ကမ္ဘာပေါ်ရှိ စွန့်ဉီးတီထွန်သူအမျိုးသမီး (၅) ယောက်

ကမ္ဘာပေါ်မှာရှိခဲ့တဲ့သိပ္ပံနည်း ပညာပိုင်းဆိုင်ရာစွန့်ဦးတီထွင်သူတွေကိုမေးခဲ့ရင်တော့ သောမတ် အက်ဒီဆင်၊ အလက်ဇန္ဒားဂရေဟမ်ဘဲ ၊ နီကိုလာတက်စတာ နဲ့ လီယိုနာဒိုဒါဗင်ချီစတဲ့ အမျိုးသားပညာရှင်တွေရဲ့အမည်ကိုသာကြားသိရမှာပါ။

ကမ္ဘာ့သိပ္ပံဆိုင်ရာစွန့်ဦးတီထွင်သူ သမိုင်းမှာ အမျိုးသမီးတွေကလည်း နေရာတစ်ခုကနေ ပါဝင်နေတာကို အသေအချာ လေ့လာရင်တော့သိရပါလိမ့်မယ်။ အမျိုးသမီးတွေဟာ သူတို့နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေအပေါ်မူတည်ပြီး ဆန်းသစ်တီထွင်မှုတွေပြုလုပ်ခဲ့ရာကနေ မျက်မှောက်ခေတ် ကာလနည်းပညာဆိုင်ရာထွန်းကားမှုအတွက် အခြေခံကောင်းများစွာ၊လူသားတွေ အတွက် ကောင်းကျိုးရလဒ်များစွာဖြစ်ပေါ်စေခဲ့ပါတယ်။

ရှေးယခင်ကာလများစွာက အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံခြင်းများစွာခံခဲ့ရပြီး သူတို့အခွင့်အရေးအတွက် ပြန်လည်တောင်းဆိုခဲ့ရတဲ့ဖြစ်ရပ်တွေ ကမ္ဘာမှာဖြစ်ခဲ့ပေမယ့် ယနေ့အချိန်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ရင်ပေါင်တန်းပြီး ကမ္ဘာ့ပြဿနာတွေကိုတောင် အဖြေရှာပေးနေရတဲ့ ကမ္ဘာထိပ်တန်းနိုင်ငံများစွာ၊အဖွဲ့အစည်းများစွာမှာ အရေးပါတဲ့နေရာကနေ တာဝန်ထမ်း ဆောင်နေပါပြီ။

ဒီတစ်ခါမှာမျှဝေပေးချင်တာကတော့ လူသားတွေအတွက်အရေးပါတဲ့ ပစ္စည်းကိရိယာတွေ၊စမ်းသပ်ချက်တွေကို ပြုလုပ်ပေးခဲ့တဲ့ စွန့်ဦးတီထွင်သူအမျိုးသမီး ပညာရှင် (၅)ဦး အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

 

ဒီတစ်ခါမှာမျှဝေပေးချင်တာကတော့ လူသားတွေအတွက်အရေးပါတဲ့ ပစ္စည်းကိရိယာတွေ၊စမ်းသပ်ချက်တွေကို ပြုလုပ်ပေးခဲ့တဲ့ စွန့်ဦးတီထွင်သူအမျိုးသမီး ပညာရှင် (၅)ဦး အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

(၁) Computer software တီထွင်သူ – Grace Hopper

အမေရိကန်နိုင်ငံသူ Grace Hopper ဟာ အမေရိကန်ရေတပ် ရဲ့ အရာရှိကြီးတစ်ဦးဖြစ်သလို ကွန်ပျူတာသိပ္ပံပညာရှင်တစ်ယောက်လည်းဖြစ်ပြီး ကွန်ပျူ တာဆော့ဝဲတွေကို ပထမဆုံးတီထွင်ခဲ့သူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

သူမဟာ Havard Mark(1) ကွန်ပျူတာရဲ့ပထမဆုံးသော ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး ကွန်ပျူတာညွှန်ကြားချက် တွေကိုရေးသားခဲ့တဲ့ စွန့်ဦးတီထွင်သူ ပထမဆုံး Linkers တစ်ယောက်လည်းဖြစ်ပါ တယ်။

သူမဟာ ကွန်ပျူတာကုဒ်တွေကို ဘာသာပြန်ပေးတဲ့ compiler ကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။

Grace Hopper ဟာ machine-independent programming languages ပိုင်းဆိုင်ရာဖန်တီးမှုတွေကြောင့်လူသိများလာခဲ့ပြီး ယနေ့တိုင်အသုံးပြုနေတဲ့ COBOL လို့သိကြတဲ့ စီးပွားရေးလုပ်ငန်းသုံးပရိုဂရမ်ဘာသာစကားတွေကို ဖွံဖြိုးလာစေဖို့ လမ်း ကြောင်းပေးခဲ့ပါတယ်။သူမဟာရေတပ်ကနေအနားယူပြီးချိန်မှာလည်း အသက်(၇၉)နှစ် အရွယ်ထိ ကွန်ပျူတာဆိုင်ရာနယ်ပယ်မှာရှိနေခဲ့ပြီး အသက် ၈၅နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

(၂) Caller Id and call waiting တီထွင်သူ – Dr Shirley Ann Jackson

Dr Shirley Ann Jackson ကတော့ အမေရိကန်ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး Rensselaer Polytechnic Institute ရဲ့(၈)ဦးမြောက် ကျောင်းအုပ်ကြီလည်းဖြစ်ပါတယ်။ သူမဟာအာဖရိကန်တစ်ဦးဖြစ်ပြီး Massachusetts Institute of technology ကနေ PhD ဘွဲ့ရခဲ့တဲ့ ပထမဆုံးသောအာဖရိကန်တစ်ယောက်အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ သူမဟာ (၁၉၇၀)လောက်ကတည်း Caller Id and call waiting တွေကိုတီထွင်နိုင်ခဲ့ပြီး ယင်းကာလကပညာရှင်တွေကြံဆဖို့ခဲယဉ်းနေတဲ့ တယ်လီကွန် စနစ်ရဲ့ ရွေပြောင်းနိုင်တဲ့ fax၊ fibre optic cable တွေ၊Solar cells တွေကိုဖန်တီးနိုင်ခဲ့ ပါတယ်။

(၃) Space station batteries ဖန်တီးသူ- Olga D Gonzalez Sanabria

၁၉၈၀)ခုနှစ်လောက်က Puerto Rico နိုင်ငံငယ်လေးက Olga D Gonzalez Sanabria ရဲ့တီထွင်မှုသာ မရှိခဲ့ရင် မျက်မှောက်ခေတ် အာကာသသိပ္ပံဆိုင်ရာ နည်းပညာလုပ်ငန်းတွေအတွက် အတော်ကိုအခက်တွေ့ခဲ့မှာဖြစ်ပါတယ်။ သူမဟာ နိုင်ငံတကာအာကာသ စခန်းတွေမှာအသုံးပြုနေတဲ့ Long cycle-life nickel-hydrogen ဘတ်ထရီတွေကို တီထွင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း နာဆာရဲ့ Glenn Research Center ရဲ့ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

(၄) ပန်းကန်ဆေးစက် တီထွင်သူ – Josephine Cochrane

ယနေ့အသုံးပြုနေတဲ့ ပန်းကန်ဆေးစက်တွေကို ဖန်တီးခဲ့သူကတော့ အမေရိကန်ပြည်ထောင်စု၊အိုဟိုင်းယိုးပြည်နယ်က Josephine Cochrane ပဲဖြစ်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Josephine Cochraneဟာ ပန်းကန်ဆေးတဲ့အလုပ်ကို လူသားတွေလုပ်တဲ့နှုန်းထားထက်ပိုမိုမြန်ဆန်စေချင်တဲ့ ဇောနဲ့ ပန်းကန်ဆေးစက်တွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်။

(၁၈၈၆)ခုနှစ်က သူမရဲ့ကြံဆချက်ကတော့ မော်တာများကိုအသုံးပြုပြီး ကြေးနီဘွိုင်လာအိုးအတွင်းက ဘီးတစ်ခုကိုလည်ပတ်စေကာရေဖိအားနဲ့ပန်းကန်၊ခွက် ယောက်တွေကိုဆေးကြော စေတဲ့ နည်းဖြစ်ပါတယ်။ Cochrane ဟာအရက်စွဲ ရောဂါနဲ့သေဆုံးသွားခဲ့တဲ့ သူမယောင်္ကျားထားခဲ့တဲ့အကြွေးတွေကို သူမရဲ့ဖန်တီးမှုအစွမ်းနဲ့ပြန်လည် ပေးဆပ်နိုင်ခဲ့ တဲ့အပြင် ကိုယ်ပိုင်စက်မှုလုပ်ငန်းတစ်ခုကိုတောင် တည်ဆောက်နိုင်ခဲ့ပါတယ်။

(၅) ကျည်ကာအင်္ကျီ ကိုတီထွင်သူ – Stephanie Kwolek

အမေရိကန်နိုင်ငံသူ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Stephanie Kwolek ကိုတော့ လက်ရှိမျက်မှောက်အသုံးပြုနေတဲ့ ကျည်ကာအကျီတွေကိုတီထွင်သူအဖြစ် နာမည် ကျော်ပါတယ်။ (၁၉၆၅)ခုနှစ်မှာတော့ Stephanie Kwolek ဟာ သံမဏိထက်ငါးဆပိုမို ခိုင်ခန့်တဲ့ Polymer လို့သိကြတဲ့လူလုပ်ဒြပ်ပေါင်းတွေကိုစတင်တွေ့ရှိခဲ့ပြီး ကျည်ကာ အင်္ကျီတွေစတင်ဖန်တီးနိုင်ခဲ့ပါတယ်။

သူမရဲ့တွေ့ရှိမှုကြောင့် ယနေ့အချိန်ထိ လူသန်းပေါင်းများစွာဟာ အသက်ဘေးကနေ ကင်းလွတ်ခဲ့ရပြီး ယနေ့အထိလည်းနည်းပညာ ပိုင်းဆိုင်ရာ မြှင်တင်မှုတွေပြုလုပ်ပြီး ကမ္ဘာနိုင်ငံတိုင်းလိုလိုသုံးစွဲနေရဆဲလည်း ဖြစ်ပါ တယ်။ သူမတွေ့ရှိတဲ့ ဓာတုဒြပ်ပေါင်းတွေရဲ့အခြားသော ထုတ်ကုန်တွေကိုတော့ အိမ်တွင်း သုံးလက်အိတ်တွေ၊မိုဘိုင်းဖုန်းတွေနဲ့ လေယာဉ်ပျံတွေ၊ ကြိုးတံတားတည်ဆောက်ရေး လုပ်ငန်းတွေအထိ အသုံးပြုနေရာတာကို တွေ့ရမှာဖြစ်ပါတယ်။

Photo:Success Academy

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။