(Amazing Benefits of Papaya) သင်္ဘောသီး၏အကျိုးကျေးဇူးများ

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ စကားအတိုင်းပဲ ကျွန်ုပ်တို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို ကောင်းကျိုးပြုပေးနိုင်တဲ့ အစားအသောက်တွေရှိနေပါတယ်။တစ်ချို့အစားအသောက်တွေက ကိုယ်မသိလိုက်ပဲနဲ့ကို ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ ရလဒ်ကောင်းတွေ ရစေပါတယ်။ အခုဖော်ပြပေးမှာက ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးရှိတဲ့ သင်္ဘောသီးရဲ့အကြောင်းနှင့်သင်္ဘောသီးရဲ့အကျိုးကျေးဇူးများ(Benefits of Papaya)အကြောင်းပဲ ဖြစ်ပါတယ်။

သင်္ဘောသီးကို  နတ်သုဒ္ဓါ အဖြစ်တောင် ခရစ်စတိုဖာကိုလမ်ဘတ် ကိုယ်တိုင်က တောင် တင်စားထားခဲ့ပါတယ်။ ဒီလိုတင်စားရတဲ့ အကြောင်းကတော့ သင်္ဘောသီးစားသုံးခြင်းဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးဟာ နူးညံ့ပြီး ရင်အေးစေတဲ့အပြင် အရသာအလွန်ရှိပါတယ်။ ဒီသင်္ဘောသီးကို တစ်ပတ်တစ်ခါ ပုံမှန်စားသုံးပေးရုံနှင့်တင် သင့်ခန္ဓာကိုယ်ကို အတွက်ဘယ်လိုတွေ ပြောင်းလဲသွားပြီးကျန်းမားရေး သိသိသာသာကောင်းမွန်လာသည်ကို ဖော်ပြပေးလိုက်ပါတယ်။

မျက်လုံးကျန်းမာရေးကောင်းစေခြင်း

သင်္ဘောသီးတွင်မျက်စိကျန်းမာရေးကိုတိုးတက်စေသည့် Vitamin A ပါ ၀င်သည့် antioxidants များပါရှိပါတယ်။ Vitamin A ကမျက်ကြည်လွှာကိုကာကွယ်ပေးပါတယ်။ အရသာရှိသောအသီးသည်အမြင်အာရုံကိုအကာအကွယ်ပေးပြီးအချို့သောအတိုင်းအတာအထိတိုးတက်စေပါတယ်။သင်္ဘောသီးကိုစားသုံးခြင်းသည်သင်၏မျက်လုံးယိုယွင်းပျက်စီးခြင်းကိုကာကွယ်ပေးနိုင်တဲ့အပြင်အမြင်အာရုံချို့ယွင်းခြင်းကိုလဲကာကွယ်ပေးပြီး အမြင်အာရုံကြည်လင်ခြင်းအတွက် အကျိုးပြုပေးနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းခြင်း

သင်္ဘောသီးက အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် သွေးတွင်းထဲမှာ ကိုလက်စထရော ပမာဏ မြင့်မားနေခြင်းကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင်ကိုမှ ဓာတ်တိုးပစ္စည်တွေနဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝ တာကြောင့် နှလုံးရောဂါကို ကြိုတင်ကာကွယ်လို သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဝမ်းမှန်ဖို့အတွက်ကလည်း ကျန်းမာရေးအတွက် အထူးအရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းမှန်စေပါတယ်။

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ စကားအတိုင်းပဲ ကျွန်ုပ်တို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို ကောင်းကျိုးပြုပေးနိုင်တဲ့ အစားအသောက်တွေရှိနေပါတယ်။တစ်ချို့အစားအသောက်တွေက ကိုယ်မသိလိုက်ပဲနဲ့ကို ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ ရလဒ်ကောင်းတွေ ရစေပါတယ်။ အခုဖော်ပြပေးမှာက ကျန်းမာရေးအတွက် ကောင်း ကျိုးတွေအများကြီးရှိတဲ့ သင်္ဘောသီးရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

သန်ကောင်တုတ်ကောင်များကျဆင်းစေခြင်း

ရှေးမြန်မာလူမျိုးတွေက ကလေးငယ်တွေကို သန်ချပေးဖို့အတွက် သင်္ဘောသီးရဲ့ အစေ့များကို တိုက်လေ့ရှိပါတယ်။ ဒါဟာမှန်ကန်တဲ့အလေ့အထဖြစ်ကြောင်းသိနိုင်ပါတယ်။ သန်ကောင်၊ တုတ်ကောင်တွေဟာ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို အတော်လေး ထိခိုက်စေနိုင်တာကြောင့် သူတို့တွေ ခန္ဓာကိုယ်ထဲကို မဝင်အောင် စောင့်ကြည့်သင့်တာပဲ ဖြစ်ပါတယ်။သင်္ဘောသီးတွေက သံကောင်တုတ်ကောင်တွေရဲ့ဥတွေကို ဖြိုခွင်းပေးပြီး ခန္ဓာကိုယ်ထဲမှာ တွယ်ကပ်မနေနိုင်အောင် တိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်သင်္ဘောသီးဟာ အသားသာမက အစေ့တွေကပါ လူ့ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိစေတာပဲ ဖြစ်ပါတယ်။

ကိုယ်ခံအားတက်စေခြင်း

သင်္ဘောသီးမှာ ဗီတာမင် A ,ဗီတာမင် C နှင့် ဗီတာမင် E တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဗီတာမင်ဓာတ်တွေက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွက် ကိုယ်ခံအားတိုးတက်စေဖို့အလိုအပ်ဆုံး ဗီတာမင်ဓာတ်တွေ ဖြစ်ပါတယ်။ဒါကြောင့် သင်္ဘောသီးကိုသာ တစ်ပတ်တစ်ခါ ပုံမှန်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေ အကုန်ရရှိစေမှာဖြစ်ပြီး ကိုယ်ခံအားစနစ်ကို မှန်ကန်နေစေမှာဖြစ်တာကြောင့် ဒီကာလမှာလည်း အထူးစားသုံးပေးသင့်တဲ့ (၄) ခန္ဓာကိုယ်ယောင်ယမ်းမှုကို သက်သာစေခြင်းအသီးတစ်မျိုးပဲဖြစ်ပါတယ်။

နီရဲယောင်ယမ်းခြင်းကို သက်သာစေနိုင်ခြင်း

သင်္ဘောသီးရဲ့နောက်ထပ်အံ့ဩစရာအစွမ်းကတော့ ‌ယောင်ယမ်းခြင်းကိုသိသိသာသာ ပျောက်ကင်းစေတဲ့ အစွမ်းပဲ ဖြစ်ပါတယ်။ သင်္ဘောသီးစားပေးရုံနဲ့တင် အဆစ်အမြစ်ယောင်ယမ်းခြင်း၊ အရိုးအဆစ်များ ယောင်ယမ်း ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ဒါ့အပြင် ပန်းနာရင်ကြပ် ရောဂါရှင်များအတွက်လည်း သင့်တော်တဲ့ အသီးဖြစ်တယ်လို့ ဆိုတာကြောင့် သင်္ဘောသီးကိုနေ့တိုင်းပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေးကိုကာကွယ်ဖို့ အတွက် တိုက်တွန်းလိုက်ရပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးနိုင်ခြင်း

သင်္ဘောသီးမှာပါဝင်တဲ့ အာဟာရ ဓာတ်တွေဖြစ်တဲ့ ဗီတာမင် C နှင့် E အပြင် အန်တီးအောက်စီးဒန့်တွေကြောင့် အသားအရေကို ထိန်းသိမ်းပေးနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။နေရောင်ခြည် လိုမျိုး ပြင်းထန်တဲ့ ရောင်ခြည်တွေ ၊နေလောင်ခြင်းတွေနှင့် တင်းတိပ်စတာတွေကို သင်္ဘောသီးစားသုံးခြင်းဖြင့် ကာကွယ်တားဆီးပေးနိုင်တာပဲ ဖြစ်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ခြင်း

သင်္ဘောသီးမှာ ကာပိန်းဓာတ်ပါဝင်ပါသေးတယ်။ ဒီကာပိန်းဓာတ်တွေက သွေးပေါင်ချိန်ကိုထိန်းညှိစေနိုင်တာဖြစ်တာကြောင့် သွေးတိုးလေ့ရှိသူတွေပဲ ဖြစ်ဖြစ်၊ သွေးပေါင်ချိန်ကျတဲ့သူတွေပဲ ဖြစ်ဖြစ် သင်္ဘောသီးကိုစားသုံး ပုံမှန်လေးစားပေးမယ်ဆိုရင် သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်မှာပဲ ဖြစ်ပါတယ်။

 

စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ခြင်း

သင်္ဘောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တာ ပဲဖြစ်ပါတယ်။ ဒီအကြောင်း ကိုတော့ University of Alabama ကနေ စမ်းသပ်လေ့လာချက်တွေအရ အတည်ပြုပြီးဖြစ်ပါတယ်။ စိတ်ဖိစီး မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို မှန်ကန်စေတာကြောင့် စိတ်ဖိစီးမှုဖြစ်ခြင်းကို လျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။

သင်္ဘောသီး အစေ့အသုံးဝင်ပုံများ

သင်္ဘောသီးကို တစ်ပတ်တစ်ခါ ပုံမှန်စားပေးခြင်းများကို အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။များသောအားဖြင့် သင်္ဘောသီး အတွင်းရှိအစေ့ကိုမစားကြပါဘူး။  အသားကိုမစားဘဲ အစေ့ကိုပဲ စားရင်တောင် အကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါသေးတယ်။သန်ကောင်၊တုတ်ကောင်ရန်များမှ ကာကွယ်ပေးခြင်း၊ ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ယောင် ယမ်းခြင်းကို သက်သာစေခြင်း၊ ဘက်တီးရီးယားများကို တိုက်ခိုက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများစွာကို ရရှိစေတာပဲဖြစ်ပါတယ်။ဒီလောက်များပြားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တဲ့ သင်္ဘောသီးကို ကလေး၊လူကြီး မရွေး တစ်ပတ် တစ်ခါလောက်တော့ ပုံမှန်ပေးနိုင်ပါတယ်။ သင်္ဘောသီးအသားကို စားတာပဲဖြစ်ဖြစ် ဖျော်ရည်လုပ်သောက်တာဖြစ်ဖြစ် စားသုံးပေးခြင်းဖြင့် ကျန်မားရေးအကျိုးကျေးဇူးကောင်းတွေ များစွာကိုရယူနိုင်ကြပါစေဖို့ အတွက်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။