သင့်သူငယ်ချင်းတွေက သူငယ်ချင်းကောင်း ဟုတ်မဟုတ်ဘယ်လို သိနိုင်မလဲ?

သူငယ်ချင်းကောင်း

ဘဝမှာ သူငယ်ချင်းကောင်း တွေရှိခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကိုယ်ဒုက္ခရောက်တိုင်းဖေးမပေးမယ့်သူငယ်ချင်း ၊ ကိုယ်စိတ်ညစ်စရာကြုံတိုင်း မျှဝေခံစားပေးတတ်တဲ့သူငယ်ချင်း၊ မရှိအတူရှိအတူ နေပေးမယ့်သူငယ်ချင်းကောင်းတွေရှိခြင်းက ဘဝမှာ ဘာနဲ့မှ လဲလို့ မရနိုင်တဲ့ ရတနာတစ်ပါးပါပဲ။

သူငယ်ချင်းကောင်း ၊ မိတ်ဆွေကောင်းတွေ ရရှိခြင်းက အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတစ်ခုပါ။  အမေရိကန်(American Sociological Review,ASR) ရဲ့လေ့လာချက်တွေ အ အခုခေတ်လူငယ်တွေမှာ သူငယ်ချင်းတွေ နည်းသထက် နည်းလာကြတာကို တွေ့ရတယ်။

လေ့လာဆန်းစစ်သူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရခြင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူးဟုဆိုထားပါတယ်။လူလိမ်တွေပေါများလာတဲ့ ခေတ်မှာ အစစ်အမှန်နဲ့ အတုအယောင်ကို ခွဲခြားဖို့ခက်လာပါပြီ။ ဒါဆိုဘယ်လိုအရာမျိုးကို “သူငယ်ချင်းအစစ်အမှန်”လို့ခေါ်နိုင်ပါသလဲ။

အမေရိကန်စာရေးဆရာ Tom Rathရဲ့ လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ သူငယ်ချင်းများကို ဖော်ပြပေးထားပါတယ်။

၁။လမ်းပြသူ သူသယ်ချင်း

သင်အခက်အခဲ စိတ်ရှုပ်စရာ၊စိတ်ဓာတ်ကျစရာများနဲ့ ရင်ဆိုင်ရတဲ့ အခါသင့်ရဲ့စိတ်တွေကို ကြည်လင်မှု ရရှိစေပြီးမှန်ကန်သော လမ်းကိုလျှောက်နိုင်အောင် ညွှန်ပြပေးတဲ့ သူငယ်ချင်းပါ။

၂။ဆရာနဲ့တူတဲ့သူငယ်ချင်း

ဒီသူငယ်ချင်း အမျိုးအစားတွေကတော့ ဗဟုသုတအတွေ့အကြုံများနဲ့ ပြည့်စုံပြီး သင့်ကိုအကြံဉာဏ်တွေများစွာ ပေးနိုင်ပါတယ်။ သင့်ရဲ့ဆရာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သို့သော် သင့်ရဲ့အနားမှာ အမြဲနေပြီး သင်အားကိုး အတုယူထိုက်တဲ့ သူလည်းဖြစ်ပါတယ်။

ဘဝမှာ သူငယ်ချင်းကောင်းတွေရှိခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကိုယ်ဒုက္ခရောက်တိုင်းဖေးမပေးမယ့်သူငယ်ချင်း ၊ ကိုယ်စိတ်ညစ်စရာကြုံတိုင်း မျှဝေခံစားပေးတတ်တဲ့သူငယ်ချင်း၊ မရှိအတူရှိအတူ နေပေးမယ့်သူငယ်ချင်းကောင်းတွေရှိခြင်းက ဘဝမှာ ဘာနဲ့မှ လဲလို့ မရနိုင်တဲ့ ရတနာတစ်ပါးပါပဲ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေ ရရှိခြင်းက အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတစ်ခုပါ။ဒါဆိုဘယ်လိုအရာမျိုးကို “သူငယ်ချင်းအစစ်အမှန်”လို့ခေါ်နိုင်ပါသလဲ။

၃။သင်ပြောသမျှ ရင်နဲ့အမျှ နားထောင်ပေးနိုင်တဲ့ သူငယ်ချင်း

သင်က ပြဿနာတစ်ခုခုရှိလာလို့ သင်ပြောပြချင်တာမှန်သမျှ သူက ပြီးစလွယ်နားထောင်ပေးတာမျိုးမလုပ်တတ်ပါဘူး။ သင်ပြောတာမှန်သမျှ အလေးအနက်ထားနားထောင်ပေးမယ်။ ပြီးရင် သင့်ကိုအကြံပေးမယ်၊ သင်ပြောသမျှအပေါ်ထင်မြင်ချက်ပေးတတ်ပါတယ်။ အဲဒါက သင့်အပေါ် သူက လေးနက်မှုရှိကြောင်း ပြသနေတာပါ။ သင့်အပေါ် အလေးအနက်ရှိတဲ့သူမှ သင့်အပေါ် မျှဝေခံစားနိုင်သူဖြစ်နိုင်တာပါ။

၄။ သင့်ရဲ့ကောင်းခြင်း၊ ဆိုးခြင်းကို မျှဝေခံစားပေးနိုင်ပါတဲ့ သူငယ်ချင်း

သင်ကောင်းတဲ့အခါ သင်နဲ့အတူတူ ဝမ်းသာပေးပြီး၊ သင့်အတွက် အဆိုးတွေကြုံလာရတဲ့အခါလည်း သင့်ကို နှစ်သိမ့်ပေးတတ်ပါတယ်။ သင်ရဲ့ကောင်းခြင်းဆိုးခြင်းကို အတူမျှဝေခံစားပေးနိုင်တဲ့သူပါပဲ။ အပေါ်ယံသဘောမျိုးမဟုတ်ဘဲ၊ သူ့စိတ်ထဲတကယ်ထည့်ပြီး သင့်အတွက် ကူညီဖြေရှင်းပေးဖို့လည်း စဉ်းစားတတ်သူမျိုးဖြစ်ပါတယ်။

၅။သင့်ရဲ့ကောင်းကျိုးကိုသာ လိုလားတဲ့ သူငယ်ချင်း

သင့်အတွက် မကောင်းကျိုးဖြစ်နိုင်ချေရှိတယ်လို့ ထင်တယ်ဆိုရင် အကျိုးသင့်အကြောင်းသင့်ပြောပြတတ်ပါတယ်။ မလုပ်သင့်တာကို တားမြစ်တတ်ပါတယ်။ သူ့ကြောင့်လည်း သင့်ကိုမကောင်းတာတွေဖြစ်လာအောင် မဆွဲဆောင်တတ်ပါဘူး။

၆။ သင် ပြဿနာကြုံလာတိုင်းလည်း သင့်ဘက်ကမားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့ သူငယ်ချင်း

သင်က ပြဿနာတွေရှာလို့၊ ဒုက္ခတွေရောက်နေလို့ ဖြေရှင်းပေးမယ့်သူမရှိဘူးဆိုရင်လည်း သူက သင့်ဘက်ကနေ တတ်စွမ်းသလောက် ရပ်တည်ပေးပါလိမ့်မယ်။ သင့်ကိုတိုက်ခိုက်သူတွေကိုလည်း သူ့ကိုတိုက်ခိုက်သလို သဘောထားပြီး သူက ပြန်ပြီးတုံ့ပြန်တတ်ပါတယ်။

သူငယ်ချင်းကောင်း

၇။ သင့်အတွက်ဆို အချိန်ပြည့်အကောင်းဆုံး ရှိနေပေးတတ်တဲ့ သူငယ်ချင်း

ဘယ်အချိန်မဆို သင်က လိုအပ်နေတယ်၊ အရေးကြီးတယ်ဆိုရင် သူ့အကျိုးစီးပွားတောင်ဖျက်ပြီး သင့်အတွက် ကူညီပေးတတ်သူပါ။ ဘယ်သူမဆို ကိုယ့်အကျိုးစီးပွားအပျက်ခံပြီး သူတစ်ဖက်သားအပေါ် တော်ရုံမကူညီနိုင်ပါဘူး။ သူတို့ကတော့ သူများမလုပ်ပေးနိုင်တာကို လုပ်ပေးနိုင်တဲ့သူမျိုးပါ။ သူကသင့်အတွက် နောက်ထပ်မရနိုင်တဲ့ မိတ်ဆွေကောင်းပါပဲ။ အဲဒါကြောင့် အဲလိုလူမျိုးကို တန်ဖိုးထားပါ။

၈။ သူ့အတွက် တန်ဖိုးထားအပ်တဲ့အရာတွေကိုတောင် သင့်အတွက် စွန့်လွှတ်နိုင်တဲ့ သူငယ်ချင်း

သင်အလိုရှိတယ်ဆိုရင် သူ့အတွက် တန်ဖိုးရှိတဲ့အရာကိုတောင် သူက ပေးဆပ်နိုင်တာမျိုးပါ။ ပြောရရင် သူ့အတွက် သင်ကပိုအဖိုးတန်တယ်လို့ တွေးတတ်သူပါ။ အဲလိုလူမျိုးကိုတွေ့ရင် သူကတန်ဖိုးထားသလို သင်ကလည်း သူ့အတွက်ဆိုဘာမဆို စွန့်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပါစေ။ အဲလိုလူမျိုးက နောက်တစ်ယောက်ထပ်မရှိနိုင်တော့ပါဘူး။

၉။ သင့်အတွက် တိုးတက်စေမယ့် အကြံကောင်းတွေ ပေးနိုင်တဲ့သူငယ်ချင်း

သင်တိုးတက်ဖို့ဆို သူက တက်ကြွနေမယ့်သူပါ။ သင်က တိုးတက်ဖို့အတွက် နည်းလမ်းကောင်းတွေတောင်းရင်လည်း သူက အကြံကောင်းတွေ ပေးတတ်ပါတယ်။ သင်တိုးတက်လာလေလေ သူက သင့်အတွက် ပျော်ရွှင်လေလေပါပဲ။ သင့်အပေါ်ယှဉ်ပြိုင်ခြင်းမရှိ၊ အမြဲအရှုံးပေးတတ်ပြီး သင်ရဲ့တိုးတက်မှုတိုင်းကို သူ့ရဲ့တိုးတက်မှုလို သဘောထားမယ့်သူပါပဲ။

ဒီအချက်လေးတွေကို ကြည့်ပြီး သင့်အပေါ် သူငယ်ချင်းကောင်းပီသသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ အကယ်၍ဒီလိုသူငယ်ချင်းတစ်ယောက်ရှိရင် ပေါ့ပေါ့မတွေးလိုက်ပါနဲ့။ သူတို့က သင့်အပေါ်ပေးတာနဲ့တန်အောင် သင်လည်း ပြန်ပြီးပေးဆပ်နိုင်ပါစေ။ အဲလို သူငယ်ချင်းမျိုးက သင့်ဘဝတိုးတက်စေဖို့ မိတ်ဆွေစစ်စစ်ဖြစ်ပြီး နောက်တစ်ယောက်ထပ်ရနိုင်မှာ မဟုတ်လို့ တန်ဖိုးထားပေးပါ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။