ကိုရီးယားစတိုင် ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး ချက်နည်း

ဒီတစ်ခါတော့ ပင်လယ်စာကြိုက်သူတွေ အပီအပြင်ဆွဲနိုင်မယ့် ဟင်းပွဲချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ပိတ်ရက်မှာ မိသားစုတွေအတွက် အထူးပြင်ဆင် ချက်ပြုတ်ပေးမယ်ဆိုရင် ကိုရီးယားစတိုင် ပင်လယ်စာ အစပ်ဟင်းက တစ်ပွဲတည်းနဲ့ ပြည့်စုံပါလိမ့်မယ်။

ကိုရီးယား Food blogger တွေ အမြဲလိုလို စားပြနေတဲ့ အလိုက်ဖက်ဆုံးကတော့ ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး ပါ ဟင်းပွဲရဲ့ အသက်လို့ ပြောရမယ့် ဟင်းအနှစ်ချက်နည်းကိုလည်း ပြောပြပေးထားပါတယ်။

ငါး (အသားများတာ ရွေးပါ)

ပင်လယ်စာ (နှစ်သက်ရာ ရွေးထည့်ပါ)

ပုစွန်အကောင်ကြီး

ဆန်အရက်

ကိုရီးယား Food blogger တွေ အမြဲလိုလို စားပြနေတဲ့ ပင်လယ်စာဟင်းပွဲနဲ့ အလိုက်ဖက်ဆုံးကတော့ ရေညှိထမင်းဆုပ်လုံးလည်း ပါသလို၊ ဟင်းပွဲရဲ့ အသက်လို့ ပြောရမယ့် ဟင်းအနှစ်ချက်နည်းကိုလည်း ပြောပြပေးထားပါတယ်။

ပဲပင်ပေါက်

Minari အရွက် (ကန်စွန်းရွက် အစားထိုး သုံးနိုင်ပါတယ်)

ကြက်သွန်မြိတ်

ပြောင်ဖူးကော်မှုန့်

နှမ်းဆီ

နှမ်းတို့ လိုအပ်ပါတယ်။

အရင်ဆုံး အဓိက ထည့်မယ့် ငါး၊ ပုစွန်၊ ပင်လယ်စာတွေကို သန့်စင်ထားပါ။ ပုစွန်ထုပ်ကို အခွံ မနွှာပါနဲ့။ ငါးကို အနေတော် အတုံးလေးတွေ ပိုင်းထားပါ။ သန့်စင်ထားပြီးသား ငါး၊ ပုစွန်၊ ပင်လယ်စာတွေကို ဆား၊ ဆန်အရက် အနည်းငယ်ထည့် နှပ်ထားပါ။

ဟင်းရဲ့အသက်ဖြစ်တဲ့ ငရုတ်နှစ် လုပ်ပါမယ်။ ပန်းကန်လုံးထဲကို ထောင်းထားတဲ့ ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ထောင်းထာတဲ့ ချင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ Gochugaru (ကိုရီးယားငရုတ်နှစ်) စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။

ပဲပင်ပေါက်ကို ရေနွေးပွက်ပွက်ဆူတဲ့ထဲ ၂ မိနစ်လောက် ဖျော၊ ရေခဲရေ စိမ်လိုက်ပြီး ရေစစ်ထားပါ။ ဟင်းစချက်မယ်ဆိုရင် အရင်ဆုံး ငါး၊ ပုစွန်၊ ပင်လယ်စာတွေကို အိုးထဲမှာ ကျက်သွားရုံ ၄ မိနစ်လောက် တည်ပေးပါ။ ပြီးရင် ဟင်းအနှစ် ထည့်ပါ။ ပင်လယ်စာတွေနဲ့ သမအောင်မွှေပြီး ၃ မိနစ်လောက် ကျက်သွားအောင် တည်ပေးပါ။

ဟင်းအနှစ် ပျစ်သွားအောင် ပြောင်းဖူးကော်မှုန့်နဲ့ ရေဖျော်ထားတဲ့ လောင်းထည့်ပါ။ ပြီးရင် Minari အရွက် (ကန်စွန်းရွက်) ၊ ပဲပင်ပေါက်နဲ့ ကြက်သွန်မြိတ်တို့ကို ရောထည့်ပါ။ ဟင်းပွဲအနှံ့ မွှေးသွားအောင် နှမ်းဆီထည့်ပါ။ ပွက်ပွက်ဆူလာလို့ အားလုံးကျက်ပြီဆိုရင်တော့ နှမ်းဖြူးပြီး ရေညှိထမင်းဆုပ်လုံးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။

လွယ်ကူရိုးရှင်းတဲ့ ရေညှိထမင်းဆုပ်လုပ်ဖို့အတွက် ရေညှိခြောက်၊ ထမင်း၊ ပဲငံပြာရည်၊ နှမ်းဆီနဲ့ နှမ်းတို့လိုအပ်ပါတယ်။ ရေညှိခြောက်ကို မွှသွားအောင် အရင်ချေထားပါ။ ထမင်းထဲကို ပဲငံပြည်ရည်၊ မွှထားတဲ့ ရေညှိခြောက်၊ နှမ်းဆီ အနည်းငယ်ထည့်ပြီး နယ်ပါ။ သမသွားပြီဆိုရင် လက်နဲ့အလုံးလေးတွေ လုံးပေးလိုက်ရုံပါပဲ။ ထမင်းဆုပ်လုံး အပေါ်ကနေ နှမ်းဖြူးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင် ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံးကိုလွယ်လွယ်ကူကူနဲ့ အိမ်မှာလုပ်စားလို့ရပါပြီ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။