သေးငယ်တဲ့ notch လေးနဲ့ camera ခင်းကျင်းမှု ပုံစံ ပြောင်းပြီး စတင်ပွဲထွက်လာတဲ့ iPhone 13 နှင့် 13 Mini

Apple ၏ iPhone 13 ဟာ တရားဝင် ရောက်ရှိ လာခဲ့ပြီး 2021 phone lineup တွင် Apple ၏ အမှတ်တံဆိပ်ကို သတ်မှတ်မယ့် အခြေခံ အကျဆုံး mainstream model ဖြစ်ပါတယ်။

အရင်နှစ်ကလိုပဲ entry-level iPhone 13 ဟာ 6.1-inch “regular” model နှင့် ပိုသေးတဲ့ 5.4-inch iPhone 13 Mini တို့ဟာ versions နှစ်မျိုးနှင့် ထွက်လာ ပါလိမ့်မယ်။ Screen ဟာ OLED panel တစ်ခု ဖြစ်ပြီး အရင် နှစ်တွေကထက် ပိုမို တောက်ပ ( brighter ) သော်လည်း ဖန်ပြား နှစ်ခုကြား (between two slabs of glass) နှစ်ဖက် စလုံးကို aluminum ဖြင့် ပြုလုပ်ထား ပါတယ်။

Apple က carriers များမှ တဆင့် ၀ယ်ယူသော phones များအတွက် မြန်မာငွေ 53000 ကျပ် ၀န်းကျင်ခန့် ( $30 discount ) လျှော့စျေး ပေးနေ သော်လည်း iPhone 13 အတွက် မြန်မာငွေ ၁၄ သိန်း ၇သောင်း ၀န်းကျင် ( $829) နှင့် iPhone 13 Mini အတွက် 13 သိန်း နီးပါး ( $729 ) ဖြင့် စတင် ရောင်းချ သွားမှာပဲ ဖြစ်ပါတယ်။

ယခုနှစ် မော်ဒယ်များအတွက် Storage ရွေးချယ်စရာများ မြင့်တက် လာသည်နှင့်အမျှ Apple က models နှစ်ခုစလုံးအတွက် 128GB ၊ 256GB နှင့် 512GB configurations တို့ကို ရရှိမှာပဲ ဖြစ်ပါတယ်။ iPhone 13 နှင့် 13 Mini အတွက် ကြိုတင် မှာယူမှုများဟာ September 24 ရက် ဖြန့်ချိမည့်ရက် မတိုင်မီ September 17 ရက် သောကြာနေ့မှာ စတင် မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီမှာ မူလ အရင်းအမြစ်နဲ့ ဆိုင်တဲ့ features အသစ်တွေ (သို့) အပြောင်းအလဲတွေ အများကြီး ရှိမှာ မဟုတ်ဘူး။ ၎င်းအစား iPhone 13 က Apple ရဲ့ iPhones ၏ old “S”-year model များနှင့် ပိုပြီး နီးစပ်ပါတယ်။ ၎င်းဟာ ကြီးကျယ် ခမ်းနားသော features အသစ် များထက် ပြီးခဲ့နှစ်က ဒီဇိုင်းအတွက် မွမ်းမံမှုများ နှင့် တိုးတက်မှု အချို့ကို ပေးထားပါတယ်။

iPhone 12 နှင့် မတူဘဲ သိသိသာသာ ပြန်လည် ဒီဇိုင်း ထုတ်လုပ်ထားတဲ့ iPhone 13 ဟာ ယခင်နှစ် မော်ဒယ်နှင့် တူသော ကျယ်ပြန့်မှု ရှိပြီး ၂၀ ရာခိုင်နှုန်း ပိုသေးငယ်တဲ့ ပါးလွှာသော Face ID notch ပါ၀င် လာတာကြောင့် phone ၏ ထိပ်ဆုံးမှာ နေရာ ပိုနည်း သွားပါ လိမ့်မယ်။ ၎င်းဟာ Android တွင် hole-punch display များ ကမ်းလှမ်းသော အလွန် သေးငယ်သော အသွင်အပြင် မဟုတ် သော်လည်း ဒါဟာ ကြည့်လို့ ကောင်းတဲ့ တိုးတက်မှု တစ်ခု ဖြစ်ပါတယ်။

The iPhone 13 and 13 Mini come in pink, blue, black, white, and red. Image: Apple

Image: Apple

A15 Bionic ဟာ ပိုကောင်းတဲ့ powerful processor တစ်ခုလည်း ပါရှိ ပါတယ်။ Apple က A15 Bionic ဟာ မနှစ်က A14 Bionic chip ထက် ပိုမြန်ပြီး ပိုပြီးတော့ power-efficient ဖြစ်စေတယ်လို့ ပြောထား ပါတယ်။ ၎င်းဟာ 5nm chip တစ်ခု နှင့် 6-core CPU ( high-performance အသစ် ၂ ခု နှင့် high-efficiency cores လေးလုံး ပါ၀င်တဲ့) ဖြစ်နေ သေးသော်လည်း Apple က ၎င်းဟာ “ smartphone တစ်လုံးမှာ အလျင်မြန်ဆုံး CPU ” ဖြစ်ပြီး ပြိုင်ဘက်များထက် ၅၀ ရာခိုင်နှုန်း ပိုမြန်သည်ဟု Apple က ပြောကြား ခဲ့ပါတယ်။ Graphics ကလည်း ၎င်း၏ ပြိုင်ဘက်များထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သည်ဟု ဆိုထားပါတယ်။ ( ဒါပေမဲ့ ဘယ်သူနဲ့ နှိုင်းယှဉ်တယ်ဆိုတာကိုတော့ အတိအကျ မဖော်ပြထားပါဘူး )

iPhone 13 lineup အသစ်ဟာ ပိုမို ကောင်းမွန်သော battery life ကို ပေးပါ လိမ့်မယ်။ iPhone 13 Mini က iPhone 12 Mini ထက် ၁ နာရီခွဲ (1.5 hours) ပိုမို ကြာရှည်ခံမှာပဲ ဖြစ်ပြီး ပိုကြီးသော iPhone 13 က iPhone 12 နှင့် နှိုင်းယှဉ်လျှင် ၂ နာရီခွဲ ( 2.5 hours ) ပို၍ ကြာရှည်ခံနိုင်မှာပဲ ဖြစ်ပါတယ်။ ပိုကြီးတဲ့ batteries များကြောင့် A15 Bionic မှ ပိုမို ကောင်းမွန်သော performance စွမ်းဆောင်ရည် ပြီးတော့ နောက်ထပ် software improvements တွေနဲ့ software optimizations တွေကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။

အကြီးမားဆုံး ပြောင်းလဲမှုဟာ အရင်နှစ်က iPhone 12 Pro Max မှ trickled-down camera technology ပုံစံဖြင့် ထွက်ရှိ လာပါတယ်။ အခြေခံ iPhone 13 ဟာ 2020 တွင် Apple က ၎င်း၏ အကြီးမားဆုံး smartphone ဖြင့် ထုတ်ဖော် ပြသခဲ့သည့် တူညီသော souped-up camera ကို ရရှိခဲ့ ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထက် 47 ရာခိုင်နှုန်း ပိုမို ကျယ်ပြန့်လာသော camera အတွက် physically larger sensor တစ်ခု ပါ၀င်ပြီး ၎င်းဟာ ဆူညံသံ နည်းစေသော darker environments များတွင် အလင်းကို ပိုမို ဖမ်းယူ နိုင်စေ ပါတယ်။

Image: Apple

wide sensor အသစ်ဟာ f/1.6 aperture ပါသော 12-megapixel lens တစ်ခု ဖြစ်ပြီး 12-megapixel ultrawide camera အသစ်တွင် ပိုမို မြန်ဆန်သော f/2.4 lens တစ်ခု နှင့် 120-degree မြင်ကွင်းကျယ်တို့ ပါ၀င် ပါတယ်။ iPhone 13 တွင် 12 Pro Max တွင် Apple ကယမန်နှစ်ကမိတ်ဆက်ခဲ့သော sensor-shift stabilization နည်းပညာကိုထည့်သွင်းပေးလိမ့်မည်။ iPhone 13 ဟာ 12 Pro Max တွင် ယမန်နှစ်က Apple မိတ်ဆက်ခဲ့သော vibrations များကို လျှော့ချဖို့ wide sensor ကို physical ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးတဲ့ sensor-shift stabilization technology ပါ၀င် ပါတယ်။

Cameras အသစ် များဟာလည်း iPhone 13 Pro နှင့် Pro Max models များနှင့် Apple မိတ်ဆက်ခဲ့တဲ့ ရိုက်ချက်တွေမှာ ပိုမို လိုက်ဖက်မှု ရှိစေဖို့ photos တွေကို ပိုပြီးတော့ စိတ်ကြိုက် ပြုပြင် ခွင့်ပြုသော “photographic profiles” feature ကို ရရှိမှာပဲ ဖြစ်ပါတယ်။

Apple ဟာ ကုမ္ပဏီက amusing Knives Out-style parody တွင် ထုတ်ဖော် ပြသခဲ့သော ဗီဒီယို တစ်ခုအတွင်း focus ပြောင်းဖို့ rack focus effect ကို ခွင့်ပြုပေးတဲ့ ဗီဒီယို အတွက် “ cinematic mode” အသစ်ကိုလည်း မိတ်ဆက် ခဲ့ပါတယ်။ video တစ်ခုကို recording လုပ်အခါ cinematic mode ဟာ အချိန်နှင့် တပြေးညီ ရိုက်ကူးနေစဉ် လူဟာ frame ထဲသို့ ၀င်သွားတဲ့အခါ ( သို့မဟုတ် ) camera ကို တစ်ချက် ကြည့်လိုက်သော အခါ အာရုံ စူးစိုက်မှုကို ပါးနပ်စွာ focus က အလိုအလျောက် ပြောင်းသွား ပါလိမ့်မယ်။ ပိုမိုတိကျသော ထိန်းချုပ်မှုအတွက် particular object တစ်ခုအား focus ကို ကိုယ်တိုင် ပြောင်းနိုင် သလို၊ lock လည်း ချထားနိုင် ပါလိမ့်မယ်။ ရှေ့ကင်မရာ ( front-facing camera) မှာလည်း cinematic mode support ပါ၀င် ပါတယ်။
Apple က iPhone 12 နှင့် နှိုင်းယှဉ်လျှင် 5G performance ပိုမို ကောင်းမွန်ကြောင်း ကတိပြုခဲ့ပြီး ပိုမို ကောင်းမွန်တဲ့ international 5G experiences များအတွက် band support ပိုမို ရရှိ ပါတယ်။ ကုမ္ပဏီက iPhone ကို ယခုနှစ် နှောင်းပိုင်းတွင် countries နှင့် regions ၆၀ ကျော်မှာ 200 carriers ကို support ပေးလိမ့်မည်ဟု ကုမ္ပဏီက ကတိပြု ထားပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။