စာဖတ်ကောင်းသူတစ်‌‌‌ယောက်ဖြစ်ဖို့ ထိရောက်တဲ့စာဖတ်နည်းလမ်းများ(Reading Techniques)

စာဘယ်လိုဖတ်ကြလဲ….?

ဘာလို့လည်းဆိုတော့ ကျောင်းသင်ပညာရပ်တွေမှာဆိုလည်း စာပဲဖတ်နေရသလို အရင်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်က စာဖတ်တာကို အရမ်းအသားပေးထားတာဆိုတော့ (အရေးနဲ့အဖတ်ကို သူငယ်တန်းကတည်းကစသင်ခဲ့ရပြီး အပြောနှင့်နားထောင်မှုကိုတော့ သင်မပေးခဲ့ကျဘူး) စာဘယ်လိုဖတ်ကျလည်းဆိုတာ သိချင်တာပါ။ ရည်းစားစာဖတ်တာနှင့် သတင်းစာတစ်စောင် ဖတ်တာ ဘယ်လိုမှမတူနိုင်ပါဘူး။ တကယ်တော့ စာဆိုတာ ပါးစပ်နှင့်ဖတ်နေရုံနှင့်မရဘူး သူ့ရဲ့စာပေအမျိုးအစားအလိုက် ၊ ကိုယ်လိုချင်တဲ့သတင်းအချက်အလက်အလိုက် စာဖတ်နည်းတွေကလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။

ရည်းစားစာကိုဖတ်တဲ့အခါ ကျွန်တော်တို့က တစ်မျက်နှာလောက်ရှိတာကို တစ်နှစ်ကြာအောင်ဖတ်ချင်ဖတ်တယ် တစ်ဘဝလုံးစာမှတ်မိအောင်ဖတ်ချင်ဖတ်တယ်။ စကားလုံးတစ်လုံးချင်းဆီကို ခံစားတယ်။ စကားလုံးတစ်လုံးချင်စီက အတိတ် ပစ္စုပန် အနာဂါတ် ကာလသုံးပါးလုံးကို ခေါ်သွားနိုင်တယ်။ စကားလုံးတွေကို အချိန်ပေးပြီး အားရပါးရခံစားတယ်။ဒါပေမယ့် သတင်းစာကိုကျ ကျွန်တော်တို့အဲ့လိုမဖတ်တော့ပါဘူး တစ်လုံးချင်းစီဖတ်နေလို့ရော ပြီးပါ့မလား စကားလုံး ထောင်ပေါင်းများစွာကို အချိန်ပေးပြီးခံစားနိုင်ပါ့မလား အများကြီးကြားထဲကနေ ကိုယ်လိုချင်တာကို အချိန်တိုအတွင်း ရှာတွေ့အောင် မျက်လုံးလေးနဲ့ အမြန် ထက်အောက် ပြေးဖတ်ပြီး ကိုယ်လိုချင်တဲ့အပိုင်းကျမှ သေချာဖတ်ကြပါတယ်။

အဲ့သလို မတူကွဲပြားတဲ့စာဖတ်နည်းကို အထူးသဖြင့်တော့ ကျောင်းသားကျောင်းသူတွေဟာ သိထားသင့်သလို ကိုယ်တိုင်လည်း အဲ့နည်းလမ်းတွေကို လက်တွေ့အသုံးချနိုင်ရမှာဖြစ်ပါတယ် ဘာသာရပ်အသစ်တွေလေ့လာတဲ့အခါ ၊ ကျောင်းစာတွေ ဖတ်ရှူတဲ့အခါ ၊ နိုင်ငံတကာ စာမေးပွဲတွေဖြေတဲ့အခါ ( IELTS, TOEFL etc. ) မှာ ဒီစာဖတ်နည်းတွေက ကိုယ်ရဲ့အချိန်ကိုချွေတာနိုင်သလို ကိုယ့်ရဲ့ အားစိုက်ထုတ်မှုကိုပါ ညဏ်ရှိရှိလုပ်လို့ရမှာပါ။ အားစိုက်ထုတ်မှုနည်းနည်းနဲ့ ရလဒ်ကောင်းတွေရနိုင်မှာပါ။ထိရောက်တဲ့စာဖတ်နည်း( Reading Techniques) အချို့ကို အောက်မှာ အသေးစိတ်မျှဝေထားပါတယ်။

ကိုယ်ရဲ့အချိန်ကိုချွေတာနိုင်သလို ကိုယ့်ရဲ့ အားစိုက်ထုတ်မှုကိုပါ ညဏ်ရှိရှိလုပ်လို့ရမှာပါ။ အားစိုက်ထုတ်မှုနည်းနည်းနဲ့ ရလဒ်ကောင်းတွေရနိုင်မှာပါ။ထိရောက်တဲ့စာဖတ်နည်းအချို့ကို အသေးစိတ်မျှဝေထားပါတယ်။စာဖတ်ပျင်းတဲ့သူငယ်ချင်းတွေ ၊ စာဖတ်နှေးတဲ့သူငယ်ချင်းတွေကို mention ခေါ်ပြီး မျှဝေလို့ရသလို ကိုယ့်ရဲလူမသိသူမသိ ကိုယ်ပိုင်စာဖတ်နည်းတွေကိုလည်း မျှဝေပေးဖို့ တိုက်တွန်းပါရစေ။

 

၁။ Scanning Reading Techniques ( သိန်းငှက်အစာရှာနည်း )

ဒီနည်းလမ်းကတော့ အခြေခံအကျဆုံးစာဖတ်နည်း ဖြစ်ပြီး ကျွန်တော်တို့လည်း အမှတ်တမဲ့နှင့် နေ့စဉ်သုံးနေကြပါတယ်။ ဒါပေမယ့် တကယ်စနစ်တကျ သုံးတတ်ဖို့လိုပါတယ်။ ဥပမာ သိန်းငှက်တွေဟာ အစာရှာရင် လေမှာဝဲပြီး အကောင်လေးတွေတွေ့ပြီဆိုမှ ထိုးသုတ်တတ်သလို ကျွန်တော်တို့ဟာ စာပိုဒ်အများကြီးတွေ ဒါမှမဟုတ် စာအုပ်အထူကြီးတွေထဲကနေ ကိုယ်လိုချင်တဲ့ အပိုင်းတစ်ခု ၊ အကြောင်းအရာတစ်ခုကို အမြန်ရှာတွေ့ချင်တဲ့အခါမှာ ဒီနည်းလမ်းကို သုံးရပါတယ်။ စကားလုံးတိုင်းကို နားလည်ဖို့မလိုဘဲ ကိုယ်လိုချင်တဲ့အချက်ကိုပဲ အရင်ရှာလိုက်တာပါ။ တွေ့ပြီဆိုမှ အဲ့အပိုင်းလေးကို သေချာဖတ်လိုက်တာပါ။ စာဘယ်လောက်များများ မျက်လုံးလေးနဲ့ အမြန် scan ဖတ်လိုက်တဲ့သဘောပါ။ website တွေ ဘာတွေ ဖတ်တဲ့အခါ scan ဖတ်ပြီး ကိုယ်လိုချင်တာလေးကို အမြန်ရှာဖတ်တဲ့ သဘောမျိုးပါ။

၂။ SKIMMING Reading Techniques (ဂြိုဟ်တုကြည့်စာဖတ်နည်း )

Skimming ဆိုတာကကျတော့ ခြုံငုံပြီးနားလည်ဖို့ပါ။ အသေးစိတ်နားလည်ဖို့မဟုတ်ပါဘူး။ ဂြိုလ်တုတွေကလည်း ကမ္ဘာကြီးတစ်ခုလုံးကို ခြုံငုံကြည့်ပြီးမှ ဘာဖြစ်နေတယ်။ ရာသီဥတုအခြေအနေဘယ်လိုရှိမယ်စသည်ဖြင့် သိနိုင်သလိုမျိုး ဒီနည်းလမ်းကလည်း စာတွေအများကြီးကို အမြန်ဆုံး မျက်လုံးလေးနဲ့ ဖတ်ကြည့်ပြီး အကြမ်းဖျဉ်း ဘာအကြောင်းပြောလည်းဆိုတာကို သိရှိနိုင်တဲ့ သဘောပါ။ မီးနင်းတွေ ဘာတွေမသိတာရှိရင် ကျော်ဖတ် ၊ နားမလည်တဲ့အကြောင်းအရာတွေရှိလည်း ခဏထာပြီးမှ အကြောင်းအရာတွေကို ဆက်စပ်နားလည်စေတာပါ။ သေချာလေ့ကျင့်လိုက်ရင် ကိုယ့်ရဲ့စာဖတ်နှုန်းတွေ သိသိသာသာ တိုးတက်လာမှာဖြစ်သလို ထိရောက်မှုလည်းတိုးလာမှာပါ။

၃။ Active Reading Techniques (နက်ရှိုင်းစွာဖတ်နည်း )

တကယ်တော့ စာတွေ့တိုင်း Skimming နဲ့ Scanning ပဲ လုပ်နေလို့မရပါဘူး။

ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်းနားလည်ရမယ့်စာတွေရှိသလို အသည်းနင့်အောင်ခံစားပြီးဖတ်ရမည့်စာတွေလည်းရှိပါတယ်။( စာမေးပွဲတွေမှာ SKIMMING AND SCANNING လေးပဲအသည်းအသန်လုပ်ပြီး ရမ်းသန်းပြီးဖြေပြီး စာမေးပွဲကျဖူးကြမှာပါ။ (OWN TUNE ဆိုလား ဘာဆိုလား ) အချိန်အတိုင်းအတာ ပမာဏတစ်ခုထိပေးဖို့လည်းလိုပါတယ်။ အဲ့သည်အခါမှာ ကျွန်တော်တို့ရဲ့ စာဖတ်နည်းလည်း ပြောင်းပြီးသုံးရပါတယ်။ ဥပမာ- ကျောင်းစာတွေကို ဆရာမ မသင်ခင်မှာ ကြိုဖတ်တဲ့အခါ skimming , scanning နဲ့ လုပ်လို့ရပေမယ့် တကယ်ဖြေဆိုရတော့မယ်အခါ သေချာနားလည်ဖို့လိုပါတယ်။

မသိတဲ့မီးနင်းရှိရင် ရှာကြည့်တာမျိုးတွေ ၊ သက်ဆိုင်ရာ reference တွေကိုပါ ထပ်ဆောင်းရှာဖွေဖတ်ရှူတာမျိုးတွေ ၊ သူငယ်ချင်းတွေနဲ့ ဆွေးနွေးပြောဆိုကြည့်တာမျိုးတွေ ၊ ဆရာတွေကို မေးကြည့်တာမျိုးတွေ အကုန်တတ်နိုင်သလောက်ကြိုးစားပြီး စာတွေကို နက်နက်ရှိူင်းရှိူင်းနားလည်အောင်လုပ်ရပါမယ်။ နက်နက်ရှိုင်းရှိုင်းနားလည်မှပဲ စွဲစွဲမြဲမြဲမှတ်မိနေမှာပါ။ စကားလုံးတွေကို ကြက်တူရွေးလိုအလွတ်ကျက်မှတ်နေတာထက် စာပါသဘောတရားကို နက်နက်ရှိုင်းရှိုင်းနားလည်စေဖို့ကို အလေးပေး ကြိုးစားသင့်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။