အသားအရည်လှပဖို့ ဆောင်ရန် ရှောင်ရန်များ

အသားအရည်လှပဖို့ ဆောင်ရန် ရှောင်ရန်  တွေသိပြီးပြီလား? မိမိရဲ့ အသားအရ​ည်က ​ကြည်မနေဘူး၊ ညစ်နေတယ်ဆိုပြီး မိပ်ကပ်​​စျေး​ကြီးတာတေ ရှာသုံး​​နေလဲ အပိုပါပဲနော်။ မိပ်ကပ်စျေးကြီးတာ စျေးပေါတာနဲ့ အသားအရည်လှတာနဲ့က မသက်ဆိုင်ပါဘူး။ (မသက်ဆိုင်ဘူးဆိုပီးတော့လဲ စျေးအရမ်းပေါတဲ့မိပ်ကပ်တေလဲ မသုံးကြနဲ့ပေါ့နော်။ စျေးအရမ်းပေါတဲ့အခါကြတော့ chemicalပါဝင်မူပမာဏများလို့ အသားအရေ ထိခိုက်သွားနိုင်လို့ပါ။)
မိမိအသားရည် အသားအရည်လှပဖို့  ကြည်လင်ပြီး glowစေဖို့၊ ဝက်ခြံ တင်းတိတ် အမဲကွက်တေ ပျောက်စေဖို့ ဆောင်ရန်၊ ရှောင်ရန် လေးတေကို ​အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

အသားအရည်လှပဖို့ ဆောင်ရန် ရှောင်ရန်

ရှောင်ရန်

-မိပ်ကပ်ထူထဲစွာလိမ်း​ပြီး အချိန်ကြာကြာ မဖျတ်ပဲထားခြင်းကို မပြုလုပ်ပါနှင့်။ အချိန်ကြာကြာလိမ်းထားခြင်းဖြင့် မျက်နှာပေါ်ရှိ
မွှေးညှင်းပေါက်များတွင် မိပ်ကပ်များပိတ်ဆို့နေသဖြင့် ဝက်ခြံ အဆီဖုများထွက်လာနိုင်ပါတယ်။

-ကြမ်းတမ်းတဲ့ မျက်နှာသစ်စပ်ပြာကို မသုံးပါနဲ့။

-မျက်နှာ ကိုတစ်နေ့နှစ်ကြိမ်ထက်ပိုမသစ်ပါနဲ့။

– မျက်နှာသုတ်ပဝါကို အနဲဆုံး တစ်ပတ် နှစ်ကြိမ်လျော်ပီးသုံးပါ။ တစ်ခါသုံး တစ်သျူးများ သုံးလျှင်ပိုကောင်းပါသည်။

-အဆီများတဲ့အစားအစာတွေ၊ ဆီကြော်မုန့်၊ အားလူးကြော်တေ စားချင်ကိုရှောင်ပါ။

မိမိရဲ့ အသားအရ​ည်က ​ကြည်မနေဘူး၊ ညစ်နေတယ်ဆိုပြီး မိပ်ကပ်​​စျေး​ကြီးတာတေ ရှာသုံး​​နေလဲ အပိုပါပဲနော်။ မိပ်ကပ်စျေးကြီးတာ စျေးပေါတာနဲ့ အသားအရည်လှတာနဲ့က မသက်ဆိုင်ပါဘူး။ (မသက်ဆိုင်ဘူးဆိုပီးတော့လဲ စျေးအရမ်းပေါတဲ့မိပ်ကပ်တေလဲ မသုံးကြနဲ့ပေါ့နော်။ စျေးအရမ်းပေါတဲ့အခါကြတော့ chemicalပါဝင်မူပမာဏများလို့ အသားအရေ ထိခိုက်သွားနိုင်လို့ပါ။)
မိမိအသားရည် ကြည်လင်ပြီး glowစေဖို့၊ ဝက်ခြံ တင်းတိတ် အမဲကွက်တေ ပျောက်စေဖို့ ဆောင်ရန်၊ ရှောင်ရန် လေးတေကို ​အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

ဆောင်ရန်

အဆီပြန်ခြင်းကင်းဝေးစေရန်
-ရေများများသောက်ပေးပါ၊ ဝမ်းမချုပ်အောင်နေပါ၊ အသီးများများစားပေးပါ။
-တစ်နေ့ကို မနက်တစ်ခါ ညအိပ်ခါနီးတစ်ခါ မျက်နှာသစ်ပေးပါ။
PH ပါဝင်မှု ညီမျှတဲ့မျက်နှာသစ်ဆေးကိုသုံးပါ။ Alcohol မပါဝင်တဲ့ တိုနာသုံးပါ။ အဆီမပါတဲ့ Moisturize ခရင်မ်လိမ်းပါ။
-ပန်းသီးအရည် နှင့် သံပရာရေတို့ကို ဆတူရော၍ လိမ်းပြီး မိနစ်၂၀ ကျော်ပါက ရေဖြင့်ဆေးချလိုက်ပါ။
ဝက်ခြံပျောက်​စေရန်
-သဘော်သီးအစိမ်းကို ကျိတ်၍ရသော အရည်၊ အဖတ်များဖြင့် ဝက်ခြံပေါက်သောနေရာ (သို့မဟုတ်) မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။မိနစ်အနဲငယ်ကြာပီလျှင် ရေဆေးချလိုက်ပါ။
-လိမ္မော်ခွံအနည်းငယ်၊ ပူစီနံရွက်အနည်းငယ်န ကိုကြိတ်ပြီး ပျားရည်တစ်ဇွန်း နဲ့ရောပါ။ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာရင် ရေးအေးနဲ့ပြန်ဆေးချပေးပါ။
-ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ သံလွင်ဆီအနည်းငယ်နဲ့ ဒိန်ချဉ်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅မိနစ်ကြာရင် ရေကြက်သီးနွေးလေးနဲ့ပြန်ဆေးချပေးပြီး moisturizer လေးလိမ်းပေးပါ။
အသားအရည်ကြည်လင်စေရန်
-သခွားသီးကပ်ခြင်း သခွားသီးကိုကြိတ်၍ ရလာသောအရည်ကိုလိမ်းခြင်း တို့ပြုလုပ်ပေးပါ။နာရီဝက်ကြာလျှင်ရေဖြင့်ဆေးချလိုက်ပါ။
-သခွားသီးတစ်ခြမ်း၊ ရှားစောင်းလက်ပက်အနှစ် ၂ ဇွန်းနဲ့ သံလွင်ဆီအနည်းငယ်တို့ကိုရောမွှေပြီး မျက်နှာအနှံလိမ်းပေးကာ ၁၅မိနစ်အကြာမှာရေပြန်ဆေးချပေးပါ။
-သင်္ဘောသီးမှည့် ၃ ဇွန်းကို ခွက်ထည့်ထည့်ပြီး သံပရိုရည် အနည်းငယ်ညှစ်ထည့်ကာ သမအောင်မွှေပါ။ မှက်နှာအနှံ့ခပ်ထူထူလေးလိမ်းပေးပြီး ၁၀ မိနစ်အကြာမှာရေအေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။

တင်းတိတ်အမဲစက်ပျောက်စေရန်

-သခွားသီးအရ​ည်၊ သံပရာရည်၊ ဆနွင်းမူန့် တို့ကို ဆတူရော၍ လိမ်းပေးပါ။ မိနစ်အနဲငယ်ကြာလျှင် ရေဖြင့်ဆေးချလိုက်ပါ။
-အာလူးကပ်ခြင်း သို့မဟုတ် အားလူးကျိတ်၍ရအောင်အရည်က်ို မျက်နှာတစ်ပြင်လုံး သို့မဟုတ် တင်းတိတ်အမဲစက်ပေါ်၌ လိမ်းပေးပါ။ မိနစ်အနဲငယ်ကြာလျှင် ရေဖြင့်ဆေးချလိုက်ပါ။
ချွေးပေါက်ကျဥ်းစေရန်
– ခရမ်းချဥ်သီးအရ​ည် နှင့် သံပရာရည် တို့ကို ဆတူရော၍ လိမ်းပြီးနောက် ၁၅မိနစ်ကြာလျှင် ရေဖြင့်ဆေးချလိုက်ပါ။

အသားအရည်ချောမွတ်စေရန်

-မုန်လာဥနီကို အရည်ညစ်ပြီး ခပ်နွေးနွေးလေးအပူပေးထားသ​ည့် ပျားရည်တစ်ဇွန်းနဲ့ သမအောင်မွှေပြီး အသားထဲသို့ စိမ့်ဝင်သွားအောင်လိမ်းပေးပါ။နာရီဝက်ထားပြီးရေဆေးချလိုက်ပါ။Skin type အမျိုးမျိုးအတွက် ဘဘာဝနသစ်ဥသစ်ဖု တေနဲ့ skin care လို့ရသလို face maskတေလဲ သုံးလို့ရပါတယ်နော်။တချို့face mask တေကို ကောက်နုတ်၍ review ပေးချင်ပါတယ်။
1.JM solution pearl mask(အစိုဓာတ်ကို အဓိကဖြည့်ပေးပြီး အသားအရည်ကိုစိုပြေစေပါတယ်)
2.JM solution honey mask(အ​ရေပြားအတွင်းပိုင်းထိ ရေဓာတ်ဖြည့်ပေးတဲ့အတွက် ဝက်ခြံညစ်လိုက် ပေါက်လိုက် ဖြစ်တဲ့သူတွေအတွက် သင့်တော်ပါတယ်)
3. JM solution SOS mask(အသားအရည် မွဲခြောက်ခြောက်ဖြစ်ပြီး အမဲစက်ရှိတဲ့သူတွေ သုံးသင့်ပါတယ်)
4.JM solution glow luminous mask (အသားညစ်တာတွေ အမဲစက်တွေ တဖြည်းဖြည်းပါးလာပီး bright ဖြစ်စေတဲ့အတွက် glowချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်)
5. Tea Tree medical mask (sensitive skinနဲ့ ဝက်ခြံအဆီဖု ရှိတဲ့သူတွေ အတွက် သုံးသင့်ပါတယ်)
6. Collagen medical mask(colleagen ပါဝင်လို့ အရေးအကြောင်း ဖြစ်တာတေ အသားအရည် မညီတာတေ ထိန်းပေးပါတယ်)
7. N.M.F medical mask(ချွေးပေါက်ကျယ် အဆီပြန်တဲ့ သူတွေအတွက် သင့်တော်ပါတယ်)
8.P.D.F medical mask(ဝက်ခြံနဲ့ အဆီဖုတွေအတွက် သင့်တော်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းမူတေကိုသက်သာစေပါတယ်)
9.Vita medical mask( glow ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ Vitamin c ပါလို့ အမဲစက်တွေလျော့ပါစေပါတယ်)
10.Placena medical mask(အသားခြောက်တဲ့သူတေနဲ့ နေရာင်ကြောင့်အသားပျက်စီးတဲ့သူတွေ အတွက် သင့်တော်ပါတယ်)
ကဲအခုဆိုရင်တော့ ကိုယ့်ရဲ့အသားအရည်လှပဖို့အတွက် ဆောင်ရန် ရှောင်ရန်လေးတေကိုဖော်ပြပြီးပါပြီ။ အသားအရည်မလှဘူး ဝက်ခြံတေပေါက်နေတယ် အဆီတေပြန်တယ် တင်းတိတ်တေနဲ့ ဆိုပြီး စိတ်ညစ်မနေပဲ ဘဘာဝနည်းလမ်းလေးတေနဲ့ ဖြစ်ဖြစ် face maskတေကပ်ပြီးပဲဖြစ်ဖြစ် အသားအရည်လှပဖို့ ဆောင်ရန် ရှောင်ရန် တွေလိုက်နာပြီး ကိုယ့်ရဲ့skin ကို care ချင်းဖြင့် လှပတဲ့အသားအရ​ည် ပိုင်ရှင်တွေဖြစ်အောင် လုပ်လိုက်ကြရအောင်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါတယ်။