အမေရိကန်တွေတွေ့ရှိတဲ့သဲကန္တာရအလယ်ကတုတ်တိုင်ဟာ အခြားဂြိုလ်ကများလား?

ပြီးခဲ့တဲ့နိုဝင်ဘာလ 23 ရက်နေ့တွင် သတင်းများအရ အမေရိကန်ပြည်ထောင်စုရှိ Utah တောရိုင်းတိရစ္ဆာန်နှင့်သဘာ၀ ရင်းမြစ်ဆိုင်ရာအရာရှိများသည် ပုံမှန်အားဖြင့် သဲကန္တာရအတွင်းရှိ explore ဧရိယာကိုစူးစမ်းလေ့လာရန်ရဟတ်ယာဉ်တစ်စီးပျံသန်းဖို့တာဝန်ပေးအပ်ခဲ့ပါတယ်။ ထိုနေရာတွင်ထူးဆန်းသောအရာကိုတွေ့ရှိခဲ့ပါတယ်။

စူးစမ်းရှာဖွေသူတစ်ဦး ဟာစတုရန်းပုံသဏ္ဌာန်ရှိသော အရာဝတ္ထုတစ်ခုကို မြင်တွေ့ခဲ့ပါတယ်။စူးစမ်းရှာဖွေသူများအဖွဲ့မှရဟတ်ယာဉ်ဆင်းသက်သည်အထိ ထိုအရာလေးဆီမှ တောက်ပတဲ့ အလင်းတန်းများက စူးစမ်းရှာဖွေသူတစ်ဦးရဲ့ မျက်လုံးထဲကို စူးစိုက်၀င်လာခဲ့ပါ တယ်။သူတို့အဖွဲ့တွေက 2001ခုနှစ် A Space Odyssey ရုပ်ရှင်ကားထဲကလိုမျိုး အမည်းရောင်တုတ်တိုင်လို့ထင်ရတဲ့ သတ္တုအချေင်းအတိုင်တစ်ခုကိုတွေ့လိုက်ရပါတယ်။

ဤသတင်းဟာ  ဒါရိုက်တာ Stanley Kubrick ရဲ့သိပ္ပံဝတ္ထုအာကာသရုပ်ရှင်နှင့်စာရေးဆရာ Arthur C. Clarke တို့ရဲ့ဇာတ်ကားကိုကြည့်ဖူးကြတဲ့သူများအတွက်အံ့ဩငြိမ်သက်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ထိုဇာတ်ကားထဲကအတိုင်း humanoid setting ထဲကိုအမည်းရောင်အတိုင်များ စိုက်ထားတဲ့အတိုင်းပုံစံတူဖြစ်နေသောကြောင့်ဖြစ်ပါတယ်။

အမေရိကန်တွေတွေ့ရှိတဲ့ 2001ခုနှစ်A Space Odyssey ဇာတ်ကားထဲကလိုမျိုး သဲကန္တာရအလယ်ကတုတ်တိုင်ဟာ အခြားဂြိုလ်ကများလား?

အခြားဂြိုလ်သိမ်ဂြိုလ်မွှားမှလာသောအမြော်အမြင်တွေးခေါ်သူများ(သို့မဟုတ်) ဂြိုလ်သားများမှ ဤအမည်းရောင်အတိုင်တွေကိုယူဆောင်လာကြပြီး  လူသားများ၏ကနဦးသိပ္ပံရှာဖွေခြင်းများအဖြစ် အသုံးပြုကြပါတယ်။ မီးကိုအသုံးပြုခြင်းအတွက်လူဝံကိုမိတ်ဆက်ပေးခြင်းကဲ့သို့ပင်ဖြစ်ပါတယ်။စတုရန်းပုံသဏ္ဌာန်ရှိသော အရာဝတ္ထုဟာ တောင်ပသော ငွေသတ္တုတောင့်သုံးဖက်ပါရှိပြီး 10-12ပေ (3-3.65m) လောက်ကိုအမြင့်ရှိပါတယ်။ကျောက်တိုင်ကြီးဟာအနီရောင်ကျောက်ချောက်ကြီးများကြား မြေပြင်အလယ်တွင်တည်ရှိနေပါတယ်။

အရာရှိများက ဂြိုလ်သားများ (သို့မဟုတ်) တစ်ခြားလျှို့၀ှက်ဆန်းကြည်တဲ့အရာများလာထားသွားတာထက်  ထိုရုပ်ရှင်ထဲမှ အနုပညာရှင်တစ်‌ယောက်ယောက်ရဲ့ပရိတ်သတ်တစ်ယောက်ယောက်ကလာထားသွားတာဖြစ်နိုင်ကြောင်းခန့်မှန်းကြပါတယ်။သို့သော်လည်းတာဝန်ရှိသူဝန်ထမ်းများက တကယ်လို့ တစ်စုံတစ်ယောက်က သတ္တုပြားအနားတွင်ရပ်နေပြီး ရုတ်တရက်ပျောက်ကွယ်သွားပါက ကျန်တဲ့သူတွေလည်းဇာတ်ကားထဲကလိုပဲ ထွက်ပြေးကြရမယ်လို့ တစ်‌ယောက်ကိုတစ်ယောက်နောက်ပြောင်နေကြပါသေးတယ်။အများပိုင်နေရာများတွင်အဆောက်အအုံများ(သို့မဟုတ်)အနုပညာလက်ရာများကိုခွင့်ပြုချက်မရှိဘဲတပ်ဆင်ခြင်းသည်တရား မ၀င်ဖြစ်သည်ဟုတာဝန်ရှိသူကထပ်မံပြောကြားခဲ့ပါတယ်။

ယခုအချိန်အထိ ၎င်းသတ္တုသည် Utah ဒေသရဲ့ ဘယ်နေရာမှာတည်ရှိနေသလဲ ဆိုတာကိုအတိအကျဖော်ပြထားခြင်း မရှိသေးသလို လူသားတွေရဲ့ အနုပညာလက်ရာများဖြစ်ကြောင်းကိုလည်း ကြော်ငြာထားခြင်းများ မရှိသေးပါဘူး။ မကြာမီမှာ အမေရိကန် မြေယာစီမံခန့်ခွဲမှုများကနောက်ထပ်စုံစမ်းစစ်ဆေးမှုများ လိုအပ်မလားဆိုတာကို ဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်။Utah ဒေသ သဘာဝအတိုင်းဖြစ်နေသောနေရာများတွင်ထူးဆန်းသောအနုပညာရှင်များမှ ထူးဆန်းတဲ့အနုပညာလက်ရာများတည်ဆောက်ရာ နယ်မြေတစ်ခုဖြစ်သည်ဟုလူသိများတဲ့ နေရာဖြစ်ပါတယ်။အထူးသဖြင့်ရာစုနှစ် ၆၀s မှ ၇၀s အတွင်းသဘာဝနေရာများတွင် ထူးဆန်းသည့်အရာများ(သို့မဟုတ်)ပန်းပုများကိုဖန်တီးထားတာတွေရှိကြပါတယ်။

အဲထဲကမှ လူအပြောများတဲ့  အကြီးမားဆုံးစက်ဝိုင်းကြီးဆိပ်ခံတံတား (သို့မဟုတ်) Spiral Jetty ဆိပ်ခံတံတားလို့ခေါ်တဲ့အကြီးမားဆုံးစက်ဝိုင်းကို ၁၉၇၀ ပြည့်နှစ်များတွင် အနုပညာရှင်ရောဘတ်စမစ်ဆန်က တီထွင်တည်ဆောက်ထားခဲ့ပါတယ်။ ထိုဆိပ်ခံတံတား စက်ဝိုင်းကြီးဟာ ပေ ၁,၅၀၀ ရှည်လျားပြီး ဆား၊ ရွှံ့နှင့် Basalt crystals များနှင့်ပြုလုပ်ထား ပါတယ်။ အဆိုပါရစ်လုံးပုံစံရှိစက်ဝိုင်းကြီးဟာ ဒီရေကျတဲ့အချိန်မှာ ပေါ်ထွက်လာပြီး ဒီရေတက်သွားသောအခါပျောက်ကွယ်သွားလေ့ရှိပါတယ်။

သောကြာနေ့ညနေပိုင်းတွင်သုံးဘက်မြင်သတ္တုတိုင်ကြီးကို လာရောက်နုတ်ယူသွားခဲ့တယ်လို့ သိရပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားလဲဆိုတာကိုမသိရသေးဘူးလို့ Bureau of Land Management’s Utah ဌာနက စာရေးသားထုတ်ပြန်ခဲ့ပါတယ်။အခုလိုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး BLM ဘက်က စုံစမ်းမှုတွေပြုလုပ်သွားဖို့ မရှိဘူးလို့လည်းပြောဆိုခဲ့ပြီး ဒေသခံရဲ တပ်ဖွဲ့ရဲ့ တာဝန်သာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ Google Earth ကတဆင့် ဖမ်းယူရရှိတဲ့ ပုံရိပ်များအရဆိုရင် ဒီသတ္တုချောင်းဟာ ဘယ်နေရာကနေ ရောက်ရှိလာသလဲဆိုတာ ကို အရိပ်အယောင်ပြသခြင်းမရှိဘူးလို့ Insider Website ကဖော်ပြခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်ကြားကတည်းက ပေါ်လာခဲ့တယ်လို့လည်းယူဆကြောင်းရေးသားခဲ့ပါတယ်။

ဒါဟာ ဘယ်သူဘယ်ဝါလာရောက်စိုက်ထူခဲ့လဲဆိုတာကို မသိရှိရသလို ပျောက်ကွယ်သွားချိန်မှာလည်း ဘယ်သူတွေက လာရောက်ပြုလုပ်သွားသလဲဆိုတာကို မသိရတာက အံ့အားသင့်စရာကောင်းနေခဲ့ပြီး ရှာဖွေတွေ့ရှိပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ပျောက်ကွယ်ခဲ့ တာကလည်း ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။