မြေအောက်သို့ တဖြည်းဖြည်း နှစ်မြုပ်နေသော မြို့တော်များ

ကမ္ဘာ့ရာသီဥတု ပိုမိုပူပြင်းလာ၍ ရေခဲပြင်များအရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေမှုကြောင့် ကမ်းခြေအနီးရှိ မြို့တော်များတဖြည်းဖြည်း နိမ့်ဝင်နေကြသလို အချို့မြို့တော်များကတော့ မြေအောက်ရေများ (Groundwater) ကိုအလွန်အကျွံ ထုတ်ယူသုံးစွဲနေမှုကြောင့်မြေအောက်ဖိအားအနေအထားများ ပြောင်းလဲသွားရခြင်းပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့မြေအောက်သို့တဖြည်းဖြည်းခြင်းနိမ့်ဝင်နေတဲ့ မြို့တော်တစ်ချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

မြို့တော်ဂျာကာတာ အင်ဒိုနီးရှားနိုင်ငံ

လူဦးရေ (၁၀) သန်းကျော်ရှိတဲ့ မြို့တော်ဂျာကာတာ ဟာမြေအောက်ရေ (Groundwater) တွေကို အလွန်အကျွံ ထုတ်သုံးနေခဲ့တာကြောင့် တစ်နှစ်ကို (၆.၇”) လက်မနှုန်းနဲ့ မြေအောက်ကိုနှစ်မြုပ်နေရာမှာ ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာရာ မိုးရာသီရေကြီးရေလျှံမှုကို ပိုပြီးခံစားနေရပြီး လာမည့် (၂၀၅၀) ခုနှစ်လောက်မှာ ရေအောက်ရောက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြို့တော်ကို လက်ရှိနေရာမှ ကီလိုမီတာ (၁၀၀) ကျော်လောက်ဝေးတဲ့ နေရာကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။ ပြောင်းရွှေ့ချိန်ခန့်မှန်းခြေ (၁၀) နှစ်ခန့်ကြာမှာ ဖြစ်ပြီးဒေါ်လာ (၃၃) ဘီလီယံလောက်ကို ကုန်ကျမယ်လို့ ခန့်မှန်းထားကြပါတယ်။

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်

လူဦးရေ ( ၈ ) သန်းကျော် နေထိုင်တဲ့ဘန်ကောက်မြို့တော်ကြီးဟာလည်းတစ်နှစ်လျှင် ( ၁ ) စင်တီမီတာနှုန်းနဲ့ နှစ်မြုပ်နေပြီး ပင်လယ်ရေမျက်နှာပြင်အောက်ကို လာမည့် (၂၀၃၀) ခုနှစ်မှာ ရောက်ရှိသွားမှာဖြစ်တယ်လို့ခန့်မှန်းထားကြပါတယ်။

လောလောဆယ် တွေမှာရေကြီးရေလျှံမှုတွေကို ကာကွယ်ဖို့ထိုင်းဗိသုကာအသင်းက ဒီဇိုင်းထုတ် ကြီးကြပ်ဆောက်လုပ်ထားတဲ့ မိုးရေ ဂါလံ တစ်သန်းကျော်ထိ ယာယီလှောင်ထားနိုင်တဲ့ မြေအောက်ရေလှောင်ကန်ကြီးပါဝင်တဲ့ချူလာလောင်ကွန်တက္ကသိုလ်ရာပြည့် ပန်းခြံကြီးကို မြေဧက (၁၁) ဧကပေါ်မှာ ဆောက်လုပ်ထားတယ်လို့သိရပါတယ်။

ကမ္ဘာ့ရာသီဥတု ပိုမိုပူပြင်းလာ၍ ရေခဲပြင်များအရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေမှုကြောင့် ကမ်းခြေအနီးရှိ မြို့တော်များတဖြည်းဖြည်း နိမ့်ဝင်နေကြသလို အချို့မြို့တော်များကတော့ မြေအောက်ရေများ (Groundwater) ကိုအလွန်အကျွံ ထုတ်ယူသုံးစွဲနေမှုကြောင့်မြေအောက်ဖိအားအနေအထားများ ပြောင်းလဲသွားရခြင်းပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့မြေအောက်သို့တဖြည်းဖြည်းခြင်းနိမ့်ဝင်နေတဲ့ မြို့တော်တစ်ချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ဒက္ကားမြို့ (Dhaka) (ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ မြစ်ဝကျွန်းပေါ်နေရာမှာ တည်ထားတဲ့ မြို့တော် ဒက္ကားကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို သိသိသာသာ ဆိုးရွားစွာ ခံစားနေရပြီဖြစ်ပါတယ်။လာမဲ့ သက္ကရာဇ် (၂၀၅၀)ခုနှစ် မှာဆိုရင် နိုင်ငံရဲ့ (၁၇%) ကို ပင်လယ်ရေလွှမ်းမိုးပြီး လူဦးရေ (၁၈) သန်းကို ရေလွှတ်ရာသို့ ရွှေ့ပြောင်းပေးရမယ်လို့ဆိုပါတယ်။

နိုင်ဂျီးရီယားနိုင်ငံ မြို့တော် လာဂိုစ် (Lagoes, Nigeria)

အာဖရိကတိုက်ရဲ့ အနောက်ဖက်ကမ်းခြေမှာ တည်ရှိတဲ့ အကြီးဆုံးမြို့တော်ကြီး လာဂိုစ်ရဲ့ ကမ်းခြေအနိမ့်ပိုင်းတွေဟာ မြင့်တက်လာနေတဲ့ ပင်လယ်ရေရဲ့ တိုက်စား ဖုံးလွှမ်းခြင်းကို ခံနေရပြီး ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကြောင့် ဖြစ်လာနေတဲ့ ဘေးဒုက္ခအန္တရာယ် ကျရောက်နေပြီပဲဖြစ်ပါတယ်။(၂၀၁၂) ခုနှစ်က လေ့လာမှုများအရ လက်ရှိပင်လယ်ရေမျက်နှာပြင်ထက် (၃) ပေမှ (၉) ပေအထိမြင့်တက်လာပါက လာဂိုစ် နေပြည်သူများရဲ့ ကမ္ဘာပျက်ခန်းဖြစ်ပါလိမ့်မယ်လို့ပြောကြပါတယ်။ယခုရာစုနှစ်ကုန်တွင် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၆) ခန့်မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဗင်းနစ်မြို့ (Venice) အီတလီနိုင်ငံ

အီတလီနိုင်ငံရဲ့နိုင်ငံတကာမှ ခရီးသည်တို့ အလေးပေးလည်ပတ်ရာ ဗင်းနစ်မြို့ဟာ မြို့တွင်းမှာ ဖောက်လုပ်ထားတဲ့ တူးမြောင်းတွေကြောင့် ဝင်ငွေကောင်းနေခဲ့ရာမှ သတိထားတိုင်းတာမိချိန်မှာတော့ တစ်နှစ်ကို (ဝ.၀၈) လက်မနှုန်းနဲ့ မြေအောက်ကို နှစ်ဝင်နေတာ တွေ့ရပါတယ်။အီတလီတို့က (၂၀၀၃) ခုနှစ်ကစပြီး ဗင်းနစ်ကို ရေလွှမ်းမိုးမှုက ကာကွယ်ရန် ရေတံခါးပေါင်း (၇၈) စင်းပါဝင်တဲ့ ရေတားတွေ အဆင့်ဆင့်ကို တည်ဆောက်ခဲ့ရာ (၂၀၁၁) ခုနှစ်က ပြီးစီးခဲ့ပေမယ့် ဂိတ်တံခါးတွေ အကုန်လုံးကိုတော့ လာမဲ့ (၂၀၂၂) ခုနှစ်မှ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ (၂၀၁၈) ခုနှစ်မှာ ပြင်းထန်သောမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဒေါ်လာ (၆.၅) ဘီလီယံ စီမံကိန်းကြီးပါ ရပ်ဆိုင်းခဲ့ရပြီး ဗင်းနစ်တစ်မြို့လုံး ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ပါတယ်။

(၉၀%) သောရော့တာဒန်မြို့တော်ရဲ့ နေရာတွေဟာ နဂိုကတည်းက ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေပြီး ယခုအခါ ပင်လယ်ရေမျက်နှာပြင်က ထပ်မံမြင့်တက်လာနေရင် ရေလွှမ်းမိုးမှုအန္တရာယ်က ကြီးမားလာနိုင်ပါတယ်။ထိုင်းတွေဆောက်ခဲ့တဲ့ ချူလာလောင်ကွန်တက္ကသိုလ် ရာပြည့်ပန်းခြံကြီးလိုဘဲ အီတလီတို့ဟာ ရေဥယာဉ်များကို မြို့တော်အနှံ့မှာ မုန်တိုင်းကြောင့် ရေလှိုင်းတွေမြင့်တက်လာရင် ကာကွယ်ဖို့ အတားအဆီးတွေ တည်ဆောက်ထားကြပါတယ်။

အလက်ဇန္ဒရီးယားမြို့ အီဂျစ်နိုင်ငံ (Alexandria, Egypt)

အီဂျစ်နိုင်ငံမြို့တော်ရှိ ပင်လယ်ကမ်းခြေများဟာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ရေဖုံးလွှမ်းပြီး ပျောက်ကွယ်နေပါပြီ။ မြေထဲပင်လယ်ဟာ (၂၁၀၀) ခုနစ်မှာ (၂) ပေခန့်မြင့်တက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အမေရိကန်နိုင်ငံ ကမ်းခြေဒေသများ

အမေရိကန် အရှေ့ဖက်ကမ်းခြေရှိ ဟူစတန် (Houston) Texas ပြည်နယ် ရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ တစ်နှစ်လျှင် ၂ လက်မနှုန်းဖြင့် မြေအောက်သို့ နှစ်မြှုပ်နေပြီး ဟာရီကိန်းမုန်တိုင်းကြီး (Harvey) ကဲ့သို့သော မုန်တိုင်းဒဏ်ကို ပို၍ ခံစားနေရပါတယ်။ အိမ်အလုံးပေါင်း (၁၃၅၀၀၀) ပျက်စီးပြီး လူပေါင်း သုံးသောင်း ကျော်ကို ကယ်ဆယ်ခဲ့ရပါတယ်။အရှေ့ဖက်ကမ်းခြေရဲ့ နှစ်မြှုပ်နေတဲ့ မြို့ကတော့ ဗာဂျီးနီးယားမြို့တော်ရဲ့ ကမ်းခြေများ (Virginia Beach) ကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း နှင့် မြေအောက်သို့ မြုပ်ဝင်နေခြင်းကို

တစ်ပြိုင်နက်တည်းခံစားနေရတာ ဖြစ်ပါတယ်။ NOAA ရဲ့ ခန့်မှန်းချက်အရ လာမည့် (၂၁၀၀) ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင်အမြင့် (၁၂) ပေခန့်မြင့်တက်ပြီး ရေလွှမ်းခံရမယ်လို့ ဆိုထားပါတယ်။မက်စီကိုပင်လယ်ကွေ့မှာ တည်ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ တောင်ဖက်ပြည်နယ် လူဝီစီယားနား (Louisiana) ရဲ့ နယူးအော်လင်း မြို့ (New Orieans) ကို (၂၀၀၅) ခုနှစ်က ကက်ထရီးနားမုန်တိုင်း (Harricane Katrina) တိုက်ခတ်လို့ အပျက်အစီးနဲ့ အသေအပျောက်များခဲ့တာ အမှတ်ရမိကြပါလိမ့်မယ်။

မြို့တော်ရဲ့ အစိပ်အပိုင်းတစ်ချို့ဟာ ပင်လယ်ရေမျက်နှာပြင်အောက်ကို ၁၅ ပေခန့် နိမ့်ဝင်နေပြီဖြစ်ပါတယ်။ တစ်နှစ်လျှင် (၂)လက်မနှုန်းနဲ့ နှစ်ဝင်နေခဲ့ပြီးနယူးအောလင်းမြို့ဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာမို့ ပင်လယ်ရေတိုးဝင်နေတဲ့ဒဏ်ကို ပိုခံစားနေရတာဖြစ်ပါတယ်။ပိုမိုပူပြင်းလာသော ရာသီဥတုကြောင့် ရေခဲပြင်များအရည်ပျော်နှုန်း မြန်ဆန်လာခြင်းနှင့်အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းဒဏ်ကို ဆက်စပ်နေသည့်ဒေသများ အားလုံး ခံစားနေကြရပြီဖြစ်ရာ မိမိတို့ကမ်းခြေဒေသများကို ဂရုစိုက် စောင့်ရှောက်ကြရန် အသိပေးတိုက်တွန်းလိုက်ရပါတယ်။

ကျွန်တော်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။