Apple Music Voice အစီအစဉ် ကို iOS 15.2 နှင့်အတူ စတင် နိုင်ဖွယ်ရှိ

Apple Music’s new voice plan will cost $4.99 per month. Image: Apple

Apple က voice နှင့် ကုမ္ပဏီ ရဲ့ Siri assistant တို့ကို သာ အသုံးပြု၍ ဂီတ ကို သုံးခွင့် ပေးတဲ့ ပိုပြီး စျေး သက်သာတဲ့ Apple Music ရဲ့ အဆင့် ဖြစ်တဲ့ Apple Music Voice အစီအစဉ်ကို အကောင် အထည် ဖော်ဖို့ နီးစပ် နေပုံ ရပါတယ်။

MacStories အယ်ဒီတာ ချုပ် Federico Viticci ၏ ပြောဆိုချက် အရ အဆိုပါ အစီအစဉ် အသစ်က iOS 15.2 ထွက်ရှိမယ့် ကိုယ်စားလှယ်လောင်း အတွက် အပ်ဒိတ် မှတ်စု တွေမှာ ပေါ်လာမှာ ဖြစ်ပြီး မကြာမီမှာ ကျယ်ကျယ် ပြန့်ပြန့် ရရှိ နိုင်မယ်လို့ အကြံပြု ထားတယ်လို့ ဆိုပါတယ်။

Apple က ၎င်းရဲ့ အောက်တိုဘာ ပွဲမှာ Voice Plan ကို ပထမဆုံး ကြေညာ ခဲ့ပြီး ထိုအချိန်မှာ တန်းခွဲ အသစ်ကို နိုင်ငံ နှင့် ဒေသ ၁၇ ခုတွင် “ယခု ဆောင်းဦး နှောင်းပိုင်းမှာ ” ရရှိ နိုင်မယ်လို့ ပြောကြား ခဲ့ပါတယ်။ တစ်လကို $4.99 ကုန်ကျ မှာပဲ ဖြစ်ပါတယ်။

အခြားသော iOS 15.2 beta တွင် နောက်ဆုံး ထွက်ရှိမယ့် အင်္ဂါရပ် အသစ် အချို့လည်း ပါဝင် ပါတယ် ။ တစ်ခုက သေဆုံး သွားတဲ့ အခါမှာ iCloud ဒေတာကို ဝင်ရောက် အသုံးပြု နိုင်တဲ့ Legacy Contact တစ်ခု ကို သတ်မှတ် ပေးနိုင်တာပဲ ဖြစ်ပါတယ် ။

နောက် တစ်ချက်မှာ Messages App ကို အသုံးပြုတဲ့ ကလေးတွေ အတွက် အဝတ်မပါတဲ့ ကလေး ပုံလေး တွေကို မှုန်ဝါး စေတဲ့ Communication Safety feature အင်္ဂါရပ်မှာ ယခုနှစ် အစောပိုင်းက ကြေညာ ထားတဲ့ ဗားရှင်းနှင့် မတူဘဲ ကလေး တစ်ဦးက ပုံတစ်ပုံကို ကြည့်ရှု ပါက မိဘတွေကို အကြောင်းကြား နိုင်မှာ မဟုတ်ပါဘူး။

iPhone 13 Pro အသုံးပြု သူတွေဟာ macro mode အဖွင့် ( သို့မဟုတ် ) ပိတ်ရန် ခလုတ် တစ်ခုကို သုံးနိုင်မှာပဲ ဖြစ်ပါတယ်။ iPhone 13 DIY screen အစားထိုးမှု တွေကို ပိုပြီး လွယ်ကူ စေဖို့ အတွက် ကတိ ပြုထားတဲ့ အပြောင်းအလဲ တွေဟာ iOS 15.2 betas မှာ ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။

Apple က iOS 15.2 ( သို့မဟုတ် ) Apple Music Voice Plan အတွက် ထွက်ရှိမယ့် ရက်စွဲ နှင့် ပတ်သက်၍ မှတ်ချက် ပေးဖို့ တောင်းဆိုချက် ကို ချက်ချင်း အကြောင်း မပြန် နိုင်သေး တာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။