စကားပြောတက်ဖို့ ပေါင်းသင်းဆက်ဆံတတ်ဖို့ ဘယ်လို ဘယ်လိုအရေးကြီးသလဲ?

စကားပြောတက်ဖို့

ကမ္ဘာပေါ်ရှိ လူသားတိုင်းမှာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိသားစု ရှိကြတယ်။မိမိ နေထိုင်ရာ ပတ်ဝန်းကျင် အလျှောက် ပေါင်းသင်း ဆက်ဆံရန် စကားပြောဆိုခြင်း သည်လည်း အလွန် အရေးကြီးတယ်။စကားဆိုသည်မှာ ပြောနိုင်ရန် လွယ်ကူသော်လည်း ပြောတတ်ရန် အင်မတန် ခက်ခဲကြတယ်။

လူတစ်ဦး နဲ့ တစ်ဦး ပြောဆိုရာတွင် ရင်တွင်းမှ ခံစားချက်ကို နှုတ်မှ အသိပေးကာ စကားဖြင့် ဆက်သွယ်ကြတယ် မဟုတ်လား။
ကိုယ့်ရဲ့ အတွင်းစိတ်ကို မမြင်နိုင်သော်လည်း စကားပြောဆိုရာတွင် ချိုသာသည့်သူနဲ့သာ ပေါင်းသင်းဆက်ဆံ ဖြစ်ကြသည်။ မည်သူမျှ အပြောအဆို ရိုင်းစိုင်းသည်ကို အပေါင်းအသင်း လုပ်ရန် မစဥ်းစားကြချေ။ သို့ပေမယ့် နှုတ်ချိုတိုင်းလည်း စိတ် ကောင်း ရှိသူ လို့တော့ ဆိုလို၍ မရပါဘူး။ တချို့က အပေါ်ယံ နှုတ်ချိုပြီး အတွင်းစိတ် ကောက်ကျစ်သော သူများလည်း ရှိတယ်။ သို့သော်လည်း စကားမှာ စိတ်ဆန္ဒဟာ တစ်နည်းမဟုတ် တစ်နည်း​တော့ ပေါ်လာတက်ပါတယ်။ စိတ်ထား မ​ကောင်းသူဟာ ဟန်လုပ်ပြီး စကားကောင်း ပြောပင်မဲ့ ခဏသာ ပြောလို့ရပါတယ်။

လူတစ်ယောက်၏ စိတ်ဓာတ်ကို ထိုသူရဲ့ ပြောစကားနှင့် စကားသံကလည်း သိသိသာသာ ဖော်ပြနေတယ်။ လူမှာ စကားနဲ့ စိတ်ဟာ ဆက်စပ်နေတာပါ။ ဒေါသစိတ် ဝင်နေရင် ဒေါသစကား ပြောတယ်။ နှုတ်ကို ထိန်းထားနိုင်ရင်တောင် စိတ်က ဒေါသစကား ပြောနေတယ်။ လောဘစိတ် ဝင်နေရင်လည်း လောဘစကားကို သွယ်ဝိုက်ပြီး ပြောတာပဲ။ မေတ္တာစိတ် ဝင်နေရင်တော့ မေတ္ထာစကားကို ငြိမ်းချမ်းစွာ ပြောတက် ကြပါတယ်။ စကားဟာ စိတ်ကလာပြီး နှုတ်မှထွက်တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ လူသားတိုင်းမှာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိသားစု ရှိကြတယ်။မိမိ နေထိုင်ရာ ပတ်ဝန်းကျင် အလျှောက် ပေါင်းသင်း ဆက်ဆံရန် စကားပြောဆိုခြင်း သည်လည်း အလွန် အရေးကြီးတယ်။စကားဆိုသည်မှာ ပြောနိုင်ရန် လွယ်ကူသော်လည်း ပြောတတ်ရန် အင်မတန် ခက်ခဲကြတယ်။

လူအမျိုးမျိုး စိတ်အထွေထွေ ရှိသည့်အတိုင်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုရာတွင်လည်း တူမှာမဟုတ်ပါဘူး။ထို့အတူ ပြောသောစကားရဲ့ အဆင့်အတန်းလဲ မတူညီနိုင်ချေ။ တချို့သူတို့သည် ​စကားနှင့်ပင် သူတို့၏ အဆင့်အတန်းကို ဖော်ပြနေကြပါတယ်။ချမ်းသာ​​တိုင်းလည်း စကားပြောဆိုရာမှာ အဆင့်အတန်းရှိသည် မဟုတ်ပါ။ ချမ်းသာ​ခြင်း ဆင်းရဲခြင်းနှင့် မဆိုင်ပါ။ ဒါကြောင့် လူမှုဆက်သွယ်ရေးတွင်
ငွေကြေး ချမ်းသာခြင်းထက် စကား ပြောဆိုတက်ခြင်းက ပို၍ အဓိကကျ အရေးကြီးပါတယ်။

ချစ်ခြင်း မုန်းခြင်း ဆိုသည် မှာလည်း ပြောသည့် စကားအပေါ် တွင် များစွာ သက်ရောက် ပါတယ်။ မိမိ ပြောလိုက်သော စကားကြောင့် သူတစ်ပါးက မိမိအပေါ် ချစ်ခင်စေသည် သာမက အမုန်းပွား ခြင်းလည်း ဖြစ်ပေါ်စေနိုင်တယ်။ လူမှူ ဆက်ဆံရေး နယ်ပယ် တွင် နှုတ်ကြမ်းမှူကြောင့် ခိုက်ရန် ဖြစ်ပွားတာမျိုးတွေ အမုန်းပွားတာ မျိုးတွေ ရာဇဝတ်မှု တွေရှိကြပါတယ်။

စကားကို သူ့နေရာနှင့်သူ၊ သူ့အကြောင်းနှင့်သူ၊ သူ့အချိန်နှင့်သူ ပြောဖို့လဲ လိုပါတ​ယ်။ တစ်ခါတစ်လေ ကိုယ်က ဘာရယ်မဟုတ် မစဥ်းစားဘဲ အခြေအနေ အချိန်အခါ မကြည့်ပဲ
အမှတ်တမဲ့ ပြောမိလိုက်တဲ့ စကားက ကြားရတဲ့သူအဖို့ အပြောခံရတဲ့သူအဖို့ စိတ်ထိခိုက် ဖြစ်သွားစေနိုင်တယ်။ ဆက်ဆံရေးလဲ မကောင်းဖြစ် သွားနိုင်တယ်။ ဒါကြောင့် စကားပြောဆိုရာတွင် အခြေအနေ အချိန်အခါ အလျောက် ပြောသင့်တဲ့စကားကို ချိုသာစွာပြောရန် လိုအပ်ပါတယ်။

အပြောအဆို ညက်ညောခြင်း ဆိုသည်မှာလည်း စွမ်းရည် တစ်ခုဘဲ ဖြစ်တယ်။ လူသားတိုင်း သာယာမှုကို နှစ်သက်ကြတယ်။ချိုသာသော စကားကို လိုလားကြတယ်။ ဒါကြောင့် ပြောဆို ဆက်ဆံရာတွင် နှုတ်ခွန်းချိုသာ ပြောတတ်ခြင်းသည် အောင်မြင်မှူလမ်းစ ဖြစ်ကြတယ်။ ချိုသာစွာ ပြောဆိုသူ ကို လူအများက ချစ်ခင် ကူညီတယ်။ ကိုယ့်အပေါ် စေတနာကောင်း ထားရှိနိုင်တယ်။ လူမှု ဆက်ဆံရေးတွင်လည်း အောင်မြင် နိုင်တယ်။ ချိုသာစွာ ပြောဆိုခြင်းဖြင့် အကျိုးကျေးဇူး များလှတယ်။ ကြီးပွား အောင်မြင်ချင် တဲ့သူတိုင်း ပြုမှူ ပြောဆို နေထိုင်ပုံကို ပြင်ဆင်ကြရပါမယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။