ကမ္ဘာပေါ်က နေမဝင်ပဲ ညမရှိတဲ့ နိုင်ငံများ

ညအမှောင်ကိုမကြိုက်တဲ့ သူတွေရှိပါသလား။ နေ့ခင်းဖက်ကိုသာကြိုက်ပြီး ညအမှောင်ကို မကြိုက်ဘူးဆိုတဲ့သူတွေအတွက် ကမ္ဘာပေါ်မှာ ရှိတဲ့ နေလုံးဝမဝင်ပဲ ညမရှိတဲ့ နိုင်ငံတွေအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အချို့ သောနိုင်ငံတွေက ထူးဆန်းစွာပဲ နေနဲ့ညဆိုတာမျိုးမရှိပဲနဲ့ တစ်နေ့တာလုံး နေ့အလင်းနဲ့ ထွန်းလင်းတောက်ပတဲ့ ကာလတွေ ကိုယ်စီရှိကြပါတယ်။ညဖက်ရှိနေတာလည်းမကြိုက်ဘူးဆိုရင် ကာလတစ်ခုအထိ ကမ္ဘာပေါ်က နေမဝင်ပဲ ညမရှိတဲ့ နိုင်ငံများ ကိုတွက်ချက်ပြီးသွား လည်နိုင်အောင်လို့ ပြောပြပေးလိုက်ပါတယ်။

နော်ဝေး

အာတိတ်စက်ဝိုင်းဒေသမှာ တည်ရှိတဲ့ နော်ဝေးနိုင်ငံကို မွန်းတည့်နေအမြဲရှိတဲ့ နိုင်ငံတစ်ခုလို့ လူသိများပါတယ်။ နော်ဝေးနိုင်ငံမှာ မေလကနေစပြီး ဂျူလိုင်လနှောင်းပိုင်းလောက်အထိကို နေလုံးဝမဝင်ပါဘူး။ ထွန်းလင်းတောက် ပနေတဲ့ နေမင်းကြီးက တစ်ရက်မှာ နာရီ ၂၀ ကြာအောင်ကို နိုင်ငံတစ်ခုလုံးကို လွှမ်းမိုးထားတာပဲဖြစ်ပါတယ်။ နော်ဝေးနိုင်ငံ စဗဲဘတ်ဒ်မြို့လေးမှာဆိုရင်လည်း ဧပြီလ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အထိ မရပ် မနား နေရဲ့အလင်းရောင်ကို ရလေ့ရှိတာဖြစ်ပြီး အဲဒီရက်တွေမှာတော့ ညဘက်တွေဆိုတာ လုံးဝမရှိပါဘူး။

အိုက်စ်လန်

အိုက်စလန်နိုင်ငံဟာ လှပတဲ့နိုင်ငံဖြစ်သလို ဥရောပနိုင်ငံတွေထဲမှာ ကြီးမားတဲ့ ကျွန်းစုတွေကို အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။အိုက်စ်လန်းဟာ ဂရိတ်ဗြိတိန်ပြီးရင် ဒုတိယအကြီးဆုံး ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်းနိုင်ငံဖြစ်တာနဲ့အညီ သိပ်ကို လှပပြီး ဆွဲဆောင်မှုရှိတဲ့ရှုခင်းအမိုက်စားတွေ ရှိနေတာပါ။ အိုက်စ်လန်မှာလည်း မေလ ၁၀ရက်နေ့က စပြီး ဂျူလိုင်လအထိ နေဝင်လေ့မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်တွေမှာ နေဟာ မိုးကုတ် စက် ဝိုင်းရဲ့ အထက်ကို ကျရောက်နေလေ့ရှိလို့ ပါပဲ။ အိုက်စ်လန်ကို သွားလည်တော့မယ်ဆိုရင် အဲဒီရက်တွေ ရွေးပြီး သွားသင့်ပါတယ်။ညဖက်ရှိနေမှာမဟုတ်တာကြောင့်လဲ တောင်တက်တာ၊ တောရိုင်းသဘာဝလေ့လာ ကြည့် တာ၊ ဝေလငါးကြည့်တာနဲ့ နိုင်ငံအနှံ့ လည်ပတ်တာကို သင်ကိုယ်တိုင်မအိပ်ချင်မချင်းတစ်ဝကြီး ခံစားနိုင်မှာဖြစ်ပါတယ်။

နေ့ခင်းဖက်ကိုသာကြိုက်ပြီး ညအမှောင်ကို မကြိုက်ဘူးဆိုတဲ့သူတွေအတွက် ကမ္ဘာပေါ်မှာ ရှိတဲ့ နေလုံးဝမဝင်ပဲ ညမရှိတဲ့ နိုင်ငံတွေအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အချို့ သောနိုင်ငံတွေက ထူးဆန်းစွာပဲ နေနဲ့ညဆိုတာမျိုးမရှိပဲနဲ့ တစ်နေ့တာလုံး နေ့အလင်းနဲ့ ထွန်းလင်းတောက်ပတဲ့ ကာလတွေ ကိုယ်စီရှိကြပါတယ်။ညဖက်ရှိနေတာလည်းမကြိုက်ဘူးဆိုရင် ကာလတစ်ခုအထိ ညမရှိတဲ့ နိုင်ငံတွေကို တွက်ချက်ပြီးသွား လည်နိုင်အောင်လို့ ပြောပြပေးလိုက်ပါတယ်။

ကနေဒါ

ကမ္ဘာပေါ်မှ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ ကနေဒါဟာ တစ်နှစ် ပတ်လုံး နိုင်ငံအနှံ့အပြားမှာ နှင်းတွေ ဖုံးလွှမ်းနေတာ ဆိုတော့ စိတ်လက်အပန်းဖြေဖို့ သွားရောက်လည် ပတ်သင့်တဲ့ နေရာတွေမှာ ထိပ်ဆုံးက ရပ်တည်နေတာပါ။ ကနေဒါကလည်း အနောက်မြောက်နိုင်ငံတွေလို ပဲနွေရာသီမှာဆိုရင် ရက်ပေါင်းငါးဆယ်ခန့် ညဖက်မရှိတော့ပဲ တစ်နေကုန် နေရောင်နွေးနွေးလေးနှင့် လည် ပတ်ပျော်ရွှင်နိုင်ပါတယ်။ကနေဒါရောက်ပြီဆိုတာနဲ့ တောင်တက်တာ၊ရေပူစမ်းသွားတာ၊Road Trip တွေ ထွက်တာမျိုးတွေက မဖြစ်မနေ လုပ်ခဲ့သင့်တဲ့ အရာတွေ ပဲဖြစ်ပါတယ်။

အလက်စကာ

အမေရိကန်ပြည်ထောင်စုက အလာစကာပြည်နယ်ဟာလည်း နှစ်စဉ် မေလနှောင်းပိုင်းကနေ ဇူလိုင်လ နှောင်းပိုင်းအထိ နေ ဝင်လေ့ မရှိပါဘူး။ ဆောင်းရာသီဆိုရင်လည်း အလာစကာ ပြည်နယ်ဟာ နေထွက်လေ့ မရှိဘဲ ညအချိန်တွေနဲ့သာ ရင်ဆိုင်ရလေ့ ရှိပါတယ်။လှပပြီး ရင်သပ်ရှုမောဖို့ ကောင်းတဲ့ ဒီနိုင်ငံ ဟာ နေလုံးဝမဝင်တဲ့ နေ့တွေရှိသလို ဆောင်းတွင်းရောက်ရင်လည်း မှောင်မည်း နေတတ်ပြန်ပါသေးတယ်။ အရမ်းကို လှတဲ့ နိုင်ငံတစ်ခုဆိုတော့ နေ့ဘက်တွေတင် လည်လို့ အားမ ရတဲ့ သူတွေအတွက် ညဘက်တွေ နေမဝင်တဲ့ အတွေ့အကြုံပါ ရနိုင်ပါသေးတယ်။

ဆွီဒင်

နေ မဝင်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဆွီဒင်နိုင်ငံဟာ ညဉ့်သန်းခေါင်အချိန်မှာ နေဝင်လေ့ ရှိ ပြီး မနက်စောစော ၄ နာရီခွဲလောက်ဆိုရင် နေပြန်ထွက်ပါပြီ။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ နေဝင်ချိန်က ၄ နာရီ၊ ၅ နာရီလောက်ပဲ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လေ့ရှိတဲ့ အချိန်ကတော့ မေလနဲ့ သြဂုတ်လအတွင်းပါ။ ဒီလိုအချိန်တွေမှာ ဆွီဒင်နိုင်ငံကို အလည်သွားသူတွေအနေနဲ့ ငါးမျှားခြင်း၊ ဂေါက်ရိုက်ခြင်းနဲ့ နှင်းလျှောစီးခြင်းတွေကို ရှည်လျားတဲ့ နေ့တာအောက်မှာ ပြုလုပ်နိုင်ပါတယ်။

ဆွီဒင်နိုင်ငံမှာတော့ အဆုံးအထိ ညဘက် နေဝင်ပါတယ်။ ပြီးရင်တော့ မနက် ၄နာရီခွဲပြီဆိုတာနှင့် နေပြန်ထွက် လာ တတ်တာကြောင့် ညတာ အတော်လေး တိုလေ့ရှိပါတယ်။

ဖင်လန်

ဖင်လန်ဟာ ရေအိုင်များနှင့် ကျွန်းပေါင်းများစွာ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာရှိတဲ့ နေရာဒေသ အတော်တော်များများမှာ နွေရာသီရောက်တိုင်း နေလုံးဝမဝင်ပါဘူး။ နေမဝင်တဲ့ရက်ကလည်း ၇၃ ရက်ကြာမြင့်တာ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံ သွားရောက် လည်ပတ်တဲ့ အခါမှာလည်း Northern Lights များကို မြင်တွေ့ရမှာ ဖြစ်တဲ့အပြင် ရေခဲဖန်တုံးအိမ်တွေမှာ အနားယူတာမျိုးနဲ့ နှင်းလျောစီးတာတွေပါ လုပ်နိုင်မှာ ဖြစ်ပါ တယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။