Start-Up ကုမ္ပဏီ Nuro မှပထမဆုံး မောင်းသူမဲ့ ပစ္စည်းပို့ဝန်ဆောင်မှု

စက်ရုပ်ကုမ္ပဏီ Nuro သည်လာမည့်နှစ်အစောပိုင်းတွင်မောင်းသူမဲ့ပို့ဆောင်ခြင်းလုပ်ငန်းကို စတင်ရန်စီစဉ်သည်။ Nuro ရဲ့ R2 မောင်းသူမဲ့ပစ္စည်းပို့ယာဉ်တွေကို ကယ်လီဖိုးနီးယားပြည်အတွင်း ဧပြီလထဲမှာ စတင် စမ်းသပ်ခဲ့တာ ဖြစ်ပြီး အခုမှ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက် ရလာတာ ဖြစ်ပါတယ်။

Nuro ရဲ့ မောင်းသူမဲ့ယာဉ်ဟာ တစ်နာရီ ၃၅မိုင်နှုန်းပဲ ကန့်သတ်ထားပြီး ရာသီဥတုသာယာတဲ့ အခြေအနေမျိုးမှာပဲ ပို့ဆောင်ပေးဖို့ သတ်မှတ်ထားပါတယ်။ Nuro ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပထမဆုံး အလိုအလျောက်မောင်းပစ္စည်းပို့ ဝန်ဆောင်မှုအဖြစ် ခွင့်ပြုချက်ရလိုက်တာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရပြီ ဖြစ်လို့ မောင်းသူမဲ့ယာဉ်ပစ္စည်းပို့ ဝန်ဆောင်မှုတွေအတွက် တန်ဆာခ ကောက်ခံတော့မှာပါ။

“ပထမဆုံး ဈေးကွက်ဝင်ခွင့်ပါမစ်ချပေးခြင်းဟာ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း မောင်းသူမဲ့ယာဉ်ဖြစ်ပေါ်လာမှုအတွက် သိသာထင်ရှားတဲ့ မှတ်တိုင်တစ်ခုပါပဲ” လို့ ကယ်လီဖိုးနီးယား မော်တော်ယာဉ်လုပ်ငန်းဌာန ဒါရိုက်တာ စတိဗ်ဂေါ်ဒွန်က ဆိုပါတယ်။Nuro ကို Google အင်ဂျင်နီယာဟောင်းနှစ်ဦးက တည်ထောင်ထားတာ ဖြစ်ပြီး ဂျပန်ရင်းနှီးမြှပ်နှံမှုလုပ်ငန်း SoftBank က ရံပုံငွေ ထောက်ပံ့ထားပါတယ်။

Nuro ရဲ့ R2 မောင်းသူမဲ့ပစ္စည်းပို့ယာဉ်တွေကို ကယ်လီဖိုးနီးယားပြည်အတွင်း ဧပြီလထဲမှာ စတင် စမ်းသပ်ခဲ့တာ ဖြစ်ပြီး အခုမှ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက် ရလာတာ ဖြစ်ပါတယ်။ 

Nuro R2 ယာဉ်တွေဟာ ရေဒါများ ၊ အပူချိန်ပုံဖော်စနစ်များနဲ့ ပတ်ပတ်လည် ၃၆၀ ဒီဂရီ ကင်မရာတွေ တပ်ဆင်ထားပြီး လမ်းကြောင်း လှုပ်ရှားမှုကို ညွှန်ကြားတာပါ။ ယာဥ်ဟာ ကြက်ဥပုံစံ ဘောင်များရှိပြီး US မှာအသုံးပြုတဲ့ ကားအများစုထက်သေးငယ်ပါတယ်။ ၎င်းတွင် ကုန်ပစ္စည်းပို့ဆောင်ရေးသိုလှောင်မှုအတွက်အပူချိန်ထိန်းချုပ်ထားသောအခန်းနှစ်ခန်းပါရှိပါတယ်။ လက်ခံသူမှကုဒ်တစ်ခုထည့်လိုက်လျှင် တံခါးများကိုဖွင့်နိုင်သောစနစ်ကိုထည့်သွင်းထားပါတယ်.အောက်တိုဘာလတွင်မောင်းသူမဲ့အငှားယာဉ်များသည် Phoenix, Arizona တို့တွင် Google’s Waymo ဝန်ဆောင်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ်စတင်လုပ်ဆောင်ခဲ့ပါတယ်။

အလားတူ ၀န်ဆောင်မှုကိုအွန်လိုင်းနည်းပညာနှင့်လက်လီကုမ္ပဏီကြီးဖြစ်သည့် Alibaba ကနောက်ခံပြု၍တရုတ်နိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သောရှန်ဟိုင်းတွင်စမ်းသပ်ခဲ့ပါတယ်။ထူးခြားတာက ဒီယာဉ်တွေမှာ စတီယာရင်ဘီးမပါသလို ဘရိတ်နဲ့ လီဗာတံတွေအပြင် နောက်ကြည့်မှန်တွေပါ တပ်ဆင်ထားခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တက္ကဆက်ပြည်နယ် ဟူစတန်မှာ စပြီး စမ်းသပ်စဉ်က R2 ယာဉ်တွေဟာ Domino’s Pizza အတွက် ပီဇာတွေ ပေးပို့ခဲ့သလို Kroger နဲ့ Walmart တို့လို စူပါမားကတ်တွေကနေ ကုန်ပစ္စည်းများပါ သယ်ဆောင်ပေးခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။