How to Success at work ?

အလုပ်ခွင်မှာအောင်မြင်ချင်သူများအတွက်နည်းလမ်းကောင်းများ

အလုပ် လုပ်နေတာကြာပြီ။ လစာလည်းမတိုး ရာထူးလည်းမတိုး သူဋ္ဌေးကလည်း အဖက်မလုပ်သလိုဖြစ်နေကျပြီလား? အဲ့လိုမျိုးဖြစ်တာ တကယ်တော့ အများကြီးပါ။ သူသူငါငါ နာကျင်နေကျတဲ့သူတွေပါပဲ။ ဒါကြီးကို ပြေလည်ဖို့က ထိုင်စောင့်နေလို့မရပါဘူး။ စောင့်နေလည်း ကိုယ်သာ အိုသွားမယ် အပြောင်းအလဲဖြစ်မယ်တော့မထင်ပါဘူး။

အဲ့တော့ ကိုယ့်ဘက်က အရင်စပြင်သင့်ပါတယ်။ ကိုယ်အဲ့လိုဖြစ်နေတာ နိုင်ငံရဲ့ပညာရေးညံ့လို့ ပါလို့ ထိုင်ပြောနေမယ့်အစား အပြစ်တင်နေမယ့်အစား ကိုယ့်ဘာသာ စတင်ပြီးပြင်သင့်ပါတယ်။

ကိုယ့်မှာ အောက်မှာဖော်ပြတဲ့အချက်တွေေရှိရင် အလုပ်ရဖို့ ရာထူးတိုးဖို့ မခက်ပါဘူး။ ကြီးကြီးကျယ်ကျယ်သင်တန်းကြီးတွေတက်ပြီးမှရမယ့် ဟာတွေမဟုတ်ပါဘူး။ လူတိုင်းသိပြီး သတိထားဖို မေ့နေကျတာတွေပဲဖြစ်ပါတယ်။

၁။ ပေါင်းသင်းဆက်ဆံရေး

တကယ်ကြီးကို အရေးကြီးဆုံးနေရာက ပါဝင်နေတာပါ။ပေါ့ပေါ့သေးသေးတော့ သဘောမထားစေချင်ပါဘူး။ ကိုယ့်အတိတ်ကိုပဲ စဉ်းစားကြည့်ပါ ပေါင်းသင်းဆက်ဆံရေး ညံ့ခဲ့လို့ အခွင့်အရေးဘယ်နှစ်ခုလောက် ဆုံးရှုံးခဲ့ရလဲ။တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ညံ့ဖျင်းအောင်လုပ်နေတဲ့အကျင့်ကို cover ပေးတဲ့ သဘောပါပဲ။

အငယ်ဆုံးသား၊ သမီးတွေ အဖြစ်များတယ် ကလေးဆန်လွန်းပါတယ် အလုပ်ခွင်မှာ ဘယ်လိုမှ အဆင်မပြေပါဘူး။ စိတ်လိုက်မာန်ပါလည်း မပြောရသလို ကိုယ်ပြောချင်တာကို ရှင်းရှင်းလင်းလင်း နာမည်စွဲမပါဘဲ တည်တည်ငြိမ်ငြိမ်ပြောတတ်အောင် ကြိုးစားသင့်ပါတယ်။

အများနဲ့ ပြောတတ်ဆိုတတ် အရေးအသားလည်းကောင်းမွန်၊ သူဋ္ဌေးနဲ့လည်းပြောတတ် လုပ်ဖော်ကိုင်ဖက်နဲ့လည်းအဆင်ပြေ ကိုယ်သာအဲ့လိုဖြစ်အောင်ကြိုးစားပြင်ဆင်သင့်ပါတယ်။

How to success at work ? လုပ်ငန်းခွင်မှာအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲ?ကိုယ့်မှာ ဖော်ပြတဲ့အချက်တွေေရှိရင် အလုပ်ရဖို့ ရာထူးတိုးဖို့ မခက်ပါဘူး။ ကြီးကြီးကျယ်ကျယ်သင်တန်းကြီးတွေတက်ပြီးမှရမယ့် ဟာတွေမဟုတ်ပါဘူး။ လူတိုင်းသိပြီး သတိထားဖို မေ့နေကျတာတွေပဲဖြစ်ပါတယ်။

၂။အများနဲ့ပူးပေါင်းလုပ်ဆောင်တတ်ခြင်း

အလုပ်မှာပဲမပြောနဲ့။ ဂိမ်းဆော့ရင်တောင် teamwork အသေအလဲလိုအပ်ပါတယ်။ Dota ခုတ်မလား၊ ML ပဲဆော့မလား၊ Pubg ပဲ တိုက်မလား၊teamwork မရှိရင် ever defeat နေမှာပါ။ အားအနည်းဆုံးကလည်း အသင်းအဖွဲ့ စိတ်ဓာတ်ပါပဲ ။ စနစ်ကြောင့်လည်းဖြစ်နိုင်သလို ကိုယ်တိုင်ကိုက တစ်ကိုယ်ကောင်းဆန်လို့လည်း ဖြစ်နိုင်ပါတယ်။

နောက်ပိုင်းအလုပ်ခွင်တွေမှာ teamwork က အသက်ပါပဲ အသင်းလို့ခံစားပြီးလုပ်ရင် အလုပ်နဲ့တောင် မတူတော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီပြီး အသင်းကောင်းစားရေးက ကိုယ့်ကောင်းစားရေးလိုဖြစ်သွားရင် အလုပ်မှာမပျော်တာ ပိုက်ဆံအတွက်ပဲအလုပ်လုပ်တယ်ဆိုတာတွေမရှိတော့ပါဘူး။ အဲ့လို စိတ်ဓာတ်မျိူးက ကိုယ်က စမွေးရမှာပါ။ မိမိကစ အလုပ်ခွင်တစ်ခုလုံး team ဆိုတဲ့ စိတ်ဓာတ်လေးပေါ်လာမယ်လို့ စိတ်ကူးပြီးကြိုးစားကြည့်ပါ။ Teamwork ကောင်းဖို့က interns တွေလိုက်ဆင်းတာမျိုး အားကစားတစ်ခုခု ကစားကြည့်တာမျိုး volunteerလုပ်တာမျိုးတွေ စသည်ဖြင့် ကိုယ့်ဘာသာ မွေးမြူလို့ရပါတယ်။

၃။ ပြဿနာ ဖြေရှင်းနိုင်စွမ်း

အလုပ်မှာပဲ အရေးကြီးတာမဟုတ်ဘူး။ ကိုယ့်တစ်ဘဝလုံးမှာ အဲ့ဟာလေးက တော်တော်အရေးပါတယ်။လူပျော့လူညံ့ဆိုတာ အဲ့တာမရှိတဲ့သူတွေပါ ဗလ ရှိလည်း အဲ့ဒါမရှိရင် လူပျော့လေးပဲဖြစ်နေမှာပဲ ပြဿနာတွေ့ရင် ထွက်ပြေးတယ်။ ခေါင်းရှောင်တယ်။ စွန့်စားပြီးမလုပ်ရဲဘူး။ အဖြေမရှာဘဲ အကြောင်းမရှိဘဲ လန့်နေတယ်။ သေသေချာချာမတွေးနိုင်ဘူး။ ဒါတွေက အလုပ်ခွင်မှာ အထက်နဲ့အောက် ကွာစေပါတယ်။ ပြဿနာဆိုတာ အောင်မြင်ဖို့လမ်းဖြစ်ပါတယ်။ တကယ်လို့ ကျရှုံးသွားရင် သင်ခန်းစာယူစရာရမယ် အောင်မြင်သွားရင် တစ်ဆင့်တက်သွားမယ် ပြဿနာတွေ့ရင် ပျော်တောင်ပျော်သင့်ပါသေးတယ် ။ဘဝဆိုတဲ့သဘောကိုက ပြဿနာတွေကို series လိုမျိုးဆက်ထားတာပါ ကြောက်လန့်နေလို့ ဘာမှမထူးပါဘူး။ ပြဿနာတိုင်းမှာ အဖြေရှိတယ် ကြည့်တတ်ဖို့ပဲလိုပါတယ်။ ဒီဘက်ကနေ အဖြေမတွေ့ရရင် နောက်တစ်ဖက်ကနေ ပြောင်းကြည့်ပါ အဖြေတွေ့တဲ့သူက ထိပ်ရောက်တာသွားတာပါပဲ ။

၄။ ကိုယ့်ဘာသာ စတင်လုပ်ဆောင်တတ်ခြင်း

သူများပြောမှ သူများခိုင်းမှ လုပ်တာက မကောင်းဘူးဆိုတာ ငယ်ငယ်ကတည်းက နားရည်ဝခဲ့ကျပါတယ်။တချို့ကိစ္စတွေ လုပ်သင့်ပေမယ့် ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့လုပ်ရမည့်အရာတွေ အခြေခံလူကျင့်ဝတ်တွေ ရင်းနှီးကျွမ်းဝင်ပြီးသားအလုပ်တွေကတော့ သူဋ္ဌေးကခိုင်းမှ အထက်လူကြီးကခိုင်းမှ လုပ်တာတွေက ကိုယ့်ကို မအောင်မြင်စေတဲ့ အချက်တွေပါပဲ။ ကိုယ့်အားနည်းချက်ကိုရှာ ပြီးရင်ကိုယ့်ဘာသာကြိုးစားပြင်တတ်လိုပါတယ်။

၅။ စနစ်ကျနခြင်း

ဗရုတ်သုတ်ခလုပ်ရင် ဗရုတ်သုတ်ခပဲ ဖြစ်နေမှာပါ။ ကိုယ့်အိမ်မှာတော့ နေချင်သလိုနေ ဝတ်ချင်သလိုဝတ် ပြောချင်သလိုပြောတာဟယကိစ္စမရှိပါဘူး။ အလုပ်ခွင်ကို အပူသည်ရုပ်နဲ့လာ၊ ဆံပင်ကဘုတ်သိုက်၊ အလုပ်ချိန်က နောက်ကျ ၊အဲ့လိုဆို သေချာတယ် ရာထူးတိုးဖို့ဆိုတာ မိုးနဲ့မြေလိုကွာနေမှာပါ။ အချိန်တိတိကျကျ ၊သပ်သပ်ရပ်ရပ် ၊ လုပ်ပုံကိုင်ပုံကလည်း စနစ်ကျ နေမယ်ဆိုရင်တော့ ရာထူးတိုးတယ်ဆိုတာ တကူးတကကိုပြောနေစရာမလိုဘူး။

၆။ သင်ယူလိုစိတ်ရှိခြင်း

အလုပ်စဝင်ကတည်းက တစ်ခုပဲလုပ်တတ်တယ်။ အချိန်တွေသာကြာလာတယ်။အဲ့တစ်ခုကလွဲ ဘာမှ မလုပ်တတ်ဘူး ၊ ဘာမှလည်း သင်ယူလိုစိတ်မရှိဘူး အဲ့လိုဖြစ်နေရင်တော့ တိုးတက်ဖို့မဖြစ်နိုင်ပါဘူး။ အလုပ်ထဲကနေလည်း တတ်နိုင်သလောက် သင်ယူတတ်ဖို့လိုပါတယ်။ အလုပ်အားချိန် အလုပ်ပိတ်ရက်တွေမှာလည်း သက်ဆိုင်တာတွေ လေ့လာသင်ယူနေရင် တိုးတက်ဖို့က အချိန်အတိုင်းအတာတစ်ခုမှာဖြစ်လာမှာအသေချာပါ။

၇။ နည်းပညာလည်း နောက်မကျစေပါနဲ့

သူများတွေက အလုပ်ခွင်တွေမှာ နောက်ပေါ်တဲ့ နည်းပညာတွေသုံးနေပြီ ကိုယ်က ဘာမှန်းတောင်မသိသေးဘူး သိအောင်လည်းမလုပ်ဘူး။ အရမ်းကြီးမသိတောင် Google နဲ့ပတ်သတ်တဲ့ software တွေတော့ သိသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုသင်ယူဖို့လည်းမမေ့ပါနဲ့။ ဒီအချက်လေးတွေကို လက်တွေ့မှာလိုက်နာကျင့်သုံးမယ်ဆိုရင် သင်ဟာအလုပ်ခွင်မှာသာမက ဘဝမှာအောင်မြင်မှုတွေရလာမှာ အသေချာပါပဲ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။