါတယ်။

အဆိုပြု ထားတဲ့ ဥပဒေဟာ သြစတြေးလျ နိုင်ငံ၏ အသရေဖျက်မှု ဥပဒေများကို ပြန်လည် ပြင်ဆင်ဖို့ ပိုပြီး ကြီးမားလာတဲ့ ကြိုးစား အားထုတ်မှု ရဲ့ တစ်စိတ် တစ်ပိုင်းပဲ ဖြစ်ပါတယ်။ စက်တင်ဘာ လမှာ သြစတြေးလျ တရားရုံးချုပ်(Australia’s High Court ) က သတင်း ဝဘ်ဆိုက် ( news sites ) များကို ၎င်းတို့၏ လူမှု မီဒီယာ စာမျက်နှာ ( social media pages ) များတွင် public ပြုလုပ်တဲ့ အသရေဖျက်သော comments များကို “publishers” အဖြစ် သတ်မှတ်ပြီး ၎င်းတို့ အတွက် အပြစ် ပေးသင့်တယ် ဟု ဆုံးဖြတ်ခဲ့ ပါတယ်။

ဒါကြောင့် CNN ကဲ့သို့သော outlets များဟာ Australians များအား ၎င်းတို့၏ Facebook page access ကို လုံး၀ ပိတ်ထား စေခဲ့ ပါတယ် ။ ဒီလိုမျိုး စီရင်ချက် ဟာ social pages များ ပေါ်တွင် လည်ပတ် နေတဲ့ လူ တစ်ဦးချင်းစီ အတွက် သက်ရောက်မှု တွေ ရှိနိုင်ပြီး ၎င်းတို့၏ pages ပေါ်ရှိ အသရေဖျက်တဲ့ comments တွေ အတွက်လည်း တာဝန် ရှိတယ် ဟု စီရင်ချက် ချမှတ် နိုင်စေတာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။