Jack Ma ရဲ့ အောင်မြင်ရေး နည်းဗျူဟာများ

Jack Ma ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ဦး ဖြစ်ပြီး သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ၂၉.၇ ဘီလျံ ဒေါ်လာအထိ ရှိပါတယ်။ ငယ်စဉ်ဘ၀ကတည်းက ရုန်းကန်လာခဲ့တဲ့ ဂျက်မားဟာ အာလီဘာဘာကုမ္ပဏီကို တည်ထောင်ပြီး ခုလိုကြွယ်၀ချမ်းသာလာအောင် ဘယ်လိုအချက်တွေက လုပ်ပေးခဲ့ပါသလဲ။

ငြင်းပယ်မှုများကို ခံနိုင်စွမ်းရှိခြင်း

ဂျက်မားဟာ ကောလိပ်ကျောင်းပြီးတဲ့နောက်မှာ အလုပ်ပေါင်း (၃၀) ကျော်လျှောက်ခဲ့ပါတယ်။ တစ်ခုမှ သူ့ကို မရွေးပါဘူး။ KFC မှာ အလုပ်လျှောက်တော့ ၂၄ ယောက်မှာ ၂၃ ယောက်ကို ရွေးပါတယ်။ ကျန်ခဲ့တဲ့ တစ်ယောက်ကတော့ ဂျက်မားပါ။ ရဲလုပ်မယ်ဆိုပြီး လျှောက်ပြန်တော့ ငါးယောက်မှာ လေးယောက်ကို ရွေးပါတယ်။ ကျန်ခဲ့တဲ့သူကတော့ ဂျက်မားပါပဲ။ ဟားဗတ်ကို ၁၁ ကြိမ်လျှောက်ပြီး ၁၁ ကြိမ်လုံး ပယ်ချခံခဲ့ရပါတယ်။

အိမ်မက်များ အမြဲရှင်သန်နေခြင်း

ဂျက်မားပြောတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကတော့ “အိမ်မက်တွေ အမြဲရှင်သန်နေပါစေ” ပဲဖြစ်ပါတယ်။ ဘယ်တော့မှ ကိုယ့်ရဲ့ အရှိန်ကို မလျော့လိုက်ပါနဲ့လို့ ဆိုပါတယ်။

အထင်အမြင်သေးတဲ့ စကားတွေကို မသိကျေးကျွန်ပြုခြင်း

AliPaid ဆိုတဲ့ အိုင်ဒီယာကို စပြောတုန်းက လူတွေက မဖြစ်နိုင်ပါဘူး၊ ရှုံးကိုရှုံးမှာလို့ ဝိုင်းပြောကြတယ်။ ခုကျတော့ AliPaid ကို သုံးစွဲသူပေါင်းက သန်း ၈၀၀ ရှိနေပါပြီလို့ ဆိုပါတယ်။

ဂျက်မားဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ဦး ဖြစ်ပြီး သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ၂၉.၇ ဘီလျံ ဒေါ်လာအထိ ရှိပါတယ်။ ငယ်စဉ်ဘ၀ကတည်းက ရုန်းကန်လာခဲ့တဲ့ ဂျက်မားဟာ အာလီဘာဘာကုမ္ပဏီကို တည်ထောင်ပြီး ခုလိုကြွယ်၀ချမ်းသာလာအောင် ဘယ်လိုအချက်တွေက လုပ်ပေးခဲ့ပါသလဲ။

အမြဲစိတ်ဓာတ်တက်ကြွအောင်နေခြင်း

ဂျက်မားဟာ ရုပ်ရှင် ဗီဒီယိုတွေကြည့်ပြီးတော့ စိတ်ဓာတ်ခွန်အားဖြည့်ပါတယ်။ သူက Body Guard ဇာတ်ကားကြည့်ပြီး ဘယ်လိုဟောပြောရမလဲဆိုတာ သင်ယူခဲ့တယ်၊ Forest Gump ဇာတ်ကားကြည့်ပြီး စိတ်ခွန်အား ရယူခဲ့တယ်လို့ ပြောပါတယ်။

တစ်ခုခုကို စူးစူးစိုက်စိုက်လုပ်ပါ ကျန်တာတွေကို ငြင်းပယ်ပါ

အခွင့်အရေးဆိုတာ အမြဲပေါ်နေတာပါ။ အခွင့်အရေးပေါ်သမျှ လိုက်ပြီးယူနေမယ်ဆိုရင် ဂျက်မားအတွက်တော့ တစ်နေ့ကို အခွင့်အရေးပေါင်း ၅၀၀၀ လောက်ရနေမှာပါပဲ။ ဒါပေမယ့် ဆုတ်ကိုင်ထားတဲ့ အခွင့်အရေးတစ်ခုပေါ်မှာ အာရုံစူးစိုက်ဖို့လိုပါတယ်။

ကုမ္ပဏီနာမည်ကို ကောင်းကောင်းရွေးတတ်ခြင်း

ဂျက်မားက သူ့ရဲ့ကုမ္ပဏီနာမည် ရွေးခဲ့ပုံကို ပြောပြပါတယ်။ “ကုမ္ပဏီနာမည်ကို ကျွန်တော် ရက်တော်တော်ကြာအောင် စဉ်းစားရတယ်ဗျ။ တစ်နေ့ ကျွန်တော် ဆန်ဖရန်ဆစ္စကိုရဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ရှိနေတုန်း အာလီဘာဘာ ကို သွားစဉ်းစားမိတယ်။ အင်တာနတ်ဆိုတာ ကမ္ဘာ့တစ်ခုလုံးနဲ့ဆိုင်တယ်လေ။ အဲလိုပဲ ကုမ္ပဏီနာမည်ကိုလဲ ကမ္ဘာသိနာမည်ရွေးရမယ်။အဲဒါနဲ့ ဆိုင်က စာပွဲထိုးလေးကို မေးကြည့်တယ်။ အာလီဘာဘာ ဆိုတာ သိလား။ သူက သိတယ်လေ။ အိုးပန်းဆက်စမီလို့ ပြန်ဖြေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ကထွက်ပြီးတော့ မြင်တဲ့ လူ ၂၀ လောက်ကို လိုက်မေးတယ်။ အာလီဘာဘာဆိုတာသိလားလို့။ အားလုံးက သိတယ်တဲ့။ အဲလိုနဲ့ နာမည်ကောင်းတစ်ခုကို ရခဲ့တယ်။

ဖောက်သည်တွေက နံပါတ်တစ်

ဂျက်မားက “ ဖောက်သည်ဆိုတာ ကျွန်တော့်အတွက်တော့ နံပါတ်တစ်ပါပဲ။ နံပါတ်နှစ်ကတော့ ၀န်ထမ်းတွေပါ။ နံပါတ်သုံးကတော့ အစုရှယ်ယာပိုင်ရှင်တွေပါ။ ဖောက်သည်တွေ ပိုက်ဆံပေးတယ်၊ ၀န်ထမ်းတွေက လုပ်ငန်းကြီးထွားအောင်လုပ်ပေးတယ်။ ရှယ်ယာရှင်တွေကတော့ နောက်တစ်ရက် Crisis ဖြစ်မယ်လို့ ကြားတာနဲ့ ကိုယ့်ဆီက ထွက်သွားမှာပဲ။ အဲဒီအချိန်မှာ ဖောက်သည်နဲ့ ၀န်ထမ်းပဲ ကိုယ့်ဆီမှာ ကျန်ခဲ့မှာ” လို့ ပြောပါတယ်။

အပြစ်တွေရှာမယ့်အစား အခွင့်အလမ်းတွေရှာပါ

လူတွေက အပြစ်တွေ တင်တတ်ကြတယ်။ တစ်ချို့က အပြစ်တင်တယ်။ တစ်ချို့က ပြောင်းလဲလာတယ်။ တစ်ချို့က အဲဒီ အပြစ်တွေကို အခွင့်အလမ်းတွေ အဖြစ် မြင်ကြတယ်။ တကယ်တော့ အပြစ်တင်စရာရှိတဲ့နေရာ၊ ပြဿနာရှိတဲ့နေရာဆိုတာက အခွင့်အလမ်းရှိတဲ့ နေရာဖြစ်တယ်လို့ ဂျက်မားက ပြောပါတယ်။ဂျက်မားဟာ ကိုယ်တိုင်ရည်မှန်းချက်ကြီးမားပြီး စိတ်ဓာတ်တက်ကြွယုံမက သူ့ရဲ့၀န်ထမ်းတွေကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့သူဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။