ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို ဘယ်လို ကြိုတင် ကာကွယ်ကြမလဲ ?

၁။ Antivirus Program ကောင်းကောင်း တစ်ခုကို အသုံးပြုပါ။

ဒါဟာ ကြိုတင် ပြုပြင် ထိန်းသိမ်းခြင်း လမ်းစဉ်မှာ အရေးကြီးတဲ့ အပိုင်း တစ်ခု ဖြစ်ပါတယ်။ Antivirus Program ကို တင်ရုံမျှနဲ့ မလုံလောက် သေးပါဘူး။ ဒါတွေကို ဆက်လုပ်ဖို့ လိုပါတယ်။ Update မှန်မှန်လုပ်ဖို့ လိုပါတယ်။ ပုံမှန် Full system scan လုပ်ဖို့ လိုပါတယ်။ Virus Definition နေ့စွဲများကို စစ်ဆေးပြီး အဲဒါတွေဟာ Update to date ဖြစ်နေသလာ စစ်ဆေးဖို့ လိုပါတယ်။

၂။ Windows Updates များကို ပုံမှန် Download လုပ်ပြီး Install ပြုလုပ်ပါ။

Windows updates များမှာ Bugs များကို ပြုပြင် ဖာထေးဖို့ operating system patches များနှင့်အတူ လုံခြုံရေး ဆိုင်ရာ တိုးမြင့်မှု များလဲ ပါဝင်လေ့ ရှိပြီး ဒီ patches များဟာ ကွန်ပျူတာမှာ ပြဿနာတွေကို လျော့ချ နိုင်ပါတယ်။

၃။ အင်တာနက်ကနေ ကိုယ်မသိတဲ့ ဆော့ဖ်ဝဲများကို Download လုပ်ပြီး အသုံး မပြုပါနှင့်။

ဒါဟာ ကွန်ပျူတာ အသုံးပြုသူ အများစု ပြုလုပ်မိတဲ့ အမှား တစ်ခု ဖြစ်ပါတယ်။ တချို့ ဆော့ဖ်ဝဲများဟာ Registry ကို အကြီးအကျယ် ထိခိုက် ပျက်စီးစေနိုင်သလို အခြား ပြသနာ များစွာကိုလဲ ဖြစ်စေနိုင် ပါတယ်။

၄။ အသုံး မပြုတော့တဲ့ Program များကို ဖြုတ်ချ ပစ်ပါ။

အသုံး မပြုတော့တဲ့ Program များစွာ စက်ထဲမှာ ရှိပါက စက်ကိုလည်း ပိုမို လေးစေ ပါတယ်။

၅။ Personal Firewall တစ်ခု အသုံးပြုပါ။

ဒီနေ့ခေတ် Antivirus Program အများစုဟာ Personal Firewall တစ်ခု တွဲပါတတ် ကြပါတယ်။ Personal Firewall ဟာ သင့် ကွန်ပျူတာကို Hackers and Spyware tools များ ဘေးရန်မှ ကာကွယ် တားဆီး ပေးပါလိမ့်မယ်။

၆။ အင်တာနက်မှ သီချင်း ဗီဒီယိုများကို Download လုပ်လျှင် လုံခြုံ စိတ်ချရတဲ့ website ဟုတ် မဟုတ် အရင် စစ်ဆေးပြီး Download လုပ်ပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။