Apple’s October ‘Unleashed’ event ကို ဘယ်လို စောင့်ကြည့်ရမလဲ ?

Apple က ၎င်း၏ နောက်ထပ် ကြီးမားတဲ့ hardware event ကို အောက်တိုဘာ လ ၁၈ ရက်နေ့ ဖြစ်တဲ့ ယနေ့ည မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ် ( 1PM ET / 10AM PT ) အချိန်မှာ တိုက်ရိုက် ထုတ်လွှင့်ပြီး လက်ခံ ကျင်းပ သွားမှာပဲ ဖြစ်ပါတယ်။

Event အခမ်းအနား ကို “ Unleashed” ဟု ခေါင်းစဉ် ပေးထားပြီး Apple က ဘယ်လို အရာတွေကို ဖြန့်ချိ မယ် ဆိုတာကို ကျွန်ုပ်တို့ လုံးဝ သေချာ မသိ သေးသော်လည်း invitation ပေါ်မှ dotted-font design ဟာ MacBook Pro အသစ် အတွက် မျှော်မှန်း ထားတဲ့ ပိုမို ကောင်းမွန်သော Mini LED display များ အတွက် အရိပ်အမြွက် ဖြစ်နိုင် ပါတယ်။

ပိုမို အစွမ်းထက်တဲ့ MacBook Pro အသစ် တွေဟာ 14-inch screen size နှင့် 16-inch screen size တို့ဖြင့် ထွက်ရှိ လာမှာ ဖြစ်ပြီး SD readers တွေ ၊ HDMI နှင့် MagSafe port တွေ ပါ၀င် လာနိုင် ပါတယ်။

နောက်ဆုံးမှာ Apple ဟာ AirPods အသစ် ကိုလည်း ဖြန့်ချိ လာနိုင် ပါတယ်။ macOS Monterey အတွက် ဖြန့်ချိမည့်ရက်ကိုလည်း ကျွန်ုပ်တို့ သိရမလား ဆိုတာ မျှော်လင့်လို့ ရနိုင် ပါတယ်။ iOS 15 နှင့် iPadOS 15 ကဲ့သို့ တစ်ချိန်တည်းတွင် ကြေငြာ ခဲ့သော်လည်း beta မှာပဲ ရှိပါ သေးတယ်။ ကောလဟာလ သတင်းတွေက Touch Bar ၏ နောက်ဆုံး အခြေနေကို ခန့်မှန်း ထားကြ ပါတယ်။

Apple Highlights Upcoming October 18 Event With Interactive AR Logo : Image / macrumors

APPLE “UNLEASHED” EVENT က ဘယ်အချိန်ဖြစ်မလဲ ?

အောက်တိုဘာ လ ၁၈ ရက် ၊ တနင်္လာနေ့ ၊ ယနေ့ည မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ် ( 1PM ET / 10AM PT ) အချိန်မှာ စတင်တဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှု နားဆင် နိုင်ပါတယ်။ အကယ်၍ တိုက်ရိုက် ထုတ်လွှင့်မှုကို လွဲချော်ပါက ပွဲစဉ် ပြီးဆုံး ပြီးနောက် replay ကို catch ယူပြီး ပြန်လည် ကြည့်ရှု နားဆင် နိုင်ပါ လိမ့်မယ်။

APPLE “UNLEASHED” EVENT ကို ဘယ်မှာ ကြည့်လို့ ရနိုင်မလဲ ?

Apple က ၎င်း၏ website ပေါ်မှာ stream ကို လက်ခံ ကျင်းပ ပေးမှာ ဖြစ်ပြီး YouTube မှာလည်း လွှင့်ပေးမှာပဲ ဖြစ်ပါတယ် ။ အဆင်ပြေစေမှု ရှိစေရန် YouTube stream ကို အပေါ်မှာ embedded လုပ်ပေး ထားပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။