ခံတွင်းအနံ့ဆိုးထွက်ခြင်း(Bad breath)ကို ဘယ်လိုဖြေရှင်းမလဲ ?

ခံတွင်းကနေ မခံမရပ်နိုင်အောင် အနံ့ဆိုးထွက်တဲ့ ကိစ္စက တော်တော်လေး ရှက်ဖို့ကောင်းသလို မိမိကိုယ်ကို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီခံတွင်းအနံ့ဆိုးကိုပဲ အာရုံစိုက်မိနေတဲ့အခါကျ တခြားသူနဲ့ စကားပြောရင်လည်း ပါးစပ်က မပွင့်တပွင့်ဖြစ်နေတာ၊ ပါးစပ်ကို လက်နဲ့အုပ်ပြီး စကားပြောနေရတာ၊ မျက်နှာချင်းဆိုင်ပြီး စကားမပြောဘဲ မျက်နှာကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာက တော်တော်လေးကို ကြည့်ရဆိုးပါတယ်။

မြန်မာတို့နဲ့ ခံတွင်းအနံ့ဆိုးပြဿနာ

မြန်မာလူမျိုးတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတနည်းသလို အပြင်ပန်းက မဟုတ်တဲ့ ပြဿနာတွေကိုလည်း သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ဒီလို ခံတွင်းအနံ့ဆိုးတယ်ဆိုတာ ကိုယ့်အတွက်ရော ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအတွက်ပါ မကောင်းပါဘူး။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ပိုဖြစ်စေတယ်။ ကိုယ့်ရဲ့ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ရှိသင့်တာထက် ပိုများတယ်ဆိုတာကို ဖော်ပြနေတယ်။ ဒါကြောင့် ဒီပြဿနာနဲ့ ပတ်သက်ပြီး ပေါ့ဆလို့တော့ လုံးဝမရပါဘူး။

ဘာကြောင့် ခံတွင်းအနံ့ဆိုး(Bad breath) ထွက်လာတာလဲ?

တစ်ချို့သော အစားအစာတွေ၊ ကျန်းမာရေးပြဿနာနဲ့ နေထိုင်ပုံအမူအကျင့်တွေ၊ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်လာနိုင်ပါတယ်။ ခံတွင်းသန့်စင်ဆေးရည်တွေ၊ ပူရှိန်းပါတဲ့ သကြားလုံးတွေဟာ ခံတွင်းအနံ့ဆိုးတွေကို ခေတ္တခဏ ပျောက်စေနိုင်ပေမယ်ရေရှည် ခံတွင်းကျန်းမာရေးအတွက်တော့ အဆင်မပြေပါဘူး။အစားအစာတွေ စားပြီးတဲ့အခါမှာ သွားကြားထဲ အကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိတဲ့ သူတွေဆိုရင် အချိန်ကြာလာရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်ကြိုးကို အသုံးပြုပြီး စားကြွင်းစားကျန်တွေကို ဖယ်ရှင်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဟင်းခတ်မှုန့် တချို့၊ ချောကလက်၊ ကော်ဖီ အစရှိတဲ့ အစားအစာတွေဟာ ခံတွင်းအနံ့ဆိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါပါတယ်။

ခံတွင်းကနေ မခံမရပ်နိုင်အောင် အနံ့ဆိုးထွက်တဲ့ ကိစ္စက တော်တော်လေး ရှက်ဖို့ကောင်းသလို မိမိကိုယ်ကို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီခံတွင်းအနံ့ဆိုးကိုပဲ အာရုံစိုက်မိနေတဲ့အခါကျ တခြားသူနဲ့ စကားပြောရင်လည်း ပါးစပ်က မပွင့်တပွင့်ဖြစ်နေတာ၊ ပါးစပ်ကို လက်နဲ့အုပ်ပြီး စကားပြောနေရတာ၊ မျက်နှာချင်းဆိုင်ပြီး စကားမပြောဘဲ မျက်နှာကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာက တော်တော်လေးကို ကြည့်ရဆိုးပါတယ်။

ဆေးလိပ်အလွန်အကျွံသောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ သွားအရောင်ကို မှိန်စေတဲ့အပြင် ခံတွင်းအနံ့ဆိုးကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေဟာ ခံတွင်းအနံ့ဆိုးသာမက တခြားသော ခံတွင်းရောဂါ ဖြစ်စေဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။

ရေသောက်နည်းခြင်း

တစ်ခါတစ်လေ အလုပ်များတဲ့အချိန် ရေသောက်နည်းသွားတဲ့အခါမျိုးမှာ၊ စကားအများကြီးပြောမိလို့ ပါးစပ်က ခြောက်နေတဲ့အခါ ခံတွင်းအနံ့ထွက်လာနိုင်ပါတယ်။ အိပ်စက်ပြီး နိုးလာချိန်မှာလည်း ခံတွင်းခြောက်တတ်တဲ့အတွက် မနက်ခင်းနိုးလာတဲ့အခါ ပါးစပ်က အနံ့ထွက်လာတာ ဖြစ်ပါတယ်။

ခံတွင်းသန့်ရှင်းမှုကို သေချာဂရုမစိုက်ခြင်း

ခံတွင်းသန့်ရှင်းရေးဟာလည်း နေ့စဉ် ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ခံတွင်း သန့်ရှင်းမှု မရှိတဲ့အခါ အနံ့ဆိုးထွက်လာနိုင်တယ်။ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ တစ်နေ့ကို ၂ခါ သွားမတိုက်တာ၊ သွားကို စနစ်တကျမတိုက်တာ၊ ကိုယ့်သွားနဲ့ ကိုက်ညီမှုမရှိတဲ့ သွားပွတ်တံတွေ အသုံးပြုတာ၊ အစာစားပြီးပလုတ်မကျင်းတာ စတာတွေ အကုန်လုံးကို ခံတွင်းသန့်ရှင်းမှုကို ကိုယ်တိုင်လျစ်လျူရှုမိနေတယ်ဆိုတာ ဖော်ပြနေတဲ့အချက်ပါပဲ။

တစ်ချို့သော ဆေးတွေမှာ ခံတွင်းကို ခြောက်စေပြီး အနံ့ဆိုးထွက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါဝင်ပါတယ်။ကွမ်းစားခြင်းဟာဆေးလိပ်သောက်ခြင်းထက် ပိုဆိုးတာကတော့ ကွမ်းချိုးပါပဲ။ ကွမ်းကို အမြဲစားတဲ့သူတွေရဲ့ ခံတွင်းအနံ့ဟာ တော်တော်လေးကို ဆိုးရွားသလို ဘက်တီးရီးယားပေါင်းများစွာလည်း အထဲမှာ ခိုအောင်းနေပါတယ်။ ဒါ့အပြင် သွားနဲ့ သွားဖုံးကြွေလွှာတွေ ဆွေးမြေ့ပါးလာတာ၊ ခံတွင်းကင်ဆာဖြစ်တာ၊ အနာတွေ ပေါက်တာ စတဲ့ ပြဿနာပေါင်းစုံ ဖြစ်စေနိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးပျောက်စေဖို့ ဘာတွေလုပ်ပေးနိုင်မလဲ?

တတ်နိုင်သလောက် ဘာပဲစားပြီးပြီး ပလုတ်ကျင်းပေးပါ။တစ်နေ့ကို အနည်းဆုံး ရေ၃လီတာခန့် သောက်ပေးရပါမယ်။ ခံတွင်းကို လုံးဝခြောက်နေအောင် မထားဘဲ အာစွတ်ရုံလေး ပုံမှန်သောက်ပေးသွားဖို့က အရေးကြီးပါတယ်။သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်တိုက်ပါ။ချောင်ကြိုချောင်ကြားက စားကြွင်းစားကျန်ကို ဖယ်ရှားဖို့အတွက် သွားပွတ်ကြိုးကိုပါ တွဲဖက်အသုံးပြုသင့်ပါတယ်။အချိုတွေကို လျှော့စားပေးပါ။ဆေးလိပ်၊ ကွမ်းကို စောစောဖြတ်နိုင်အောင် ကြိုးစားပါ။

သွားဆရာဝန်နဲ့ ၆လတစ်ကြိမ် သွားရောက်ပြသပြီး ကိုယ့်ရဲ့ သွားနဲ့ခံတွင်း အခြေအနေကို ပုံမှန်စစ်ဆေးပေးပါ။သွားချေးကျောက်တည်နေရင် ခြစ်ထုတ်ပါ။ခံတွင်းအနံ့ဆိုးကို အမြစ်ပြတ်ပျောက်စေဖို့ ကိုယ့်ရဲ့ ခံတွင်းကို နေ့စဉ် သေချာသန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။ သွားနဲ့ ခံတွင်းကို ထိခိုက်စေမယ့် အအေးတွေ၊ အစားအစာတွေကို လျှော့စားပေးပါ။ သွားဆရာဝန်ဆီ အနည်းဆုံး ၆လ တစ်ကြိမ် သွားရောက်ပြသပြီး စစ်ဆေးသင့်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။