ကမ္ဘာကျော် တိုက်တန်းနစ်ရဲ့ ဖြစ်ရပ်ဆန်းများ

တိုက်တန်းနစ် ကိုတော့ အားလုံးသိပြီးဖြစ်ပါတယ်။ အများစုကတော့ နစ်မြှပ်သွားတဲ့သင်္ဘော ကြီး ။ လီယိုနာဒိုတို့သရုပ်ဆောင်တဲ့ ဇာတ်ကားဒီလောက်ပဲသိကြမှာပါ။ မသိသေးတဲ့ သူများအတွက် တိုက်တန်းနစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။တိုက်တန်းနစ် သင်္ဘော ခေါ် RMS Titanic ( SS Titanic) မှာ ဗြိတိသျ သင်္ဘောဖြစ်ပြီး ကြယ်ဖြူသင်္ဘောလိုင်းအတွက် ဟာလန်းနှင့် ဝုဖ် သင်္ဘောဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုကြယ်ဖြူလိုင်းတွင် ရှယ်ယာအများဆုံးထည့်ဝင်ခဲ့သူမှာ အမေရိကန်သူဌေးကြီး ဂျေပီမော်ဂန် ဖြစ်ပါတယ်။ တိုက်တန်းနစ် သင်္ဘောမှာ ခရီးသည် များပို့ဆောင်ရန်နှင့် စာပို့ခြင်းအတွက်တည်ဆောက်ထားသော ပင်လယ်ပြင်သွား သင်္ဘောကြီးဖြစ်ပါတယ်။

သင်္ဘောတည်ဆောက်ပုံ

မည်သည့် အခါမှ မနစ်မြှပ်နိုင်အောင် ရည်ရွယ်တည်ဆောက်ထားပြီး တစ်နာရီတွင် ရေမိုင် ၂၃ မိုင်မှ ၂၅ မိုင်အမြန်နှုန်းသွားနိုင်ပါတယ်။ သင်္ဘောအရှည် (၈၈၂) ပေရှိပြီ အသက်ကယ်လှေ ၂၀ ပါရှိပါတယ်။ မြင်းကောင်‌ရေ ၅၀၀၀၀ အားကို အသုံးပြုထားပြီး ပန်ကာ သုံးလုံးတပ်သင်္ဘောဖြစ်ပြီး သင်္ဘောတွင် ရေလုံခန်း ၁၅ ခန်းပါရှိပါတယ်။

တိုက်တန်းနစ် ကိုတော့ အားလုံးသိပြီးဖြစ်ပါတယ်။ အများစုကတော့ နစ်မြှပ်သွားတဲ့သင်္ဘော ကြီး ။ လီယိုနာဒိုတို့သရုပ်ဆောင်တဲ့ ဇာတ်ကားဒီလောက်ပဲသိကြမှာပါ။ မသိသေးတဲ့ သူများအတွက် တိုက်တန်းနစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သင်္ဘောနစ်မြှပ်ခြင်း

၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်တွင် အင်္ဂလန် နိုင်ငံ ဆောက်သန်တန်မှ ထွက်ခွာခဲ့ပြီး ခရီးသည် ၂၂၀၀ ပါရှိပြီး ၄ရက် မြောက်နေ့ ၁၉၁၂ ခု ဧပြီလ ၁၄ ရက်ည ၁၁ နာရီ ၄၀ မိနစ် တွင်တိုက်တန်းနစ် သည်အတ္တလန်တိတ် သမုဒ္ဒရာအတွင်း မျောပါနေသော ဧရာမရေခဲတုံး ဖြင့်ဝင်တိုက်မိခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် တိုက်တန်းနစ် ၏ ရေလုံခန်း အတွင်းသို့ ရေများဝင်ရောက်ခဲ့ပါတယ်။  ၂ နာရီ နှင့်မိနစ် ၄၀ အကြာ ဧပြီလ ၁၅ ရက်မနက် ၂ နာရီ ၂၀ မိနစ်တွင်သင်္ဘောနှစ်မြှပ်သွားခဲ့ပါတယ်။

သင်္ဘောမှာနှစ်ပိုင်း ထက်ခြမ်းဖြစ်သွားခဲ့ပြီ လူပေါင်း ၁၅၀၀ နှင့်အထက်သေးဆုံးခဲ့ရပါတယ်။ ၇၀၅ ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ငြိမ်းချမ်းသောကာလ အတွင်း အဆိုးရွားဆုံးသင်္ဘောမှောက်မူ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

အသက်ကယ်လှေများလုံလောက်စွာ မရှိမူကြောင့် လူပေါင်းများစွာ အသက်ဆုံးရှူံးခြင်းဖြစ်ပါတယ်။ အသက်ကယ်လှေများ အတွင်းသို့ အမျိုးသမီးများ နှင့်ကလေး သူငယ်များ အရင်တက်ရောက်စေပြီး အထက်တန်းမှခရီးသည် များလည်း အခြားအဆင့်မှ ခရီးသည်များထက်ပို၍ဦးစားပေးခံခဲ့ရပါတယ်။

 

အခြားအကြောင်းတစ်ရပ်မှာ ကယ်ဆယ်ရန်အဖြစ်နိုင်ဆုံး တိုက်တန်းနစ် နှင့်အနီးဆုံးရှိသော သင်္ဘောမှာ ဆက်သွယ်ရေး ရေဒီယို ကိုပိတ်ထားခဲ့သောကြောင့် ကယ်ဆယ်ရေး အချက်ပြမှုကို သတိမမူမိသောကြောင့်ဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူများ

ယခုအခါ နစ်မြှပ်စဥ်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှမရှိကြတော့ပေ။ အားလုံးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ အသက်ရှင်ကျန်ရစ်သူများထဲမှ နောက်ဆုံးသေဆုံးခဲ့သူမှာ မီးဗီနာ ဒင်းဟုခေါ်သော အမျိုးသမီး ဖြစ်ပါတယ်။ သင်္ဘောကြီး နစ်မြှပ်စဥ်က သူသည် အသက်ကိုးနှစ်သမီးအရွယ်သာရှိပါသေးတယ်။ အသက် ၉၇ နှစ်တွင် အင်္ဂလန်ပြည် ဟမ်ရှိုင်းယား အရပ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

အကျိုးဆက်များ

ထိုဖြစ်ရပ်ဆိုးမှ သင်ခန်းစာယူရန် အကျိုးဆက်များအနေနဲ့ သင်္ဘောတည်ဆောက်‌ရေးဥပဒေများ ပြောင်းလဲ လာခဲ့ပါတယ်။ သင်္ဘောပေါ်တွင် စီးနင်းလိုက်ပါသူတိုင်း အတွက်လုံလောက်သော အသက်ကယ်လှေ များထားရှိစေပြီး ဆက်သွယ်ရေးရေဒီယို တွင်တစ်ယောက်ယောက်အမြဲတမ်း စောင့်နားထောင်သည့် စနစ်ကို ထည့်သွင်းစေခဲ့ပါတယ်။

 ပြန်လည်ရှာဖွေခြင်း

သင်္ဘောပျက်ကို ပြင်သစ် နှင့်အမေရိကန်တို့ ပါဝင်သော ရောဘတ်ဘောလက် နှင့် ယန်းလူးဝစ် မိုက်ကယ်တို့ ဦးဆောင်သည့် ရှာဖွေရေးအဖွဲ့မှ ၁၉၈၅ စက်တင်ဘာလ ၁ ရက် ၁ နာရီတွင် ပြန်ရှာတွေ့ခဲ့ပါတယ်။

အခြား

ထိုနစ်မြှပ်မှု နှင့်ဆိုင်သော ရုပ်ရှင်များစွာပေါ်ထွက်ခဲ့ပါတယ်။ အကျော်ကြားဆုံးသော ရုပ်ရှင်မှာ ၁၉၉၇ ခုနှစ်တွင်ပြသခဲ့သော တိုက်တန်းနစ် အမည်ရှိ ရုပ်ရှင်ဖြစ်ပြီ ကိတ်ဝင်စလက် နှင့် လီယိုနာဒို တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

ထူးခြားချက်များ

တိုက်တန်းနစ် ကို ၂၆ လကြာတည်ဆာက်ခဲ့ရပြီ တည်ဆောက်စဥ် အတွင်းလူ၂ ဦးသေဆုံးကာ ထိုခိုက်ဒဏ်ရာရမှုပေါင်း ၂၄၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။သူ့ခေတ်သူ့အခါက တိုက်တန်းနစ် သင်္ဘောဟာ ကမ္ဘာ့ အကြီးဆုံးခရီးသည်တင် သင်္ဘောဖြစ်ခဲ့ပြီး အရှည် ၈၈၂ ပေရှိခဲ့ပါတယ်။ပထမတန်းစား ခရီးသည်တွေကို သီချင်း အပုဒ် ၃၅၂ ပုဒ်ပါဝင် တဲ့စာရွက်တွေပေးထားပြီ ကြိုက်တဲ့အပုဒ်ကို တောင်းဆိုခွင့်ရှိပါတယ်။ ဂီတသမားတွေလည်း သီချင်းအပုဒ်အတိုင်းကို လေ့ကျင့်ထားရပါတယ်။

အဲဒီအချိန် ပထမတန်းစားခရီးသည် လက်မှတ်တန်ဖိုးဟာ ဒေါ်လာ ၄၃၅၀ တန်ပြီး ယနေ့ အချိန်မှာ ဆိုရင် ဒေါ်လာ ၁ သိန်းနဲ့ ညီမျှပါတယ်။
အသက်ကယ်လှေ ၆၄ စင်းထားရှိဖို့ စီစဥ်ထားပေမယ့် သင်္ဘောထွက်ချိန်မှာ အစင်း ၂၀ သာ ဘယ်ဆောင်သွားနိုင်ခဲ့ပါတယ်။  ဒီအရေအတွက်ဟာ ခရီးသည် ၁၁၇၈ ယောက်ကိုပဲ တင်ဆောင်နိုင်ပါတယ်။

တိုက်တန်းနစ်မှာ မီးခိုးခေါင်းတိုင် ၄ ခုပါရှိပေမယ့်ါ ၃ခုကသာ အစစ်ဖြစ်ပါတယ်။ ကျန်တစ်ခုကတော့ ပိုကြည့်လို့ကောင်းအောင် ထည့်သွင်းထားတာဖြစ်ပါတယ်။ခရီးသည်တွေထဲမှာ မင်္ဂလာဆောင်ဦး ဟန်းနီးမွန်းထွက်လာတဲ့ စုံတွဲ ၁၃ တွဲ ပါဝင်ခဲ့ပါတယ်။လွတ်မြောက်လာတဲ့ ခရီးသည်၄၉၂ ဦီးနဲ့ အတူခွေးနှစ်ကောင်လည်း ပါဝင်လွတ်မြောက်ခဲ့ပါတယ်။ (သင်္ဘောပေါ်မှာ ခွေးစုစုပေါင်း ၉ ကောင်ပါခဲ့တာဖြစ်ပါတယ်)

ကြောင်တွေကို ကံကောင်းခြင်းအထိမ်းအမှတ်နဲ့ သင်္ဘောတွေမှာ မကြာခဏဘယ်ဆောင်လေ့ရှိပေမယ့် တိုက်တန်းနစ် မှာတော့ ကြောင်တစ်ကောင်မှ မပါဝင်ခဲ့ပါဘူး။ဂီတပညာရှင််တွေဟာ သင်္ဘောစတင် နစ်မြှပ်နေစဥ်အတွင် ( စုစုပေါင်း ၂ နာရီ ၅ မိနစ် ခန့်) ဖျော်ဖြေသွားခဲ့ပါတယ်။စုစုပေါင်း သေဆုံးသူ ၁၅၀၃ ယောက်မှာ ၃၀၆ ယောက်ရဲ့ ရုပ်အလောင်းသာ ပြန်ရခဲ့ပါတယ်။ (လွတ်မြောက်သူကတော့ ၇၀၆ ယောက်ရှိပါတယ်။)လွတ်မြောက်သူတွေထဲမှာ အင်ဂျင်နီယာ တစ်ယောက်မှမပါဝင်ပါဘူး။ သင်္ဘောကို ချက်ချင်းမနစ်မြှပ်စေဖို့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို နောက်ဆုံးထွက်သက်အထိ လုပ်ဆောင်သွားတာကြောင့်ဖြစ်ပါတယ်။

ခရစ်ယာန်ဘုန်းကြီးတစ်ပါး ဟာ အသက်ကယ်လှေပေါ်ကို နှစ်ကြိမ်တက်ဖို့အခွင့်အရေးရပေမယ့် နှစ်ကြိမ်စလုံးကို ငြင်းပယ်ခဲ့ပြီးဆုတောင်းရင်းသင်္ဘောပေါ်မှာပဲကျန်ခဲ့ပါတယ်။နယူးယောက်တိုင်း သတင်းစာဟာ တစ်ပတ်အတွင်းမှာ တိုက်တန်းနစ် အကြောင်း ချည်းစာမျက်နှာ ၇၅ မျက်နှာ အထိဖော်ပြခဲ့ပါတယ်။

 သင်္ဘောကပ္ပတိန် Edward John Smith ဟာခရီးသွားတွေကို သင်္ဘောကနေ စွန့်ခွာကြဖို့ နောက်ဆုံးအချိန်အထိ သတိပေးရင်း သင်္ဘောပေါ်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ပြန်လည်ရရှိခဲ့ခြင်းမရှိပါဘူး။
Songe d’Automne ဆိုတဲ့ သီချင်းဟာတိုက်တန်းနစ် ပေါ်က ဂီတပညာရှင်တွေ သူတို့မသေမီ နောက်ဆုံးတီးသွားတဲ့ သီချင်းဖြစ်ပါတယ်။တိုက်တန်းနစ်နဲ့ ပတ်သက်လို့အာမခံကြေးလိုချင်တဲ့အတွက် သူဌေးဖြစ်သူကိုယ်တိုင်က မြှပ်ခိုင်းခြင်း ၊ တိုက်တန်းနစ် သည် တိုက်တန်းနစ်သင်္ဘောမဟုတ်ပဲ အိုလံပစ်သင်္ဘောသာဖြစ်ခြင်းစတဲ့ ငြင်းဆိုထောက်ပြချက်တွေ ထွက်ရှိခဲ့ပေမယ့် လေ့လာသူတွေကတော့ ဒီအချက်တွေကို အတည်မပြုခဲ့ကြပါဘူး။

Photo:BBC,EL Nacional

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။