ပေါင်းသင်းဆက်ဆံရေးကောင်းသူ တစ်ယောက်ဖြစ်အောင်

ပေါင်းသင်းဆက်ဆံရေးကောင်းသူ နဲ့ စကားပြောရင် သူ့ကို အလိုလို ရှိန်နေမိတယ်၊ အားကျနေမိတယ်၊ မသိစိတ်ထဲကနေ အားငယ်မိတယ်။ ဘာလို့ဆို ကိုယ်က သူငယ်ချင်းအရင်းတွေကြားထဲမှာ ပေါက်ပေါက်ဖောက်တတ်ပေမယ့် လူစိမ်းတွေကြားဆို ကျောက်တုံးကြီး တစ်တုံးလို ဖြစ်နေတတ်ပါတယ်။

စကားလည်း သွားပြောချင်တယ်၊ စိတ်ထဲမှာ ဆန္ဒကသာ ရှိနေတာ စကားလုံးတွေက ထွက်မလာနိုင်ခဲ့ဘူး၊ ပြုံးပြရုံတစ်ခုလောက်ပဲ ကောင်းကောင်း လုပ်နိုင်တယ်၊ စကားပြောမယ် မပြောဘူး ဆိုတာက စိတ်ထဲမှာ လွန်ဆွဲနေတာနဲ့ ပြောဖို့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးလိုက်ရတာလဲ့မနည်းတော့ပါဘူး။ အဲလိုနဲ့ သူက ပေါင်းသင်း ဆက်ဆံရေး မကောင်းဘူးနော် ဆိုတဲ့ တံဆိပ် အကပ်ခံရတော့တာပဲဖြစ်ပါတယ်။

အဲလိုနဲ့ သူတို့လို ဖြစ်ချင်တော့စတင်ပြေင်းလဲဖိုကြိုးစားပါတော့တယ်။ စစချင်းကတော့ စကားပြောဖို့ ခက်လိုက်တာ ဆိုတာ အထစ်ထစ် အငေါ့ငေါ့နဲ့ ဘာပြောရမယ်မှန်းလဲ မသိ၊ စိတ်တွေလည်း ညစ်ရပါတယ်။ ဒါပေမယ့် လက်လျှော့လိုက်ရင် သူများကို တစ်ချိန်လုံး အားကျနေရမယ့် အဖြစ်ကို ပြန်တွေးကြည့်ရင်း ဖြည်းဖြည်းချင်း ကြိုးစားကြည့်ပါ။ ပေါင်းသင်း ဆက်ဆံရေး အရမ်းကောင်းတယ်ရယ်တော့ မဟုတ်ပေမယ့် အရင်ကလို ဆိုးဆိုးရွားရွား ဖြစ်နေတော့မှာမဟုတ်တော့ပါဘူး။

သူများတွေကို အားကျရင်း ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ယောက် ဖြစ်လာချင်ပေမယ့် အကျင့်စရိုက်အရပဲ ဖြစ်ဖြစ်၊ တခြားအကြောင်းအရာ တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် စကားစဖို့ ခက်နေသူတွေ ရှိကြမှာပါ။ ဒါဘယ်လောက်တောင် ခက်ခဲလဲ ဆိုတော့ စကားလေးပြောဖို့ ချွေးပြန်အောင် စဉ်းစားရတဲ့ အခိုက်အတန့်ကို ကြုံဖူးသူတွေပဲ နားလည်ပါတယ်။ ဒါဆိုရင် ဒီလိုဘောင်ကြီးကနေ ရုန်းထွက်လာနိုင်စေဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းသူ တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ…..

၁. နားထောင်ခြင်းစွမ်းရည်

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ဖို့ရာ နားထောင်ခြင်း စွမ်းရည်က အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။ တစ်ဖက်လူ ဘာတွေတွေးနေလဲ၊ ဘယ်လိုခံစားနေရလဲ၊ သူဘာကို ဆိုလိုတာလဲ သေချာ နားလည်မှ သင့်တော် မှန်ကန်တဲ့ တုံ့ပြန်မှု ပေးနိုင်မှာပါ။

ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းတဲ့ သူနဲ့ စကားပြောရင် သူ့ကို အလိုလို ရှိန်နေမိတယ်၊ အားကျနေမိတယ်၊ မသိစိတ်ထဲကနေ အားငယ်မိတယ်။ ဘာလို့ဆို ကိုယ်က သူငယ်ချင်းအရင်းတွေကြားထဲမှာ ပေါက်ပေါက်ဖောက်တတ်ပေမယ့် လူစိမ်းတွေကြားဆို ကျောက်တုံးကြီး တစ်တုံးလို ဖြစ်နေတတ်ပါတယ်။ဒါဘယ်လောက်တောင် ခက်ခဲလဲ ဆိုတော့ စကားလေးပြောဖို့ ချွေးပြန်အောင် စဉ်းစားရတဲ့ အခိုက်အတန့်ကို ကြုံဖူးသူတွေပဲ နားလည်ပါတယ်။ ဒါဆိုရင် ဒီလိုဘောင်ကြီးကနေ ရုန်းထွက်လာနိုင်စေဖို့ ပေါင်းသင်း ဆက်ဆံရေး ကောင်းသူတစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ…..

ကျွန်တော်တို့ အများစုကတော့ နားထောင်တဲ့အပိုင်းမှာ တော်တော်လေး ညံ့နေတတ် ကြပါတယ်။ ဥပမာ ပြောရရင် သူ့ထက်ငါ လုပြောကြတယ်၊ ကိုယ်ပြောတာပဲ နားထောင်စေချင်တယ်၊ သူများ ပြောတာကို အာရုံမစိုက်ဘူး သေချာနားမထောင်ဘူး၊ ကိုယ်ဘာပြန်ပြောရမလဲပဲ စဉ်းစားနေတတ်တယ်။

တစ်ဖက်လူရဲ့ စကားကို သေချာ အာရုံစိုက် နားထောင်တယ်ဆိုတာ ရှိသင့်တဲ့ ယဉ်ကျေးမှုတစ်ခုပါ။ပေါင်းသင်းဆက်ဆံရေး ကောင်းမွန် သူတွေကတော့ အပြောနဲ့ နားထောင်တာကို ကောင်းကောင်း စီမံနိုင်ကြပါတယ်။

ဒါကြောင့်လဲ သူတို့တွေ တခြားသူရဲ့ စိတ်ကို နားလည်နိုင်ကြတာပဲဖြစ်ပါတယ်။ ရှေးလူကြီးတွေကတောင် “နည်းနည်းပြော များများနားထောင်” ဖို့ ဆိုဆုံးမခဲ့ ကြပါသေးတယ်။ ကိုယ်က နားထောင်မှ လူတွေက စကားပြောလာမှာမို့ အပြောလျှော့ပြီး နားထောင်ဖို့ ကြိုးစားကြည့်ပါ။

၂. Body Language

ကိုယ်ခန္ဓာကနေ ပြောတဲ့စကားက နှုတ်ထွက်စကားထက် ပိုကျယ်လောင်တတ်ပါတယ်။ ကျွန်တော်တို့ရဲ့ လျှာဖျားလေးက မကြိုက်တာကိုတောင် အရမ်းနှစ်သက်သယောင် ဟန်ဆောင်လိုက်ဖို့ သိပ်လွယ်ကူပါတယ်။ ဒါပေမယ့် ဖုံးကွယ်ဖို့ ခက်ခဲတာကတော့ Body language ပါ။

ဘယ်လိုပဲ ပိရိအောင် ဟန်ဆောင်နေပါစေ၊ မသိစိတ်ထဲကနေ မကြိုက်တာကို မကြိုက်သလို၊ ပျော်ရင် ပျော်သလို ခန္ဓာကိုယ်က တုံ့ပြန်မိလျက်သား ဖြစ်နေတတ်ပါတယ် ဥပမာ မျက်နှာ အနေအထား၊ အပြုအမူ၊ ပုံစံ စသဖြင့်ပေါ့။

ဒီလို ခန္ဓာကိုယ်က တစ်ဆင့် တုံ့ပြန်ပြောဆိုတဲ့ ဘာသာ စကားကို အရိပ်အကဲ ဖမ်းတတ်ဖို့ လိုပါတယ်။ ဒါဆိုရင် ဒါကို သူစိတ်ဝင်စားလား၊ သူပျော်နေလား၊ ငြီးငွေ့နေလား စတဲ့ သူ့အတွေးတွေကို ခန့်မှန်းမိနိုင်မှာပါ။ နောက်ဆိုရင် ဒါလေးတွေကို သတိထားပြီး လေ့လာကြည့်ပါ Body language ကို နားလည်ခြင်းက ဘယ်လောက်အသုံးဝင်မှန်း နားလည်လာပါလိမ့်မယ်။

၃. အပြုံး

ကျွန်တော်တို့ ကိုယ်တိုင်ကလည်း မျက်နှာ ရှစ်ခေါက်ချိုးနဲ့ တည်နေတဲ့သူထက် အပြုံးလေးနဲ့ဆို ပိုပြီး ခင်မင်ရင်းနှီး ချင်ကြတာ သဘာဝတစ်ခုပဲဖြစ်ပါတယ်။ အပြုံး ဆိုတာက အပြုသဘော ဆောင်တယ်၊ မြင်ရသူအဖို့ စိတ်အေးချမ်းစေတယ်၊ ပိုပြီး ရင်းနှီးစေတယ်၊ မျက်နှာလည်း ချိုစေတယ်။ ဒါကြောင့်မို့ ပေါင်းသင်းဆက်ဆံရေး ကောင်းပါတယ် ဆိုသူတွေ အမြဲတမ်းပြုံးနေတတ်လေ့ရှိပါတယ်။ ဒါပေမယ့် ပြုံးပါ ဆိုတိုင်း အတင်းလုပ်ယူထားတဲ့ အတုအယောင်မျိုးတော့ မဖြစ်ဖို့ကအရေးကြီးပါတယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထွက်လာတဲ့ အပြုံးမျိုးကမှ တကယ်သက်ရောက်မှုပိုရှိပါတယ်။

၄. လေးစားမှု

ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူ တစ်ယောက်နဲ့ ကျွန်တော်တို့ စကားပြောမိတဲ့အခါ ဘာမှလည်း ကြီးကြီးမားမား မလုပ်ပါဘဲနဲ့ ရှိန်မိသွားတယ်၊ လေးစားသွားတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က ကျွန်တော်တို့ အပေါ် လေးစားမှုနဲ့ ဆက်ဆံလို့ပါ။ ကိုယ့်ကို လေးလေးစားစားနဲ့ ဆက်ဆံတဲ့သူကို ဘယ်သူမဆို နှစ်သက် သဘောကျကြပါတယ်။ ပြီးတော့ လူတစ်ယောက်က ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြောဆို နေတာလား၊ ဘယ်လိုစိတ်မျိုးနဲ့ ပြောနေလဲ ဆိုတာကို သူ့ရဲ့ လေသံ၊ အပြုအမူ၊ အပြောအဆို၊ အကြည့်တွေကနေ တစ်ဆင့် ကျွန်တော်တို့ ခံစား သိရှိနိုင်ကြပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကို မလေးမစားနဲ့ ပေါပေါပဲပဲ ဆက်ဆံသူမျိုးကို ကျွန်တော်တို့လည်း နည်းနည်းလေးမှ အထင်မကြီးကြတာပဲဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုထဲမှာ ဒါကလည်း အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

၅. ကြောက်စိတ်ဖျောက်ခြင်း

ဘာပြောရမလဲ ဆိုပြီးစဉ်းစားရင်းနဲ့ သိပ်ကြောက်ခဲ့ဖူးသူတွေပဲနားလည်မှာပါ။ ဒါကြောင့်မို့ ဘာပြောရမလဲ မသိဘူး၊ ကြောက်တယ်ဆိုပြီး တစ်ယောက်တည်း ဘေးဖယ်နေတယ်၊ ချောင်ကပ်နေတယ် အဲလိုနဲ့ “ဘယ်သူမပြု မိမိမှု” ဆိုသလို ကိုယ်ပြုခဲ့တဲ့အတိုင်း ချောင်ကို ရောက်သွားတော့တာပါပဲဖြစ်ပါတယ်။ ပွဲတစ်ခုခု သွားရင်လည်း သိတဲ့သူမရှိဘူး၊ အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေတယ် အဲလိုမျိုးတွေပါ။

ကြောက်စိတ်ဆိုတဲ့ အရာကြီးက ကျွန်တော်တို့ ရှေ့ဆက် လှမ်းမရအောင် ချည်နှောင်ထားတတ်ပါတယ်။ ဒီကြောက်စိတ်ကို အနိုင်ယူနိုင်မယ့် တစ်ခုတည်းသော အရာက အတွေ့အကြုံပါ။ သူများနဲ့ စကားမပြောရဲလည်း၊ ဘာပြောရမှန်း မသိဘူး ဖြစ်နေရင်လည်း စိတ်ထဲ ရှိတာ တစ်ခုခု မေးရင်း မြန်းရင်းနဲ့ ဖြည်းဖြည်းချင်း လေ့ကျင့် သင်ယူသွားကြည့်ပါ။ ကိုယ်ပြောခဲ့တဲ့ လူအရေအတွက် များရင် များသလောက် တိုးတက်မှုက သိသာလာပါလိမ့်မယ်။ တစ်နေ့ကျရင်တော့ ယုံကြည်မှု ရှိရှိနဲ့ ပေါင်းသင်း ဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။