ထောက်ကြန့် ဓနသဟာယ စစ်သင်္ချိုင်း သမိုင်းကြောင်း

ရန်ကုန်မြို့မှမြောက်ဘက် ၂၅ ကီလိုမီတာ အကွာ ရန်ကုန်ပြည်လမ်းမဘေးတွင်ရှိသောဗြိတိသျှ ဓနသဟာယ စစ်သင်္ချိုင်းသည်ထောက်ကြန့်စစ်သင်္ချိုင်းဟုထင်ရှားလူသိများခဲ့သည်။ ကျယ်ဝန်း သန့်ပြန့်သော ဝင်းအတွင်း အစိမ်းရောင်မြက်ခင်း ကျယ်ကြီပေါ်တွင် အထိမ်းအမှတ်အုတ်ဂူများကို ညီညာစွာ စီတန်းခင်းကျင်းထားသဖြင့် လာရောက်ကြသူတိုင်းအား စိတ်ကြည်နူးမှုဖြစ်စေပါသည်။ ယင်းစစ်သင်္ချိုင်း ကိုတည်ထောင်ခဲ့စဥ်က စစ်သင်္ချိုင်း၏အနီးတွင် ထောက်ကြန့်ကျေးရွာရှိနေသဖြင့် ထောက်ကြန့်စစ်သင်္ချိုင်းဟုအမည်သွင်ခဲ့ခြင်းဖြစ်ပါသည်။

ယင်းစစ်သင်္ချိုင်းဝင်းအတွင်းတွင် ပထမကမ္ဘာစစ် နှင့်ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံစစ်မြေပြင်အသီးသီးတွင် ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦးတို့၏ အထိမ်းအမှတ် အုတ်ဂူငယ်လေးများကို ညီညာသပ်ရပ်စွာပြုလုပ်ထားပါသည်။ အုတ်ဂူများအား လှည့်ပတ်ကြည့်ရှုနိုင်ရန် ကွန်ကရစ်လမ်းများ လည်းခင်းထားပါသည်။

ယင်းတို့အနက် ၅၂ ခုသည် ပထမ ကမ္ဘာစစ်အတွင်းကျဆုံးခဲ့သူများဖြစ်ကြသည်။ အုတ်ဂူငယ် ၈၆၇ ခုသည် အမည်မသိစစ်သည်များ၏ ဂူများဖြစ်ကြပြီး အိန္ဒိယနှင့် အာဖရိက စစ်သည် ၁၈၁၉ ဦးတို့၏ အမှတ်တရ အုတ်ဂူများလည်းပါဝင် ကြပါသည်။ အာဖရိက ပထမ တန်း ခရစ်ကတ် ကစားသမား Leigh Alexander ၏ အမှတ်တရ အုတ်ဂူကိုလည်း မြင်တွေ့နိုင်ပါသည်။

ရန်ကုန်မြို့မှမြောက်ဘက် ၂၅ ကီလိုမီတာ အကွာ ရန်ကုန်ပြည်လမ်းမဘေးတွင်ရှိသောဗြိတိသျှ ဓနသဟာယ စစ်သင်္ချိုင်းသည်ထောက်ကြန့်စစ်သင်္ချိုင်းဟုထင်ရှားလူသိများခဲ့သည်။ ကျယ်ဝန်း သန့်ပြန့်သော ဝင်းအတွင်း အစိမ်းရောင်မြက်ခင်း ကျယ်ကြီပေါ်တွင် အထိမ်းအမှတ်အုတ်ဂူများကို ညီညာစွာ စီတန်းခင်းကျင်းထားသဖြင့် လာရောက်ကြသူတိုင်းအား စိတ်ကြည်နူးမှုဖြစ်စေပါသည်။

စစ်သင်္ချိုင်းအတွင်းသို့ဝင်လိုက်သည်နှင့်  ‘ဤစစ်သင်္ချိုင်းတည်ရှိရာမြေသည် ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးခဲ့သော ကုန်းတပ်ရေတပ်လေတပ် သားတို့၏ ထာဝရလဲလျောင်းရာမှင့် ကျန်ရစ်သူတို့လာရောက်ဂါဝရပြုရာ ဆိပ်ငြိမ် ပရဝဏ် ဖြစ်သည်’’ ဟူ၍ အင်္ဂလိပ်ဘာသာ မြန်မာဘာသာ နှစ်ဘာသာဖြင့်ရေးသားထားသော အစိမ်းရောင် ဆိုင်းဘုတ်ကို မြင်ကြရမှာဖြစ်ပါသည်။

အုတ်ဂူငယ်များအား ကိုးကွယ်မှုဘာသာအရ အုပ်စုများခွဲ၍ သီးခြားစီ ပြုလုပ် ထားပါသည်။ စစ်သင်္ချိုင်းတွင်ရှိနေသည့် အုတ်ဂူများတွင် ခရစ်ယာန်ဘာသာဝင် များ၏ အုတ်ဂူများက အများစုဖြစ်သောကြောင့် ယင်းတို့၏ အုတ်ဂူငယ်များ ပေါ်တွင် ခရစ်ယာန် ဘာသာ အထိမ်းအမှတ် လက်ဝါးကပ်တိုင် ပုံများကို ယှဥ်တွဲ ဖော်ပြထားသကဲ့သို့ ဗုဒ္စဘာသာဝင်များ၏ အမည်ဘေးတွင်လည်းစေတီပုံကို ပြုလုပ်ပေးထားပါသည်။

ယင်းတို့၏ အုတ်ဂူများပေါ်တွင် အာရဗီ ဘာသာဖြင့် မှတ်တမ်းရေးထိုးထားသည်ကို တွေ့နိုင်ပေသည်။စစ်သင်္ချိုင်းအလယ်ရှိ အထိမ်းအမှတ်ကျောင်စာတိုင်ကြီးများပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော စစ်သည် ၂၇၀၀၀ ၏အမည်များကို ရေးထိုးထားပါသည်။

ထောက်ကြန့် မဟာမိတ်စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး အာရှ စစ်ဘက်ဆိုင်ရာ အမှတ်တရ နေရာများတွင် လာရောက်ကြည့်ရှု သူအများဆုံးနေရာတစ်ခုလည်းဖြစ်ပါသည်။ နိုင်ငံတကာ တွင်လည်း Taukkyan Cemetery ဟုထင်ရှား ခံပါသည်။စစ်သည်အများစုသည် မိတ္ထီလာ၊ စစ်တွေ ၊ မန္တလေးနှင့် ဆားမှော်တို့တွင်ကျဆုံး ခဲ့ကြသူများဖြစ်ကာ စစ်သည်များ၏ ရုပ်ကြွင်းများအားထောက်ကြန့်သို့ ဘယ်ယူလာခဲ့ကြပါသည်။ ယင်းကျဆုံးသူများ၏ ရုပ်ကြွင်းများအား အဆိုပါဒေသ သုသာန်မှ ရုပ်ကြွင်းများကိုနောက်ဆုံး ဘယ်ယူခဲ့ကြပါသည်။

ထို့အပြင် ဒုတိယ ကမ္ဘာစစ် အတွင်းကမြန်မာနိုင်ငံတောတွင်း နှင့်လမ်းဘေးများတွင် မြှုပ်နှံထားခဲ့ရသည့်စစ်သည် အချို့၏အလောင်းများကိုလည်း ပြောင်းရွေ့ဘယ်ယူထားခဲ့ ပါသည်။ ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည်များအာ မြှုပ်နှံထားသည့် ဟင်္သာတမှ ရုပ်အလောင်းတစ်ခု မိတ္ထီလာ၊  စစ်တပ်နယ်ပြေမှရုပ်ကလပ် ရှစ်ခု သရက်မ လေးခု ၊ တမ်မခန်မှ လေးခု၊ မန္တလေးမှ ၁၂ ခု မေမြို့ တပ်နယ်မြေမှ ၂၂ ခု စုစုပေါင်း ၅၁ ခုတို့ကို ယင်းစစ်သင်္ချိုင်းများတွင် ရေရှည် ထိန်းသိမ်းထားနိုင်ရန်အတွက် ထောက်ကြန့်စစ်သင်္ချိုင်းသို့ပြောင်းရွှေ့ခဲ့သည်။

ကျဆုံးသူများအနက် ဗစ်တိုရီးယား ထူးချွန်စစ်သည်တံဆိပ် (Victoria Cross ) ရရှိသူခုနှစ်ဦး ပါဝင်ရာ နှစ်ဦးမှာအိန္ဒိယစစ်သည်များဖြစ်ကြပါသည်။ ယင်းတို့၏ အမည်များကို ရန်ကုန် စစ်မြေပြင် အမှတ်တရ ကျောက်စာတိုင်ပေါ်တွင် ယင်းတို့၏မွေးသက္ကရာဇ်များ ၊ ကျဆုံးရက်များနှင့် အတူ ရေးထိုးထားပါသည်။ သူတို့သည် လွတ်လပ်သော ပြည်သူများအတွက် ကျဆုံးခဲ့ကြသည် ( They died for all free men) ဟူသော စာတန်းကိုလည်း အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ဟင်ဒီဘာသာ ၊ အူရဒူဘာသာ များဖြင့် ကျောက်စာ တိုင်ပေါ်တွင်ရေးထွင်းထားပါသည်။

ဒုတိယ ကမ္ဘာစစ်အပြီးတွင် မဟာမိတ်နိုင်ငံများသည် စစ်အတွင်းကျဆုံးခဲသော ယင်းတို့၏ စစ်သည်များအတွက် မဟာမိတ် စစ်သင်္ချိုင်းများကို နိုင်ငံအများ အပြားတွင် တည်ဆောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း မဟာမိတ်စစ်သင်္ချိုင်းသုံးခု တည်ဆောက်ခဲ့ရာ ထောက်ကြန့် စစ်သင်္ချိုင်းသည် သံဖြူဇရပ်မြို့ရှိ သေမင်း တမန် ရထားလမ်းစစ်သင်္ချိုင်းနှင့် ရန်ကုန်မြို့ ဟံသာဝတီ အဝိုင်းအနီးရှိ ဓနသဟာယ စစ်သင်္ချိုင်းတို့သည်လည်း ထင်ရှားပါသည်။

ထောက်ကြန့်စစ်သင်္ချိုင်းသို့လာရောက်ကြသည့် ပြည်ပ ခရီးသည်မျးသည် မင်္ဂလာဒုံလေယာဥ်ကွင်းမှ မိနစ် ၃၀ ခန့်ကားမောင်းလျှင် ရောက်ရှိနိုင်ပါသည်။ ထောက်ကြန့်စစ်သင်္ချိုင်းသည် ရန်ကုန် ပြည်လမ်း ၊ အမှတ် (၁) တွင်တည်ရှိပါသည်။ စစ်သင်္ချိုင်းကိုယခင်က နေ့စဥ် နံနက် (၇) နာရီ မှညနေ (၅) နာရီအထိဖွင့်လှစ်ခဲ့သော်လည်း ယခုအခါတွင် တနင်္ဂနွေနေ့တွင် ဝင်ရောက်ခွင့် မပြုတော့ပါ။

ထောက်ကြန့် စစ်သင်္ချိုင်းတွင်မြှုပ်နှံထားသော ကမ္ဘာအနှံ့မှ ကျဆုံးစစ်သည်များ၏ မိသားစုများနှင့် ဆွေမျိုးများသည် မြန်မာနိုင်ငံသို့လာရောက်ကာမိမိတို့၏ သားချင်းများအား လာရောက်ဤဂါရဝပြုလေ့ရှိပေသည်။ ပထမကမ္ဘာစစ်အတွင်းကျဆုံးစစ်သည် ၁၉ ဦးတို့၏ ရုပ်ကြွင်းများကိ အောင်ပန်း ၊ ပုသိမ် ၊ ကွမ်းခြံကုန်း ၊ လွိုင်ကော် ၊ မိုင်းတုံ ၊ ပြည် ၊ ပျဥ်းမနား နှင့်ရွှေဘိုသင်္ချိုင်းများတွင် မြှုပ်နှံ ထားကြောင်းသိရှိရပါသည်။

ထောက်ကြန့် စစ်သင်္ချိုင်း၏အသုံးစရိတ်များအား ဗြိတိသျှ ဓနသဟာယနိုင်ငံများက မိမိတို့ နိုင်ငံသားများ၏ အုတ်ဂူ အရေအတွက် အတိုင်း အချိုးကျ ထည့် ဝင်ရပါသည်။ ဝန်ထမ်းများနှင့် စရိတ်အားလုံးကို ဗြိတိသျှ ဓနသဟာယ ရံပုံငွေမှ ကျခံပါထားပါသည်။ စစ်သင်္ချိုင်းကိုလာရောက်ကြည့်ရှုကြသော အများပြည်သူများအား ဝင်ကြေးမယူဘဲဖွင့်လှစ်ပြသထားတာပဲဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ စစ်၏ မြင်ကွင်းတစ်ခုဟုဆိုနိုင်သည့် စစ်သင်္ချိုင်းဟောင်းများသည် လူသားအချင်းချင်း ဖြစ်ပွားခဲ့သည့် ရန်မီး တောက်လောင်ခြင်း၏ ရလဒ်တစ်ခုကိုဖော်ညွှန်းပြသနေခြင်းပင်ဖြစ်ပေသည်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

Source ; သုတစွယ်စုံမဂ္ဂဇင်း