Android ’12 .1 ‘ ဟာ ကြီးမားတဲ့ foldable-focus update တစ်ခု ဖြစ်နိုင်

A redesigned lock screen could make better use of horizontal space. Image: XDA Developers

XDA Developers မှ analyze လုပ်ထားသော code တွေ ပေါက်ကြားမှုကို ယုံကြည်တယ် ဆိုရင် Android အတွက် ကြီးမားတဲ့ foldable-focused improvements တွေပဲ ဖြစ်ပါတယ်။ ယခင် သတင်းတွေက ယခုနှစ် Android 12 ကို နောက်ထပ် နာမည်ငယ်လေး တစ်ခုဖြင့် ပြန်လည် ပြင်ဆင် လိမ့်မည်ဟု အကြံပြု ခဲ့ပြီး ယခင် အမည် သတ်မှတ်ချက်တွေ ( previous naming conventions )ကို အခြေခံပြီး Android 12.1 ဟု ခေါ်ဆို လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောထားပါတယ်။

XDA ၏ analysis အရ ဒီ update က ပိုမို ကောင်းမွန်တဲ့ split-screen UI ကို ကမ်းလှမ်းခြင်း ၊ အလျားလိုက် နေရာ ( horizontal space ) များအား ပိုမို ကောင်းမွန်စေတဲ့ lockscreen နှင့် app များစွာကို တစ်ပြိုင်နက်တည်း သုံးဖို့ ပိုမို လွယ်ကူစေတဲ့ taskbar အသစ်တို့ အပါအ၀င် operating system ဟာ ခေါက်နိုင်သော အရွယ်အစား ကြီးမားတဲ့ ဖန်သားပြင် ( large foldable-sized screens ) တွေကို ဘယ်လိုမျိုး ကိုင်တွယ်ပုံ အတွက် တိုးတက်မှု များစွာကို ပေးပါလိမ့်မယ်။ ၎င်းတို့ဟာ ၎င်းတို့၏ ကိုယ်ပိုင် devices တွေ အတွက် Android ၏ ထိပ်ဆုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် foldable-focused UI improvements တွေ တည်ဆောက်ဖို့ Samsung ကဲ့သို့ manufacturers တွေ လိုအပ်ချက်ကို လျှော့ချသင့်တဲ့ အထောက်အကူပြု အပို ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

XDA ၏ analysis notes များအရ improvements အများစု ဟာ operating system က ပိုပြီး အလျားလိုက် screen အနေအထားမှာ application တစ်ခု အတွက် display ပေါ်တွင် ရနိုင်တဲ့ နေရာ ပမာဏတွေကို ပိုမို ကောင်းမွန်အောင် ဘယ်လို လုပ်ဆောင်သလဲ ဆိုတာနဲ့ ဆက်စပ်နေ ပါတယ်။ ဥပမာအားဖြင့် ၎င်းဟာ Quick Settings နှင့် notifications panels တွေကို တစ်ပြိုင်နက်ထဲ side-by-side ( rather than one-at-a-time ) ပြသဖို့ ခွင့်ပြု ပေးတာမျိုးပဲ ဖြစ်ပါတယ်။ lock screen ကို တစ်ဖက် ( one side ) မှာ clock နှင့် အခြား တစ်ဖက်မှာ notifications တွေ ပြသဖို့ ယခု ခွဲခြမ်း နိုင်တာမျိုးပဲ ဖြစ်ပါတယ်။ PIN (သို့) password ထည့်ဖို့ အချိန် ရောက်ရင် ၎င်းကို foldable တစ်ခုပေါ်မှာ လက်တစ်ဖက်တည်းဖြင့် ၀င်ရောက် နိုင်ရန် ( rather than centered ) display ၏ ဘယ်ဘက် (သို့) ညာဘက်တွင် ထားနိုင်တာမျိုးပဲ ဖြစ်ပါတယ်။

Viewing Android’s Quick Settings and notifications panel simultaneously. Image: XDA Developers

Android 12.1 ကိုလည်း split-screen မှာ app တွေကို သုံးရတာ ပိုလွယ်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။ App’s icon ကို ကြာကြာ နှိပ်ခြင်းထက် split-screen mode ဖြင့် app ကို ဖွင့်ဖို့ မကြာသေးမီက apps menu တွင် shortcut အသစ် တစ်ခု ရှိပါတယ်။ တစ်ချိန်တည်းမှာပင် screen ၏ အောက်ခြေ ရှိ taskbar အသစ် တစ်ခုကို screen ရဲ့ တစ်ဝက်စီသို့ ၎င်းတို့အား drag and drop လုပ်ခြင်းဖြင့် မကြာသေးမီက app ( recent apps ) တွေကို split-screen mode မှာ ဖွင့်ဖို့ အတွက်လည်း သုံးနိုင်ပါတယ်။ XDA က နောက်ဆုံးမှာ သူတို့ရဲ့ apps တွေကို split-screen mode မှာ ဖွင့်ရန် notifications များကို ဆွဲယူနိုင်ဖို့ ဖြစ်နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ နောက်ဆုံးတွင် Settings app က ၎င်း၏ submenus များက screen ၏ ညာဘက် တစ်ခြမ်းမှာ ဖွင့်နေစဉ် top-level menu items များကို ဘယ်ဘက်မှာ ပြဖို့ ခွင့်ပြုတဲ့ interface အသစ် တစ်ခုကို ရယူနေလည်း ဖြစ်နိုင်ပါတယ်။

အခြား non-foldable focused enhancements တွေမှာ Google Assistant ကို activate ဖြစ်စေဖို့ power button ကို ဖိထားရမည့် အချိန်ကို ဆွဲနိုင်ခြင်း နှင့် Google မှ လွဲပြီး အခြား manufacturers တွေအတွက် ၎င်းတို့၏ system colors များကို Android 12 ၏ lockscreen နှင့် လိုက်လျော ညီထွေဖြစ်စေဖို့ လွယ်ကူစေ ပါတယ်။

A taskbar with access to recent apps on the bottom of the screen. Image: XDA Developers

Google က Android 12.1 နဲ့ ဆင်တူတဲ့ အရာတစ်ခုကို တရားဝင် ကြေညာခြင်း မရှိသေးသလို Android 12 ကိုလည်း သာမန်ပြည်သူတွေကို ထုတ်မပြခဲ့ပါဘူး။ ဆိုလိုတာကတော့ XDA Developers များ၏ အသေးစိတ် လုပ်ဆောင်ချက်များက ၎င်းတို့ မထုတ်မီ၊ အများကြီး မထုတ်လွှတ်မီ များစွာ ပြောင်းလဲသွား နိုင်သည်ဟု ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ foldable phone ကို Google က ဖြန့်ချိမယ် ဆိုတဲ့ ကောလဟာလတွေ အဆက်မပြတ်နဲ့ ပေါင်းစပ်လိုက်တာနဲ့ ဒီ့ထက် ပိုပြီး မကြာခင်မှာ ဒီ features အချို့ကို မြင်ရလိမ့်မယ်။ XDA Developers ရဲ့ အပြောင်းအလဲ စာရင်း အပြည့်အစုံကို သေချာကြည့်ဖို့ လိုပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။