ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားတွေနဲ့ Sexy အကျဆုံးမင်းသမီး Thinzar Wint Kyaw

Thinzar Wint Kyaw

ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံ မှ နာမည်ကြီးမင်းသမီးတွေထဲကမှ မော်ဒယ်လဲဖြစ် သရုပ်ဆောင်မှာလဲကျွမ်းကျင် ၊ ရုပ်ရည်ပိုင်းမှာလဲ ချောမောလှပရုံမကပဲ ကျစ်လစ်တောင့်တင်းပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အလှတရားတွေ ခန္ဓာကိုယ်အချိုးအစား ကိုပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီး Thinzar Wint Kyaw အကြောင်းကိုပြောပြပေးချင်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ Sexy ကျကျအမိုက်စားပုံရိပ်တွေ ဗီဒီယိုလေးတွေနဲ့ ပုရိသတွေကို ကြွေစေနိုင်သူလေးဖြစ်ပါတယ် ။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ သင်ဇာဝင့်ကျော်က ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှပိုင်ရှင်လေးဖြစ်တာကြောင့် ဘာဝတ်ဝတ်လှပနေတာ ဖြစ်ပါတယ်။ သင်ဇာက ခေါင်းအစခြေအဆုံး အပြစ်ဆိုဖွယ်မရှိအောင်လှရက်နေတာလည်း ဖြစ်ပါတယ်။

Gym လည်းပုံမှန်ဆော့သူလေးဖြစ်ပြီး သူမရဲ့ အလှတရားတွေပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိကာရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။သူမဟာ ဒီဇင်ဘာ ၄ ရက် ၁၉၈၇ တွင်မွေးဖွားခဲ့ပါတယ်။ 2019 တွင်သူမသည်မြန်မာတိုင်း (မ်) ထိပ်တန်းသရုပ်ဆောင် ၁၀ ဦးစာရင်းတွင်ပါဝင်ခဲ့ပါတယ်။သူမသည် မိသားစုတွင်ဒုတိယသမီးဖြစ်ပါတယ်။အရှေ့တိုင်းရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပါတယ်။

သူမဟာ commercial Model တစ်ယောက်အဖြစ် ၂၀၀၆ ခုနှစ်တွင် အနုပညာအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ အဲနောက်မှာတော့ သူမအသက်မွေးဝမ်းကြောင်းကိုမော်ဒယ်လ်မှရုပ်ရှင်ဘက်သို့ကူးပြောင်းပြီးသည့်နောက်တွင်ရုပ်ရှင်ကုမ္ပဏီများစွာ၏မျက်စိကျခြင်းကိုခံရပြီး ရုပ်ရှင်ဇာတ်ကား ကမ်းလှမ်းမှု အမြောက်အများကို လက်ခံရိုက်ကူးခဲ့ ပြီးနာမည်ကျော်ကြားလာခဲ့ ပါတယ်။v

ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံ မှ နာမည်ကြီးမင်းသမီးတွေထဲကမှ မော်ဒယ်လဲဖြစ် သရုပ်ဆောင်မှာလဲကျွမ်းကျင် ၊ ရုပ်ရည်ပိုင်းမှာလဲ ချောမောလှပရုံမကပဲ ကျစ်လစ်တောင့်တင်းပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အလှတရားတွေ ခန္ဓာကိုယ်အချိုးအစား ကိုပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီး Thinzar Wint Kyaw အကြောင်းကိုပြောပြပေးချင်ပါတယ်။

သူမ၏ထင်ရှားကျော်ကြားသည့် တစ်နိုင်ငံလုံး အသိအမှတ်ပြုရုပ်ရှင်သည် ၂၀၁၈ခုနှစ်တွင်ရုံတင်ပြသခဲ့တဲ့အင်္ဂလိပ်၊ မြန်မာဘာသာဖြင့်ပြသခဲ့သောပညာပေးဇာတ်ကားကြီးဖြစ်တဲ့ ဒါရိုက်တာ  ဝိုင်း ရိုက်ကူးတဲ့ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခဲ့ပြီး သူမ၏ရုပ်ရှင်သည် မြန်မာအကယ်ဒမီဆုများစွာကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထို့အပြင် သူမဟာ

Moe Nya Einmet Myu (မိုးညအိပ်မက်မြူ) (2009)

Mya Mya (မြမြ) (2020)

Shwe Kyar (ရွှေကြာ)(2019)

MIDNIGHT (သန်းခေါင်ယံည) (2019)

A Chit Sone Crush? (အချစ်ဆုံး Crush?) (2019)

Toe Kyaw Man Nae Nan San Tae Ywar (တိုးကျောမန်းနဲ့နန်းစံရွာ) (2018)

Ma Tahtaung Ta Kg Bwar (မတစ်ထောင်တကောင်ဖွား) (2018)

Tel Gyet (တည်ကြက်) (2018)

Wit Nhyn Ka Kyoe(ဝိညာဉ်ကကြိုး) (2017)

Min lal Bo-K Ngar lal Bo-K (မင်းလဲဘိုကေ ငါလဲဘိုကေ )(2016)

အစရှိတဲ့ နာမည်ကြီး ရုင်ရှင်ဇာတ်ကားကြီးများစွာတွင်ပါဝင်သရုပ်ဆောင်ထားပြီးသူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ် အခိုင်အမာရထားတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။သူမဟာ လူမှုကွန်ယက် တွေဖြစ်တဲ့ Facebook , IG  တို့မှာ သူမရဲ့ စွဲဆောင်မှုရှိလှ ခန္ဓာကိုယ်အလှပကို အထင်းသား ထင်သာမြင်သာ သောအလှပတွေ ၊ ပုရိသတို့ရဲ့ ရင်ကိုလောင်မြိုက် သွားစေမယ့် အမိုက်စား အကြမ်းစား ဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ဗီဒီယိုလေးထဲ မှာ သူမရဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားထားပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေသူလဲဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ ပြည်တွင်းက လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာ အလှဓာတ်ပုံတွေ ၊ ဖက်ရှင်ဒီဇိုင်း တွေကြောင့် ရေပန်းစားနေသူဖြစ်ပြီးတစ်ဖက်မှာလဲ ပွဲတက်ဖက်ရှင်တွေကြောင့်လည်း မြန်မာ့ယာဉ်ကျေးမှုနဲ့မသင့်တော်ကြောင့် ၊ မင်းသမီးတစ်ယောက်အနေနဲ့ လူငယ်တွေအတုယူမှားအောင် မဝတ်စားသင့်ကြောင့် မကြာခဏ ဝေဖန်ခံနေ ရပါတယ်။ ခန္ဓာကိုယ် အသားပေးတဲ့ အလှဓာတ်ပုံ၊ လှပတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးတွေ ရေကူးဝတ်စုံမျိုးတွေကို  ဝတ်ပြီး Social Media ပေါ်တင်လေ့ရှိပါတယ်။ဓာတ်ပုံတွေ ကို ပရိသတ်အများစုက လက်ခံအားပေးကြသလို တချို့ ပရိသတ်တွေဝေဖန်ခဲ့ကြပါတယ်။

“ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီးဝေဖန်မှုတွေ အပေါ်မှာဘယ်လိုမှတုံ့ပြန်မှာမဟုတ်ပါဘူး။ ကိုယ်ကိုချစ်တဲ့ သူလည်းရှိမယ်။မုန်းတဲ့သူလည်းရှိမယ်။ ကိုယ်ကတော့ ကိုယ်ကိုချစ်တဲ့သူတွေ အတွက်ပဲ အလုပ်လုပ်တယ်။ သူတို့အတွက်ပဲ ကြိုးစားတယ်။ ကိုယ်ကိုမုန်းနေတဲ့သူတွေ အတွက်ကတော့ ဘာမှ ပြောစရာလည်းမရှိဘူး။ သူတို့အတွက်အလုပ်လုပ်နေတာမဟုတ်ဘူး။ကိုယ်ချစ်တဲ့ သူတွေအတွက်ပဲကြိုးစားနေပါတယ်။ အဓိကတော့ သင်ဇာ့ကိုချစ်တဲ့ ဘယ်သူမဆို သင်ဇာ့ရဲ့ ကာရိုက်တာကိုလည်း ဘာပဲလုပ်လုပ်ချစ်ကြတဲ့သူတွေပဲဆိုတော့ ဘယ်လိုနေ ဘယ်လိုထိုင် ကန့်ကွက်ပြီးပြောဆိုနေတာတွေတော့မရှိပါဘူး ” လို့ သင်ဇာဝင့်ကျော်က သူမအား ဝန်ဖန်နေသူများကို လဲပြန်လည်တုန့်ပြန်ထားပါတယ်။ ဘယ်လိုပဲ ဝေဖန်မှုတွေမြင့်တက်နေပါစေ သူမကတော့ ခုလက်ရှိအချိန်အထိ သူမစိတ်တိုင်းကျ ဖက်ရှင်အဝတ်အစားတွေနဲ့ ပွဲတက်တွေ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကြေညာတွေမှာ ဆက်တိုက် ပါဝင်လုပ်ဆောင် နေရပါတယ် ။ သူမရဲ့ Facebook , IG တွေမှာလဲ သူမကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် အမိုက်စား၊ အကြမ်း အလှဓာတ်ပုံတွေ ဗီဒီယိုတွေကိုလဲ အဆက်အပြတ် တင်ပေးနေပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

Source&Photo Credit : Thinzar Wint Kyaw Facebook