သင့် စိတ်ကျန်းမာ​​ရေးကို ဘယ်လို​ကောင်းမွန်​အောင်လုပ်မလဲ ?

ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ အသုံးဝင်တဲ့ နည်းလမ်း ၄ ခု ကို ပြောပြချင်ပါတယ်။

သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများ ပြုလုပ်ဖို့အတွက်ကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအောက်ပါအကြံပေးချက် နည်းလမ်း ၄ ခု ကို လိုက်နာနိုင်ပါတယ်။

၁။ သင့်ခံစားချက်များကို ​ပြောဆိုပါ

သင့်ရဲ့ခံစားချက်များ အကြောင်းပြောဆိုခြင်းက သင့်အား စိတ်ကျန်းမာရေးကောင်းရန်နှင့် စိတ်သောကရောက်နေသည့် အချိန်များကို ကိုင်တွယ်ရန် ကူညီနိုင်တယ်။

သင့်ခံစားချက်များကို သင်ခင်မင်ရသော အရင်းနှီးဆုံးသူငယ်ချင်းထံ ဖွင့်ဟပြောဆိုခြင်းသည် သင့်စိတ်ကျန်းမာနေစေရန် အထောက်အကူပြုသော အပြုအမူဖြစ်ပါတယ်။

စကားပြောခြင်းသည် သင့်ခေါင်းထဲတွင် ခဏတာ သယ်ဆောင်နေသည့်ပြသနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။အထီးကျန်တယ်လို့ ခံစားရတာကို ကူညီပေးတယ်။ ထိုသို့နည်းလမ်းနှစ်ခုလုံးအလုပ်လုပ်ပါတယ်။ သင့်ဘက်ကဖွင့်​ပြောလျှင် ၎င်းသည် အခြားသူများကိုလည်း အလားတူပြုလုပ်ရန် အားပေးလိမ့်မယ်။

သင်ဘယ်လိုခံစားနေသည်ကို ဖော်ပြရန်အမြဲမလွယ်ကူပါ။ သင်ခံစားနေသည်ကို ခံစားရသည့်အတိုင်း အမှန်အတိုင်း ဖွင့်ဟပြောဆိုပါက အရှိန်ရလာသောအခါ လူများစွာသည် ပို၍ သက်သောင့်သက်သာရှိလာပါတယ်။ပထမအကြိမ် ထုတ်​ပြောဖို့ အဆင်မပြေဘူးဆိုရင် အချိန်ပေးလိုက်ပါ ။ သင့်ခံစားချက်များ ၊ သင်လုပ်သည့်အရာတစ်ခုခုကိုပြောပါ။ ​ပြောပါများလာလျှင် ပို၍ အဆင်​ပြေလာလိမ့်မယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အောက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

၂။ တက်တက်ကြွကြွ​နေပါ

လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့် ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများကို ကောင်းမွန်စေသည်ဟု ထုတ်ဖော်ပြောကြားသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတိုးပွားစေပြီး အာရုံစူးစိုက်မှု၊ အိပ်စက်ခြင်းနှင့် သက်သာမှုရစေနိုင်တယ်။

လေ့ကျင့်ခန်းသည် ဦးနှောက် နှင့် သင်၏အခြားအရေးကြီးသော ကိုယ်တွင်းအင်္ဂါများကိုလည်း ကျန်းမာစေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း ၊ အားကစားလုပ်ခြင်း သို့မဟုတ် အားကစားရုံသို့ သွားခြင်းမျှသာ မဟုတ်ပါ။ ပန်းခြံအတွင်း လမ်းလျှောက်ခြင်း၊ ဥယျာဉ်ခြံသို့မဟုတ်အိမ်မှုကိစ္စများသည်လည်း သင့်အား တက်ကြွစွာထိန်းသိမ်းထားနိုင်တယ်။

ကျွမ်းကျင်သူများက လူအများစုသည် အနည်းဆုံးတစ်ပတ်လျှင် ငါးရက် မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်သင့်သည် ဟု ဆိုသည်။ သင်၏ တစ်နေ့တာတွင် သင်နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ရန် ကြိုးစားပါ။

၃။ ​ကောင်းမွန်စွာ စား​​သောက်ပါ

ကျွန်ုပ်တို့စားသောအရာများနဲ့ ကျွန်ုပ်တို့၏ခံစားချက်အကြား ခိုင်မာသောဆက်နွယ်မှုများရှိပါတယ်။ ဥပမာ ကဖိန်းဓါတ် နှင့် သကြားသည် လျင်မြန်​သော အကျိုးသင်​ရောက်မှုကို ဖြစ်​ပေါ်​စေတယ်။

သို့သော် အစားအစာများသည် သင်၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေရှည်အကျိုးသက်ရောက်နိုင်တယ်။ သင့်ခန္ဓာကိုယ်ရှိ အခြားကိုယ်တွင်းအင်္ဂါများကဲ့သို့ ကျန်းမာနေစေရန် နှင့် ကောင်းမွန်စွာလည်ပတ်ရန် သင့်ဦးနှောက်တွေဟာ အာဟာရပေါင်းစပ်ရန် လိုအပ်တယ်။

သင့် ကာယကျန်းမာရေး အတွက် ကောင်းမွန်သော အစားအစာတွေက သင်၏စိတ်ကျန်းမာရေး အတွက် လည်း အထောက်အကူပြုပါတယ်။

ကျန်းမာမျှတ​​သော အစားအစာများ

  • အမျိုးမျိုး​သော သစ်သီး၀လံ နှင့် ဟင်းသီးဟင်းရွက်များ
  • စီရီရယ် သို့မဟုတ် ​ပေါင်မုန့်
  • အခွံမာအသီး နှင့် အ​စေ့
  • နို့ နှင့် နို့ထွက် ပစ္စည်း
  • ငါးကြီးဆီ
  • ရေ

တစ်နေ့လျှင် အနည်းဆုံးသုံးကြိမ်စားပြီး ရေများများသောက်ပါ။ မြင့်မား​​သော ကဖိန်းဓာတ် (သို့မဟုတ်) သကြားဓာတ်ကို ကန့်သတ်ရန်နှင့် အရက်အလွန်အကျွံ​သောက်သုံးခြင်းကို ရှောင်ရန် ကြိုးစားပါ။

အကယ်၍ ဆရာဝန်က သင့်အား တိကျသောအစားအသောက်များ အကြံဥာဏ်ပေးခဲ့လျှင် ခုဖော်ပြထားသောအကြံဥာဏ်များကို အသုံးမပြုနိုင်ပါ။ သင်သည် ကျောက်ကပ်လူနာ တစ်ဦး (သို့မဟုတ်) ဆီးချိုရောဂါရှိလျှင် ဒါတွေရှောင်ရှားသင့်ပါတယ်။

၄။ မိတ်ဆွေများနှင့် အဆက်အသွယ် ပြုလုပ်ပါ

ခိုင်မြဲသောမိသားစုနှောင်ကြိုးများနဲ့ အထောက်အကူပြုသော မိတ်ဆွေများက သင့်ဘဝရဲ့ စိတ်ဖိစီးမှုများကို ဖြေရှင်းရန် ကူညီနိုင်တယ်။ သူငယ်ချင်းများ နှင့် မိသားစုသည် သင့်ကို ​နွေး​ထွေးမှုများ ခံစားစေနိုင်ပါတယ်။ သင့် ဦးခေါင်းအတွင်း၌ ဖြစ်ပျက်နေသည့်အရာများမှ ကွဲပြားသောအမြင်များကို ပေးနိုင်ပါတယ်။ သူတို့က သင့်ကို တက်ကြွစွာဆက်ရှိနေစေဖို့၊ သင့်ကို အခြေပြုပြီး လက်တွေ့ ပြသနာများကို ဖြေရှင်းရန် ကူညီနိုင်တယ်။

တစ်စုံတစ်ဦး နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းထက် ပို၍ ကောင်းသောအရာမရှိပါ။ သို့သော် ထိုသို့အမြဲမဖြစ်နိုင်ပါ။ သူတို့ကိုဖုန်းခေါ်ပါ၊ မက်​ဆေ့ပို့ပါ( သို့မဟုတ် ) အွန်လိုင်းတွင် စကားပြောပါ။ ဆက်သွယ်ရေးလိုင်းများကို ပွင့်လင်းစွာထားပါ။ သင့်အတွက် ကောင်းပါလိမ့်မယ်။ အကယ်၍ သင်ဟာ လူတချို့နှင့်ထိတွေ့မှုမရှိဘူးလို့ခံစားရပါက သင်၏ခံစားချက်များကို ပြော၍ ကျွန်ုပ်တို့ရဲ့ blog ကို ပြန်ကြည့်ပါ။

သင်၏ချစ်ခြင်းမေတ္တာ ( သို့မဟုတ် ) တန်ဖိုးထားခံရခြင်းကို ခံစားရစေသော ဆက်ဆံရေးမျိုး၌ အလုပ်လုပ်ခြင်းသည် ​ကောင်းပါသည်။ သို့သော် တစ်စုံတစ်ဦး နှင့်အတူရှိနေခြင်းက သင်ရဲ့စိတ်ကျန်းမာရေးကို ပျက်စီးစေသည်ဟု သင်ထင်လျှင် ၎င်းတို့မှအနားယူခြင်း (သို့မဟုတ်) တစ်နေ့လုံး လုံးဝ မခေါ်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ နှစ်ဦးလုံးအတွက် အဆင်ပြေသည်ဟုခံစားရသည့် နည်းလမ်းဖြင့် ဆက်ဆံရေးကို အဆုံးသတ်နိုင်ရန် ဖြစ်ပါသည်။

သင်နှင့် နီးစပ်သူတစ်ဦး ကွယ်လွန်လျှင် (သို့မဟုတ်) အခြားသူတစ်ဦး အားဆုံးရှုံးသွားသည့်အခါ ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲနိုင်သည်။ ဝမ်းနည်းပူဆွေးမှု (သို့မဟုတ်) ဆုံးရှုံးမှုအတွက် တိုင်ပင်ခြင်းသည် သင်၏ခံစားချက်များကို ရှာဖွေလေ့လာရန် ကူညီနိုင်သည်။