Apple က Q4 မှာ Chip shortage နှင့် Manufacturing delays တွေကြောင့် $6 billion ဆုံးရှုံးခဲ့တယ်လို့ Tim Cook က ပြောကြား

Illustration by Alex Castro / The Verge

Apple က ၎င်း၏ စတုတ္ထ ဘဏ္ဍာရေး နှစ် 2021 ခုနှစ် သုံးလပတ် ( fourth fiscal 2021 quarter ) အတွက် ခိုင်မာတဲ့ ဝင်ငွေ တွေကို ထုတ်ပြန် ခဲ့ပြီး ၎င်း၏ services တွေ နှင့် Mac divisions တွေ အတွက် အချိန်တိုင်း အမြင့်ဆုံး ( all-time highs ) ကို ဖော်ပြ ခဲ့ပါတယ် ။ ကုမ္ပဏီ က ဝင်ငွေ ဒေါ်လာ ၈၃.၄ ဘီလီယံ ၊ တစ်နှစ် ထက် တစ်နှစ် ၂၉ ရာခိုင်နှုန်း တိုးလာ ခဲ့ပြီး ရှယ်ယာ တစ်ခုလျှင် ဝင်ငွေ ၁.၂၄ ဒေါ်လာ ရှိပါ တယ်လို့ ကုမ္ပဏီက ပြောဆို ထားပါတယ်။ ထို ဝင်ငွေ အရေအတွက်က Wall Street မျှော်မှန်းချက် ( Wall Street expectations ) ထက် $84.85 ဘီလီယံ အထိ ရှိလာခဲ့ ပါတယ်။

CEO Tim Cook က ထောက်ပံ့ရေး ကွင်းဆက် ကန့်သတ်ချက် ( supply chain constraints ) တွေဟာ ယခု သုံးလပတ်တွင် ဘဏ္ဍာရေး ရလဒ်တွေ ( financial results ) အပေါ် သက်ရောက်မှု ရှိကြောင်း CNBC သို့ ပြောကြားခဲ့ပြီး “We had a very strong performance despite larger than expected supply constraints, which we estimate to be around $6 billion,” ဟု Cook က ပြောကြား ခဲ့ပြီး ထောက်ပံ့ရေး ဆိုင်ရာ ပြဿနာတွေကို “the industry-wide chip shortages that have been talked about a lot and COVID-related manufacturing disruptions in Southeast Asia.” လို့ ထပ်ပြီး ပြောကြား ခဲ့ပါတယ်။

Apple က ဒီဇင်ဘာ သုံးလပတ်တွင် ထောက်ပံ့ရေး ကွင်းဆက် ပြဿနာတွေမှ ပို၍ ကြီးမားတဲ့ ဆုံးရှုံးမှု ရှိနိုင်တဲ့ အကြောင်း Thursday’s earnings call အတွင်း ပြောကြား ခဲ့ပါတယ်။

ကုမ္ပဏီက iPhone 13 နှင့် 13 Pro iPad mini အသစ် ၊ ninth-gen iPad ၊ Apple Watch Series 7 ၊ third-generation AirPods နှင့် မကြာသေးမီ က အားလုံး စိတ်အား ထက်သန်စွာ မျှော်လင့် စောင့်စား နေသော Apple silicon သုံးထားတဲ့ MacBook Pro အပါအဝင် products အသစ် များစွာကို ကုမ္ပဏီ မှ မိတ်ဆက်ခြင်းဖြင့် ထင်ပေါ် နေပါတယ် ။

နောက်ဆုံး ထွက်ရှိတဲ့ iPhone တွေကို သုံးလပတ် နှောင်းပိုင်း အထိ မထုတ်ပြန် သေးသော်လည်း iPhone business တစ်ခုလုံး ဟာ အရှိန်အဟုန် ပြင်းစွာ ဆက်လက် ပြသ နေပြီး လွန်ခဲ့တဲ့ တစ်နှစ် ထက် 47 ရာခိုင်နှုန်း တက်လာ ခဲ့ပါတယ်။ iPad က ယမန်နှစ် သုံးလပတ် ထက် ၂၁ ရာခိုင်နှုန်း တက်လာခဲ့ ပါတယ်။

အခြား နည်းပညာ ကုမ္ပဏီကြီးများ နှင့် Cook က ရှင်းလင်းစွာ ပြောကြားထား သလိုပဲ Apple က ကြီးမားတဲ့ supply chain challenges များကို ရင်ဆိုင် ဖြေရှင်း နေရ ပါတယ်။ high-end iPhone တွေက Apple လက်လီ ရောင်းချတဲ့ နေရာ ( Apple retail locations ) တွေမှာ stock ရှယ်ယာ ရှာဖို့ ခက်ခဲ နေဆဲ ဖြစ်ပြီး ၎င်း၏ 14 လက်မ နှင့် 16 လက်မ MacBook Pros တွေက ယခင် ကတည်းက ကျောထောက် နောက်ခံ ရှိနေပြီ ဖြစ်ပါတယ် ။ အချိန် ကြာကြာ ပို့ဆောင်တာကို မစောင့်ချင်ရင် အကောင်းဆုံး ရွေးချယ်မှုမှာ ဒေသတွင်း Apple stores များတွင် stock ကို ပုံမှန် ၀◌င်ရောက် ကြည့်နေဖို့ ဖြစ်ပါတယ်။ သို့သော် ၎င်းဟာ အာမခံချက် ရှိသော ဗျူဟာ မဟုတ် သော်လည်း လက်တွေ့တွင် Apple ၏ နောက်ဆုံးပေါ် gadget များကို ဝယ်ယူခြင်းက ယခင်နှစ်များ ထက် ပိုမို ခက်ခဲကြောင်း သိရပါတယ်။

Image : CNBC

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။