သင့်ကိုဝမ်းနည်းစေတဲ့အရာ ကိုသင်ဘယ်လိုဖယ်ရှားပစ်သလဲ?

ဝမ်းနည်းစေတဲ့အရာ

သင့်ကိုဝမ်းနည်းစေတဲ့အရာ ကိုသင်ဘယ်လိုဖယ်ရှားပစ်သလဲ?  “ဘဝကဘာလဲ”ဘယ်သူမှ အတိအကျမဖြေနိုင်တဲ့မေးခွန်းတခုရှိတယ်။  ဒီမေးခွန်းကလူတိုင်းအတွက်ထူးဆန်းနိုင်ပြီးတယောက်ချင်းဆီမှာလဲမတူကွဲ​ပြားတဲ့အဖြေရှိနေနိုင်မယ်ထင်တယ်။တစုံတယောက်က ကျွန်တော့်ကို “ဘဝကဘာလဲ” ဒီမေးခွန်းမေးခဲ့မယ်ဆိုရင်”ဘဝဆိုတာမွေးဖွားခြင်းနှင့်အစပြုပြီး သေခြင်းနှင့်အဆုံးသတ်တယ်”လို့ပဲကျွန်တော်ဖြေမိမှာပါ။ဒါပေမယ့်လဲ အတိကျတော့မဟုတ်။ မွေးဖွားပြီးနောက် နှင့် မသေမှီ အချိန်အတောတွင်းမှာ ကျွန်တော်တို့ အဖြစ်ပျက်တွေအများကြီးရှိပါတယ်။တကယ်တော့ ဘဝဟာ ခံစားချက်၊ စိတ်ခံစားမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသထွက်ခြင်း၊ ချစ်ခြင်း အစရှိတဲ့ မတူကွဲပြားမှုတွေနေ့စဥ် ဖြစ်ပျက်နေတယ်။  ဒီတော့ ကျွန်တော့်ကိုနေ့စဥ် ဝမ်းနည်းစေတဲ့အရာတချို့ကို ဘယ်လိုဖယ်ရှားခဲ့လဲ ဆိုတာကိုပြောပြချင်ပါတယ်။

ခွင့်လွှတ်ပါ

တခါတလေ ဒါကတော့မဖြစ်နိုင်ပါဘူးလေ။ လူတချို့ကကျွန်​တော့်ကိုနာကျင်ဝမ်းနည်းစေရင် သူတို့ကို ခွင့်လွှတ်လိုက်တယ်။ အချိန်တော့လိုတာပေါ့။သင့်ကိုတစုံတရာ ဆုံးရှုံး​စေတာတို့၊ စိတ်ပျက်ဒေါသဖြစ်စေတာတို့၊ သစ္စာဖောက်ခံရတာတို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ခံစားလိုက်ပါ အချိန်တန်ရင်တော့ခွင့်လွှတ်ပေးဖို့မမေ့ပါနဲ့။ သင့်ဘဝကို တစုံတယောက်က ဖြစ်ပေါ်စေတဲ့အဆိုးမြင်မှုတွေအားလုံးကို စွဲကိုင်ထားခြင်းက သင့်ကိုပိုပူလောင်စေလိမ့်မယ်။ ခွင့်လွှတ်ပါ ခွင့်လွှတ်ခြင်းက သူတို့ကို ပြန်ပြီးခွင့်ပြုတာမဟုတ်ဘဲ ကိုယ့်ဘက်က စိတ်ရှင်းရှင်းနှင့်လွှတ်ချလိုက်​ပြီး သင်ကတော့ရှေ့ဆက်လျောက်ပါ။ တခါတလေ ခွင့်လွှတ်ဖို့လိုတဲ့သူဟာ သင်ကိုယ်တိုင်ပါပဲ။

ဘယ်သူမှ အတိအကျမဖြေနိုင်တဲ့မေးခွန်းတခုရှိတယ်၊အဲ့တာကတော့ “ဘဝကဘာလဲ”။ ဒီမေးခွန်းကလူတိုင်းအတွက်ထူးဆန်းနိုင်ပြီးတယောက်ချင်းဆီမှာလဲမတူကွဲ​ပြားတဲ့အဖြေရှိနေနိုင်မယ်ထင်တယ်။တစုံတယောက်က ကျွန်တော့်ကိုဒီမေးခွန်းမေးခဲ့မယ်ဆိုရင်”ဘဝဆိုတာမွေးဖွားခြင်းနှင့်အစပြုပြီး သေခြင်းနှင့်အဆုံးသတ်တယ်”လို့ပဲကျွန်တော်ဖြေမိမှာပါ။ဒါပေမယ့်လဲ အတိကျတော့မဟုတ်။ မွေးဖွားပြီးနောက် နှင့် မသေမှီ အချိန်အတောတွင်းမှာ ကျွန်တော်တို့ အဖြစ်ပျက်တွေအများကြီးရှိပါတယ်။တကယ်တော့ ဘဝဟာ ခံစားချက်၊ စိတ်ခံစားမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသထွက်ခြင်း၊ ချစ်ခြင်း အစရှိတဲ့ မတူကွဲပြားမှုတွေနေ့စဥ် ဖြစ်ပျက်နေတယ်။ ဒီတော့ ကျွန်တော့်ကိုနေ့စဥ် ဝမ်းနည်းစေတဲ့အရာတချို့ကို ဘယ်လိုဖယ်ရှားခဲ့လဲ ဆိုတာကိုပြောပြချင်ပါတယ်။

အဓိပ္ပါယ်မဲ့သော အရာများကို အခြားအဓိပ္ပါယ်ရှိသောအရာများနှင့် အစားထိုးပါ

ဝမ်းနည်းခြင်းက အခြေအနေအမျိုးမျိုးနဲ့ပေါ်လာတတ်တယ်။ တခါတလေမှာ ကျွန်တော်တို့ ရွေးချယ်တဲ့အမှား ကနေ ဒါမှမဟုတ် တခြားသူရဲ့အမှားကြောင့်နဲ့ ကိုယ့်ပေါ်လာပြီး အကျိုးသက်ရောက်တဲ့ ဝမ်းနည်းခြင်းတွေကြုံရတတ်တယ်။စိတ်ပျက်ဝမ်းနည်းမှုတွေကြုံလာရင် လုပ်နေကျ လက်လက်စတွေခနဖယ်ထားပြီး မိသားစု၊ သူငယ်ချင်း တို့နှင့်ပျော်စရာအမှတ်တရအတွက်အချိန်ပေးပါ။ ၁၀၀% မဖြေရှင်းနိုင်ရင်တောင် အနည်းဆုံးတော့စိတ်ဓာတ်ကျခြင်းကနေ နလံပြန်ထူလာပါလိမ့်မယ်။

ဆက်လက်ရှင်သန်နေထိုင်ပါ

ဒါကတော့အခက်ခဲဆုံးပဲလို့ပြောရမယ်။ ကျွန်တော်တို့ခုချိန်ထိ ရုန်းကန်နေရဆဲပါပဲ။ ဝမ်းနည်းပူဆွေးခြင်း နှင့်စိတ်ဓာတ်ကျခြင်းကို ခံစားရတဲ့အခါ ကျွန်တော်ပုံမှန်ဘဝနှင့်ဆက်နေဖို့ဆိုတာ မလွယ်ကူတော့ဘူး။ အဆိုးဆုံးအခြေအနေထိတွေ့ကြုံရကောင်းတွေ့ကြုံရနိုင်တယ်။ ဒါပေမယ့် ဆက်ပြီးရှင်သန်နေပါ။ သင့်ရဲ့အဖိုးတန်အသက်ကို လက်လွှတ်စလွယ်အဆုံးရှုံးမခံပါနဲ့ ။ ဘဝပေးအခြေအနေကြောင့် ဘဝမှာဘာတွေလုပ်နေတယ်၊ ဘာကိုလုပ်သင့်တယ် ဆိုတာကို ကန့်သတ်ထားတာက သင့်ရဲ့နာကျင်မှုကို ပိုတိုးစေရုံပဲရှိမယ်။ ဒါကြောင့်တိုက်ရိုက်အသက်ရှူဖို့မမေ့ပါနှင့်။

ဒါကြောင့် စိတ်ညစ်ပြီးရင် ပြန်ပြီးပျော်ရွှင်မှုကိုရှာဖို့မမေ့ပါနှင့်။ သင့်ကိုပျော်ရွှင်စေသူနှင့် စိတ်ညစ်စေသူက သင်ကိုယ်တိုင်ပဲဖစ်လိမ့်မယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။

ဝမ်းနည်းစေတဲ့အရာ