တန်ကြေးအမြင့်ဆုံး ကစားသမား ၁၀ဦးစာရင်း

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားဟာ ယူနိုက်တက်နဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ် ဖြစ်ပြီး ကာလ တန်ကြေး ယူရို ၁၆၅သန်း ရှိတယ်လို့ CIESစစ်တမ်းကဖော်ပြထားပါတယ်။CIESရဲ့ စစ်တမ်းက ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ဘလွန်းဒီအော ၆ဆုရှင်နဲ့ ၅ဆုရှင်တို့ မပါဝင်လာတော့တာ တွေ့ရပါတယ်။

ဘလွန်းဒီအော ၆ဆုနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားနေရာ ယနေ့တိုင် ရပ်တည်နေတဲ့ မက်ဆီနဲ့ ဘလွန်းဒီအော ၅ဆု ပိုင်ဆိုင်ထားပြီး မက်ဆီနည်းတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံထားရပြန်တဲ့ ဂျူ ဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုလည်း မပါဝင်လာတော့ပါဘူး

အဓိကကတော့ ရော်နယ်ဒိုဟာ အသက် အရွယ်အားဖြင့် ၃၆နှစ်ထဲကို ရောက်နေပြီ ဖြစ်သလို မက်ဆီဟာလည်း ၃၄နှစ်ကို ရောက်နေပါပြီ။ဒါပေမယ့်လည်း ယနေ့တိုင် ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲရဲ့ စင်မြင့်တွေထက်မှာတော့ အခြားသော လူတွေသာ အလီလီပြောင်းခဲ့ကြမယ် သူတို့ နှစ်ဦးကတော့ ၁၅နှစ်လောက် ရိုးရာမပျက် နှစ်စဉ်တက်ရောက်ထားနိုင်တာက လည်း သူမတူတဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာကို သက်သေပြနေပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားဟာ ယူနိုက်တက်နဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ် ဖြစ်ပြီး ကာလ တန်ကြေး ယူရို ၁၆၅သန်း ရှိတယ်လို့ CIESစစ်တမ်းကဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့စျေးကွက်အရွေ့အရ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ပေးချေရမယ့် ကစားသမားကတော့ အသက် ၂၃နှစ်အရွယ် ယူနိုက်တက်နဲ့ အင်္ဂလန် တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ် ဖြစ်ပါတယ်။သူ့ရဲ့ လက်ရှိ ကာလတန်ကြေးဟာ ယူရို ၁၆၅သန်းအထိ တန်ကြေးရှိတယ်လို့ CIESက ဖော်ပြထားပြီး ဒေါ့မွန် အသင်းက နော်ဝေတိုက်စစ်မှူး ဟာလန်းကလည်း ယူရို ၁၅၂သန်းထိ တန်ကြေးရှိတာကြောင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အဲ့နောက်မှာတော့ လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်က ယူရို ၁၅သန်း၊ယူနိုက်တက် ကွင်းလယ်လူ ဘရူ နိုဖာနန်ဒက်စ်က ယူရို ၁၅၁သန်း၊ပီအက်စ်ဂျီ တိုက်စစ်မှူး ဘတ်ပေက ယူရို ၁၄၉သန်း၊ဒေါ့မွန်က ဆန်ချိုက ယူရို ၁၄၈သန်း၊အက်သလက်က ပေါ်တူဂီ တိုက်စစ်မှူးလေး ဂျာအိုဖိလစ်က ယူရို၁၄၁သန်း၊ဘိုင်ယန်နောက်ခံလူ အယ်ဖွန်ဆိုဒေဗီးစ်က ယူရို ၁၃၉သန်း၊မန်စီးတီး တိုက်စစ်မှူး စတားလင်းက ယူရို၁၃၆သန်းနဲ့ကိုင်ဟာဗက်စ်က ယူရို၁၃၆သန်းနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

ထူးခြားချက်အနေနဲ့ ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး ကစားသမား ၁၀ဦးစာရင်းမှာ အင်္ဂလန် လက်ရွေးစင် ကစားသမား ၄ဦးအထိ အများဆုံး ပါဝင်နေတာပါ။

ဒါဟာ အင်္ဂလန်အသင်းရဲ့ အနာဂတ်မှာ အောင်မြင်မှုတွေကို ဆောင်ကြဉ်းနိုင်ဖို့ အဓိက လမ်းစလည်း ဖြစ်မယ်လို့ယူဆရပါတယ်။ကစားသမားတွေရဲ့ ပျမ်းမျှအသက်ဟာ ၂၃- ၂၄ ဝန်းကျင်သာ ရှိပြီး အသက်အကြီးဆုံး ကစားသမားအဖြစ် ဘရူနိုနဲ့ စတားလင်းတို့က ၂၆နှစ်စီဖြစ်ကြပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။