သင်၏ စိတ်ခံစားချက်များကို ဘယ်လို ထိန်းချုပ်မလဲ ?

စိတ်ခံစားချက်တွေဟာ ကျွန်ုပ်တို့နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စာတိုလေးတစ်ကြောင်းကြောင့် ပြုံးမိတာပဲဖြစ်စေ၊ ရုံးတက်ရုံးဆင်းချိန် ကားကြပ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရတာပဲဖြစ်စေ၊ အဲ့ဒီခံစားချက် အနိမ့် အမြင့်တွေဟာ သင့်ရဲ့‌အကောင်းမြင်မှုအပေါ်မှာ သိသာထင်ရှားစွာ သက်ရောက်မှုရှိတာကို သင်သိရပါလိမ့်မယ် ။

အပြန်အလှန်အားဖြင့် ဒီစိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဟာ သင့်ရဲ့အနီးအနားမှာ ရှိတဲ့လူတွေက သင့်ကို ဘယ်လိုမြင်လဲဆိုတဲ့ အပေါ်မှာလဲ အကျိုးသက်ရောက်မှုရှိပါတယ်။ အကယ်၍ သင်ဟာ အ​ရေးကြီးတဲ့ အစည်းအဝေးတစ်ခုမှာ စာတိုတစ်ကြောင်းကိုကြည့်ပြီး ရယ်မိနေမယ်ဆိုရင် အခန်းထဲမှာရှိတဲ့ တခြားသူတွေဟာ မင်းကို သဘောမကျတဲ့ အကြည့်နဲ့ကြည့်တာကို ခံရပါလိမ့်မယ်။

တစ်နည်းအားဖြင့် မင်းဟာ ကားလမ်းပေါ်မှာ မင်းရဲ့လမ်းကြောင်းကိုပိတ်ထားတဲ့ ကားသမားတစ်ယောက်အပေါ်ကို ဒေါသနဲ့တုံ့ပြန်မယ်ဆိုရင် မလိုလားအပ်တဲ့ အာရုံစိုက်ခံရမှုတွေကို ဖန်တီးမိပါလိမ့်မယ်။ ပြီးတော့ မင်းရဲ့ဘဝကိုလဲ စွန့်စားရကောင်း စွန့်စားရပါလိမ့်မယ်။

စိတ်ခံစားမှုရဲ့ လေ့လာမှုဟာ တိကျ​တဲ့သိပ္ပံမဟုတ်ပါဘူး။ စိတ်ပညာရှင်များသည်စိတ် – ခန္ဓာကိုယ်၏ဆက်သွယ်မှုကို စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှုတွင် အငြင်းပွားနေဆဲဖြစ်တယ်။ စိတ်ခံစားမှုဟာ ပြီးပြည့်စုံသော taxonomy ရှိသည်မဟုတ်ကြပါဘူ။ ကျနော်တို့ကမ္ဘာကြီးမှာ စိတ်ခံစားမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ စိတ်ခံစားမှု ခံစားချက်များ ဖော်ပြပုံအပေါ်သြဇာလွှမ်းမိုးမှုဖြစ်စဉ်ကို နားလည်ရန် တိုးတက်မှုများ ရရှိခဲ့ပါတယ်။

James Gross လို့ခေါ်တဲ့ စတန်းဖိုဒ့်တက္ကသိုလ်က စိတ်ပညာရှင်က ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေ လှုံ့ဆော်ခံလိုက်ရတဲ့အချိန်မှာဖြစ်တဲ့ အဖြစ်အပျက်ဖြစ်စဉ်လေးတွေကို ဖမ်းယူဖို့အတွက် အဆင့်လေးဆင့်ပါဝင်တဲ့ ပုံစံတစ်ခုကို အဆိုပြုတင်သွင်းထားပါတယ်။

ကျ‌နော်တို့ရဲ့ အာရုံစူးစိုက်မှုကိုဖမ်းစားနိုင်တဲ့ အခြေအနေတစ်ခု၊ Modal လို့ ခေါ်တဲ့ပုံစံဟာ အဲ့ဒီအခြေအနေတစ်ခုရဲ့သဘောသဘာဝကို တွေးတောသုံးသပ်စေပါတယ်။ ကျနော်တို့ရဲ့ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်ချက်တွေဟာဆိုရင် ကျနော်တို့ရဲ့အတွေ့အကြုံစိတ်ခံစားမှု‌တွေအပေါ်မှာ ဘယ်လိုသုံးသပ်သလဲဆိုတဲ့ နည်းကနေ ရရှိလာတာဖြစ်ပါတယ်။

ရယ်မောခြင်းဟာ သင့်ကို ပိုမိုကောင်းမွန်သောသင့်လျော်သော တုံ့ပြန်မှုဥပမာတစ်ခုဖြစ်ပါတယ်။ဒေါသကို ထုတ်ဖော်ပြောဆိုခြင်းက သင့်အား စိတ်ချမ်းသာစေနိုင်သော်လည်း ၎င်းသည် သင့်လျော်ခြင်း သို့ မဟုတ် အထူးသဖြင့် လိုက်လျောညီထွေဖြစ်ခြင်း မရှိပါ။ သင်၏စိတ်ပျက်မှုကို အခြားနည်းများဖြင့် ဖော်ပြခြင်းဖြင့် သင့်အား ထိုဒေါသစိတ်များကို ထုတ်လွှင့်နိုင်သည့်အပြင် သင်ကိုယ်တိုင် စိတ်အေးအေးထားရန် နည်းလမ်းတစ်ခုရှာရန် ကြိုးစားနိုင်တယ်။

မင်းအံ့ဩတုန်လှုပ်နေတဲ့အချိန်မှာ စိတ်တည်ငြိမ်အောင် လုပ်လိုက်တာထက် အဲ့လိုလုပ်ဖို့‌ပြောတာက အများကြီး ပိုလွယ်ကောင်းလွယ်ပါလိမ့်မယ်။ တမင်ရန်စခံရတဲ့အခါ မင်းဒေါသပေါက်ကွဲဖို့ ရည်ရွယ်ထားလို့ မင်းရဲ့ဒေါသတွေကို မင်းရဲ့အနီးအနားမှာရှိတဲ့ မဆိုင်တဲ့လူတွေအပေါ်ပုံချလိုက်မယ်ဆိုရင် မင်းရဲ့အရေးပါတဲ့ဆက်ဆံရေးတွေ၊ မင်းရဲ့အလုပ်နဲ့ မင်းရဲ့ကျန်းမာရေးအပေါ် နစ်နာရပါလိမ့်မယ်။

Gross နှင့်သူနဲ့ပူးပေါင်းသူ Hooria Jazaieri (၂၀၁၄)ဟာ စိတ်ခံစားမှုများကို ထိန်းညှိရန်မစွမ်းနိုင်မှုသည် စိတ်ဓာတ်ကျခြင်း နှင့် နယ်နိမိတ်ဆိုင်ရာကိုယ်ရည်ကိုယ်သွေးရောဂါကဲ့သို့ စိတ်ပိုင်းဆိုင်ရာမမှန်မကန်ဖြစ်ခြင်းများ၏ အရင်းအမြစ်ဖြစ်သည်။ စိတ်ပညာဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေ၏အခန်းကဏ္ဍကို နားလည်ရန် ပိုမိုသုတေသနပြုရန်လိုအပ်သော်လည်း ၎င်းသည်စုံစမ်းစစ်ဆေးရန် အလားအလာရှိသော နယ်ပယ်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် လူမှုရေးစိုးရိမ်ပူပန်မှုမသန်စွမ်းသူများသည် သိမြင်မှုဆိုင်ရာအမူအကျင့်ဆိုင်ရာကုထုံးအပေါ် သုတေသနပြုချက်အရ လူမှုအခြေအနေများအား သူတို့၏အကဲဖြတ်ပုံကို ပြောင်းလဲရန်ကူညီသည့်ကြား ၀ င်မှုများမှ အကျိုးရနိုင်သည်။ Gross နှင့် Jazaieri တို့သည်စိ တ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနည်းဆုံးအဆင့်တွင်သာ အလုပ်လုပ်သောအခြားသူများက နေ့စဉ်ဘဝတွင် သူတို့၏စိတ်ခံစားမှုများကို မည်သို့ကောင်းမွန်စွာစီမံခန့်ခွဲရမည်ဟူသော ပညာရေးမှအလားတူ အကျိုးကျေးဇူးရရှိနိုင်ပါတယ်။

သင်သည်သင်၏စိတ်ခံစားမှုကို ထိန်းညှိပြီး ပါဝင်ပတ်သက်​သော အလုပ်အများစုကို ဒေါသထွက်စေသော အ​ခြေအနေမဖြစ်ပွားမီကောင်းစွာကိုင်တွယ်နိုင်ပါတယ်။ သင့်ကိုယ်သင်ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် ပြသနာများသည်သင့်ရဲ့ ဘ၀ကို ၀င်ရောက်စွက်ဖက်ခြင်း မပြုမီပျောက်ကွယ်သွားကြောင်း သင်တွေ့ရှိလိမ့်မယ်။

၁။ အခြေအနေရွေးပါ

မလိုလားအပ်သောစိတ်ခံစားမှုများဖြစ်ပေါ်စေသောအခြေအနေများကိုရှောင်ပါ။ သင်အလျင်လိုနေစဉ် (အခြားသူများက သင့်ကိုစောင့်ဆိုင်းရန် ဖိအားပေးသောအခါ သင်စိတ်ဆိုးတတ်ပါတယ်) သင်အမျက်ဒေါသထွက်နိုင်မည့် အကြောင်းများကို သင်သိပါက နောက်ဆုံးအထိ အဲဒီအရာများကို မဖြစ်အောင် ထားခဲ့သင့်ပါတယ်။ ၁၀ မိနစ်ကြိုပြီး အိမ်မှ သို့မဟုတ် ရုံးမှထွက်သွားပါ။ လမ်းလျှောက်သူများ ၊ ကားများ၊ ဓာတ်လှေကားများက သင့်ကိုစိတ်အနှောင့်အယှက်မဖြစ်စေပါ။ အလားတူပင် သင့်မှာလုံးဝနှောင့်အယှက်ဖြစ်​​သောအသိမိတ်ဆွေရှိလျှင် ထိုသူမှ ​ရှောင်ရှားရန် အ​ကောင်းဆုံးနည်းလမ်း ရှာ​ဖွေသင့်တယ်။

၂။ အခြေအနေတွေကိုပြန်ပြင်ဆင်ပါ။

မင်းလျှော့ချဖို့ကြိုးစားနေတဲ့ စိတ်ခံစားမှုတစ်ခုဟာ စိတ်ပျက်ရခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဥပမာအားဖြင့် မင်းဟာ မင်းရဲ့ သူငယ်ချင်း သို့ မိသားစုအတွက်  လုံးဝပြည့်စုံတဲ့နေ့လည်စာကို ကျွေးဖို့ အမြဲတမ်းမျှော်လင့်ထားပါလိမ့်မယ် ဒါပေမယ့် အဲ့ဒီမှာ ဟင်းချက်တဲ့နေရာမှာတစ်ခုခုမှားသွားလို့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ပျက်ရပါလိမ့်မယ် အဲ့လိုစိတ်ပျက်ရတာဟာ  မင်းက အမြဲတမ်းဘယ်အရာမဆို ‌ကြီးကြီးမားမားကိုမျှော်လင့်ထားလို့ပါ။ အစားအစာတစ်ခုခုကိုချက်ဖို့ဆိုရင် ကိုယ်တတ်နိုင်တဲ့ ကိုယ်လုပ်နိုင်စွမ်းရှိတဲ့ ဟင်းချက်နည်းကိုရှာဖွေအသုံးပြုခြင်းဆိုတဲ့ အခြေအနေတစ်ခုကို ထားပါ။ ဒါဆိုရင်ပြည့်စုံတဲ့ ဟင်းကောင်းတစ်ခွက်ကို ရရှိပါလိမ့်မယ်။

မင်း ပြည့်စုံတဲ့ ပါစတာကို မရသော်ငြားလည်း ပြည့်စုံတဲ့ စပါကတီတစ်ခွက်‌ကိုတော့ ရနိုင်ပါသေးတယ်။

၃။ မင်းရဲ့အကြံဥာဏ်တွေကိုပြောင်းပါ

ကျွန်ုပ်တို့ရဲ့အနက်ရှိုင်းဆုံးစိတ်ခံစားမှု အဓိကအချက်မှာ ၎င်းတို့အားမောင်းနှင်သော ယုံကြည်မှုများဖြစ်တယ်။ တစ်ခုခုပျောက်ဆုံးပြီလို့ သင်ယုံကြည်တဲ့အခါ၊ အရေးကြီးတဲ့ရည်မှန်းချက် ပျက်ပြားသွားတယ်လို့ သင်ဆုံးဖြတ်တဲ့အခါ ဒေါသထွက်သွား ပြီး ကောင်းသောအရာတစ်ခုရလာမယ်လို့ သင်ယုံကြည်တဲ့အခါ ပျော်ရွှင်မှုကို မျှော်လင့်ပါတယ်။ သင်၏အတွေးများကိုပြောင်းလဲခြင်းအားဖြင့်သင်သည်အခြေအနေကို ပြောင်းလဲ၍မရနိုင်သော်လည်း အခြေအနေက သင့်ကိုအကျိုးသက်ရောက်မှုရှိသည်ဟု သင်ယုံကြည်သည့်နည်းလမ်းကို အနည်းဆုံးပြောင်းလဲနိုင်တယ်။ပျော်ရွှင်မှု သို့မဟုတ် အနည်းဆုံးကျေနပ်ရောင့်ရဲစေမယ့် အတွေးများဖြင့်ပျော်ရွှင်မှုကင်းမဲ့စေသောအတွေးများကို သင်အစားထိုးနိုင်သည်။ စိုးရိမ်ပူပန်မှုရောဂါရှိသူများသည်သူတို့၏လူမှုရေးပြသနာများအတွက် အခြားသူများရှေ့တွင် မိမိကိုယ်ကို အရူးလုပ်လိမ့်မည်ဟု ယုံကြည်ကြလိမ့်မယ်။ သူတို့ကိုလူတွေက သူတို့ယုံကြည်သလိုခက်ထန်စွာမပြုမူဘူးဆိုတာကို သူတို့ကိုအသိအမှတ်ပြုတဲ့ ကြားဝင် ပြန်ဖြေမှုတွေကနေ အနားယူနိုင်ပါတယ်။