သင်မွေးတဲ့ နေ့နံကပြောတဲ့ သင့်ရဲ့ ကံကြမ္မာနဲ့စိတ်နေစိတ်ထားများ

တနင်္ဂနွေ

တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်း ပေမယ့် အခြားလူ တွေနဲ့ ကွဲတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထား သူတွေပါ။ တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာ ပါကြတယ်။ ဗဟုသုတကို လိုက်စားတယ်။ အအိပ်မက် တယ် အစားမကြီးဘူး။ ဒါပေမဲ့ ခဏ ခဏ စားနေတတ် တာမျိုး ဒေါသကြီးပေမဲ့ ကောက်ရိုးမီး လိုမျိုးခဏပဲ။. ပြီးရင် သူမဟုတ် သလိုမျိုး စိတ်ဆိုး စိတ်ကောက် လွယ်တယ်။ ဒါပေမဲ့ စိတ်ပြေလွယ် တယ်။  ချစ်သူ အပေါ် အနိုင်ယူလိုတဲ့ စိတ် ရှိတယ်။

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့ သူမျိုး အရမ်းလည်း ချစ်တတ်ကြတယ်.။ အချစ်ကြီးပြီး အချစ် အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ.. ဒါ့ကြောင့် အချစ်ရေးမှာ ကံညံ့တယ်။ ဦးဆောင်လိုစိတ် ပြင်းပျတယ်။ နေရာတကာ ဆရာကြီးလုပ်တဲ့ သူမျိုး မဟုတ်ပေမဲ့။ ဦးဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိသူတွေဖြစ်တယ်။ မိသားစုကိုလည်း ချစ်တတ်ကြတယ်.။

အပေါင်းအသင်း မက်တယ်။ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့ သူမျိုးတွေပါ။ သူငယ်ချင်းတွေ အပေါ် အမြဲ အနစ်နာ ခံတတ်တယ်.။ခံစားရတာ တွေကိုလည်း မျိုသိပ်ထား တတ်ကြတယ်.။ ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမယ့် ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုး တွေပါ။ အထူးအခြားဆုံး အချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်း ကြီးလွန်းပါတယ်။

တနင်္လာ

တနင်္လာတွေဟာ မိတ်ဆွေ ပေါများတယ်။ လူချစ်လူခင်လည်း ပေါများတဲ့ နေ့နံ ပိုင်ရှင်တွေ ဖြစ်တယ်။ ဒေါသထွက် တတ်ပေမဲ့ အပြင်မှာ ထုတ်ပီး အရမ်းမပွားပါဘူး။ မိသားစုအပေါ်မှာ ဆိုရင်တော့ နဲနဲ စိတ်မရှည်တတ်ဘူး။ အစွဲအလန်း ကြီးပါတယ်။ တစ်ယောက်ဆို တစ်ယောက် အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ်။ စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ ပြောဆိုတတ်တယ်။ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင်ပေး တတ်တယ်။ ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့ နေတတ်သလို သူများကို ပျော်ရွှင်မှုတွေ တစ်ခါတစ်ရံ ဖန်တီးပေးတတ်တယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ ခင်တွယ် တတ်တယ်။

သင်မွေးတဲ့ နေ့နံကပြောတဲ့ သင့်ရဲ့ ကံကြမ္မာနဲ့စိတ်နေစိတ်ထားများ

တနင်္ဂနွေ,တနင်္လာ ,အင်္ဂါ ,ဗုဒ္ဓဟူး ,ကြာသပတေး ,သောကြာ ,စနေ 

အလုပ်လုပ်တဲ့ နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိတယ်။စိတ်ကူး အမြင် ကျယ်တယ်။ ဗူးဆို ဖရုံ မသီးတတ်ဘူး။ ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည် ဖော်ရမှ ကျေနပ်တယ်။တစ်ခါတစ်လေတော့ အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေး လွဲချော်နေတတ်တယ်။ တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခု တွေ့မြင်ရရင် သနားတတ်တယ်။

တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝ ရှိပါတယ်။  ကိုယ်မကြိုက်တဲ့ အရာဆိုရင်တော့ စိတ်ပြတ်သားတယ်။လူတစ်ယောက်ကို ခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ ပေါင်းသင်းတတ် ကြပါတယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့ လိုက်လျောညီထွေစွာ ခင်မင်တတ်တယ်။ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျ လေ့လာတတ်တယ်။

စကားပြောတဲ့ နေရာမှာ ပွင့်လင်းမှု ရှိတယ်။ ကိုယ်မကြိုက်တဲ့ အရာတွေကို ပြောချင်တဲ့ စကားရှိရင် အားမနာတမ်း တိုက်ရိုက် ပြောတတ်တယ်။တနင်္လာတွေဟာ မှန်နေရင် ဘာကိုမှ ဂရုမစိုက်ပဲ နေသလောက်၊ မှားနေရင်တော့ တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။

အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှု အပြည့်အဝ ရှိရှိနဲ့ နေတတ်တယ်။ စိတ်ကူးယဉ် ဆန်တယ်။ အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကို လေ့လာရတာ နှစ်သက်တယ်။

အင်္ဂါ

အင်္ဂါ သားသမီး အများစုဟာ သူတို့ချစ်သူ အပေါ်မှာ သစ္စာရှိကြတယ်။ ချစ်ပြီဆိုရင်လည်း နှစ်ယောက်မရှိသလို မုန်းပြီ ဆိုရင်လည်း ပြန်လှည့် မကြည့်တတ်ကြဘူး။

အပြောအဆိုလေးတွေက အမြဲ ချစ်စရာ ကောင်းနေပြီး ရုပ်လေးကလည်း စွဲဆောင်မှု ရှိနေတတ်တယ်။အင်္ဂါ သားသမီးအများစုဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ ပျော့ညံပြီး အလွယ်တကူ ဝမ်းနည်းတတ်ကြပေမယ့် ဖြစ်လာသမျှအခက်အခဲတိုင်းကို ဆုံးဖြတ်ချက်အခိုင်အမာနဲ့ ဇွဲဝီရိယရှိရှိ စဉ်းစားဆင်ခြင်ပီး ဖြေရှင်းနိုင်ကြတယ်။

အပြင်ပန်းကြည့်ရင် ချေတယ် ထင်လောက်အောင် အပြောခံရပေမယ့် သူ့တို့စိတ်ဟာ အမျိုးမျိုးပါပဲ ပေါင်းကြည့်မှသာ သိပါလိမ့်မယ်။အထီးကျန် တတ်ကြပါတယ်။ ဒါပေမယ့် ဘာကိုမှ မတွေးပဲ ပျော်ပျော်နေ တတ်ကြတယ်။ သူတို့လောက် အစားအသောက် ကြိုက်တာ သူတို့ပဲ ရှိတယ်။ကလေးတစ်ယောက်လို ပျော်တတ်ပေမယ့် တစ်ခါတစ်လေကျ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြတယ်။  ရုပ်ရည်ချောမောတဲ့အတွက် ရည်းစားရှိတယ် အထင်ခံရပီး တကယ်တမ်းကျ အချစ်ရေးမှာ ကံမကောင်းကြဘူး။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူး တွေကတော့ အရမ်း စိတ်ကြီးတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့တွေက ညဏ်ကောင်းသလောက် အပျင်းကြီးတဲ့ သူတွေလည်း ဖြစ်တယ်။ ဒါကြောင့် ပညာရေးမှာဖြစ်ဖြစ် စီးပွားရေးမှာ ဖြစ်ဖြစ် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ ဒါကြောင့် အောင်မြင်ဖို့ဆို ကြိုးစားအားထုတ်မှု လေးတွေ ရှိမှ ဖြစ်ပါမယ်။

အမှန်တရားကို လက် ခံတယ်။ ဒါပေမယ့် သူတို့တွေ ဆီမှာ ဘယ်သူကိုမှ မပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိနေတတ်ကြတယ်။ တစ်ယောက်တည်း နေရတာကိုပဲ သဘောကျတယ်။ အပေါင်းအသင်း သိပ်မရှိပေမယ့် မိတ်ဆွေ ပေါတယ်။ သူတစ်ပါး အကူအညီ လိုရင် ပေးတတ်ကြပေမယ့် ကိုယ်က များ သောအားဖြင့် သူတစ်ပါးဆီကို အကူအညီ မတောင်းတတ်ကြဘူး။ အားနာတတ်တယ်။ အနုပညာ ဝါသနာကြီးတယ်။ အနုပညာ ထဲမှာမှ ဂီတကို ပိုပြီး ရူးသွပ် ကြတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကို အထီးကျန် နေသလိုမျိုး ခံစားရတတ်တယ်။ အချစ်ရေးမှာ အသင့်သင့်ပဲ။ ချစ်သူခင်သူ ပေါပေမယ့် တစ်ယောက်ဆို တစ်ယောက် သစ္စာ ရှိတတ်ကြတယ်။

စိတ် နာသွားရင်လည်း လှည့်မကြည့် တတ်ကြဘူး။ အချစ်ကို မရူးသွပ်ဘူး မကိုးကွယ်ဘူး။ ဒါကြောင့် အချစ်နဲ့ ပတ်သက်ပြီး အရမ်းကြီး မခံစားရတတ်ဘူး။  စကားနည်း ခပ်တည်တည် နေတတ်တဲ့ အကျင့်ကြောင့် မာနကြီးသလို အထင်ခံ ရတတ်တယ်။

မိသားစုမှာ ဝိုင်းပြီး ဂရုစိုက် ခံရတတ်တယ်။ စိတ်အရမ်းကြီးတယ် ဒါ့ကြောင့် ဒေါသကြီးတယ် လို့ ထင်ရတယ်။ အထူးခြားဆုံး အချက်က လက်တွေ့ ဆန်ဆန် ဘဝကိုပဲ နှစ်သက်တတ်ကြတယ်။

ကြာသပတေး

ကြာသပတေးသားသမီးတွေက ကိုယ့်ထက်ကြီးတဲ့ သူတွေအပေါ် အားထားနှစ်လိုစိတ် ရှိကြတယ်။ ကျောင်းသား ကျောင်းသူဘဝကို ပိုမို ပျော်မွေ့တတ်ကြတယ်။ အတတ်ပညာပိုင်း ဆိုင်ရာတွေမှာ ဝါသနာကြီးတယ်။ ရယူလိုစိတ် ထက်သန်ကြတယ်။ သူတို့ယုံကြည်တဲ့ ဆရာသမား မိဘများအပေါ် အလွန်ကောင်းကြတယ်။ အရမ်းစိတ်ညစ်ရတဲ့ ပတ်ဝန်းကျင်တွေကို ရှောင်ခွာတတ်ကြတယ်။ ပေါ့ပါးရွှင်လန်း လိုစိတ် ရှိတယ်။ လွတ်လပ်စွာ နေထိုင်လိုစိတ် ရှိကြတယ်။

ကျီစယ်လိုစိတ် ရှိတတ်တယ်။ ဗဟုသုတအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထက်မြက်တယ်။ လုပ်ငန်းပိုင်းတွေမှာ လုပ်ရင် တော်တယ် ထက်တယ်။ မျော်လင့်ချက်ကြီးတယ်။ အကူအညီပေးတဲ့ အလုပ်တွေ လုပ်တာ ဝါသနာပါတယ်။

စိတ်မရှည်တတ်ဘူး။ စိတ်ဆိုးစိတ်ကောက် လွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည် လွယ်တတ်တယ်။ ရှုပ်ပွေတာကို မုန်းတယ် သစ္စာတရားကို တန်ဖိုး ထားတတ်တဲ့စိတ် အပြည့်ရှိတယ်။ ပညာရေး ကောင်းတယ်။ ရုပ်ချောချော မချောချော စတိုင်ရှိခေတ်မှီနေရင် ငယ်ရွယ်ပြီး သွက်လက်တဲ့ သူတွေကို သဘောကြနှစ်သက်ကြတယ်။ ရောဂါခံစား ရလွယ်တယ်။

လျို့ဝှက်ပြီး နေတတ်တယ်။ ကိုယ့်ရဲ့ခံယူချက်ကို သူများနဲ့ထပ်တူကျ အောင်လုပ်ဆောင်တတ်တယ်။ သူတစ်ပါး ဒုက္ခပေးတာ အကြိမ်ကြိမ် ခံရတတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်က ရန်လိုတိုက်ခိုက်လာရင် ရှောင်ရှားတတ်တယ်။

လူချစ်လူခင် ပေါများတယ်။ အချစ်ကြီးတယ် အမြတ်လဲကြီးတယ်။ သစ္စာရှိတယ် ကတိတည်တယ်။ မိသားစုအပေါ် အရမ်းသိတတ်တယ်။ မိဘတွေက အားကိုးကြတယ်။ အပေါင်းအသင်းပေါများတယ်။ မာနကြီးတယ် ထင်ရပေမယ့် ပေါင်းမိရင် အရမ်း စိတ်သဘောထား ပြည့်ဝတတ်တယ်။

သောကြာ

သောကြာ သားသမီးတွေကတော့ အရိုးသားဆုံး သူလေးတွေပါ။ သူတို့ဟာ အရာရာကို အလေးအနက် ထားတတ်ကြတယ်။  အပျင်း မကြီးတတ်ဘူး အစား မမက်ဘူး။တစ်ခါတစ်လေတော့ စကားပြောရင် တစ်ဖက်လူ နားငြီးအောင် ပြောတတ်ကြတယ်။ မိသားစုအပေါ် အမြဲ အနစ်နာခံ တတ်တယ်။

ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲ ကြတယ်။ စိတ်တို လွယ်သလို စိတ်ပြေလည်း လွယ်တယ်။ ဒေါသမကြီးပေမယ့် အငြိုးအတေး ကြီးတတ်ကြတယ်။  တစ်ခုခုဆို ခံစား လွန်းတတ်တယ် မျက်ရည်လွယ်တယ် ကိုယ် ခံစားရတာတွေကို ဘယ်သူ့မှ ပြောမပြဘဲ တစ်ယောက်ထဲ ကျိတ်ခံစားတတ်တယ်။ အချစ်ကြီးသလောက် အချစ်ရေးမှာ ကံမကောင်းဘူး။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို အမြဲ စိတ်ဆင်းရဲ စေတတ်တယ်။ ခေတ်မှီမှီ နေခြင်းထက် ရိုးရိုးလေး နေတာကို ပိုသဘောကျ တတ်တယ်။ သူငယ်ချင်းတွေ ထဲမှာလည်း အမြဲ အနစ်နာ ခံတတ်တယ်။ ချစ်သူပဲ ဖြစ်ဖြစ် မိသားစုပဲ ဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းပဲ ဖြစ်ဖြစ် အမြဲ သူတို့ကပဲ အနစ်နာခံ တတ်ကြတယ်။ အချစ်ဦးမှာ ကံအရမ်း ဆိုးတတ်တယ်။ တစ်ယောက်တည်း နေရတာကို သဘောကျတယ်။ စိတ်ကူးယဉ် တတ်တယ်။ တစ်ခုခုဆိုလဲ အရမ်း စိုးရိမ်လွန် တတ်ပြီး အထူးခြားဆုံးက အနစ်နာ ခံတတ်တယ်။

စနေ

စနေသားသမီး တွေက လူ့ဘဝကို စရောက်ပီ ဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ်။ ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထုတစ်ခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်။ ပြောချင်တဲ့စကားကို သွယ်ဝိုက် မပြောတတ်ဘဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ အစွဲအလန်း ကြီးတယ်။

အမှတ်တရတွေကို သတိရနေတတ်တယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်ကြဘူး။ စိတ်ကြီးတယ် မဟုတ်မခံတတ်ဘူး။ ဒေါသအရမ်း ထွက်တတ်ပေမယ့် ကြာကြာတော့ စိတ်ထဲမထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်။ သနားတတ်တဲ့ စိတ်ထားရှိကြတယ်။ မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့ စိတ်ထား အပြည့်အဝ ရှိတယ်။

အနေအေးပေမယ့်  သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်း လိုချင်ကြတယ်။ မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်ကြတယ်။ စိတ်ဆိုးနေရင် မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်။ ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရန်ဖြစ်ပီး မခေါ်ကြရင် ကိုယ်က ဘယ်တော့မှ အရင်စ မခေါ်ချင်ကြဘူး ။

ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။ အချို့သော အရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ်။ ကိုယ်လုပ်ထားတဲ့ အရာတွေကို အကောင်းပြောလည်း ခံချင်ကြတယ်။ သီချင်းတွေ ဒဏ္ဍာရီစိတ်ကူးယဉ် ဆန်ဆန်တွေကို နှစ်သက်ကြတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်း ရှိရင် သီချင်းတွေ ညည်းနေတတ်တယ်။ အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအန ကောက်တတ်ကြတယ်။ အမျှော်အမြင်ကြီးတယ် ။ တိုးတက်ချင်တဲ့ စိတ်ရှိပြီး စိတ်သဘောထား ကောင်းတတ်ကြတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။