ကိုယ်နဲ့သင့်တော်တဲ့ Laptop တစ်လုံးရဖို့အတွက် ဘာတွေ ကြည့်ပြီးရွေး၀ယ်ရမလဲ?

ကိုယ်နဲ့သင့်တော်တဲ့ Laptop

(၂၁) ရာစုမှာတော့ Laptop ဆိုတာ လူတိုင်းနဲ့ အကျွမ်းတဝင် ဖြစ်လာပြီး၊ လူတိုင်းလိုလိုမှာ သုံးလေ့ရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် Laptop ဝယ်တဲ့အခါ ဘယ်လိုအချက်တွေကို ရွေးဝယ်သင့်လဲ ဆိုတာကို ဂရုစိုက်တတ်ကြတဲ့သူတွေကတော့ နည်းပါတယ်။

ကိုယ်တစ်ကယ်သုံးချင်တဲ့ Function နဲ့ ရွေးချယ်ဝယ်ယူထားတဲ့ Laptop ရဲ့ စွမ်းဆောင်ရည်တွေ မကိုက်ညီတဲ့အခါ ငွေအပိုကုန်ပြီး အကျိုးမရှိ ဖြစ်တတ်ပါတယ်။

ဒါဆိုရင် Laptop တစ်လုံးဝယ်ဖို့ စဉ်းစားတဲ့အခါ ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး စဉ်းစားဝယ်ယူသင့်လဲဆိုတာကိုအောက်မှာဆက်လက်လေ့လာကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘာအတွက် သုံးမှာလဲ? 

ကိုယ်က ဒီ Laptop ကို ဘယ်လုပ်ငန်းအတွက် အဓိက သုံးချင်တာလဲ ဆိုတာ အရင်ဆုံး စဉ်းစားရပါမယ်။ ဥပမာ သာမန် စာစီစာရိုက် ရုံးသုံးအတွက်လား၊ ဒီဇိုင်းနဲ့ Photoshop တွေအတွက် သုံးချင်တာလား၊ ဂိမ်းအသေးစားတွေ ဆော့ချင်တာလား၊ Dota , PUBG , Mobile Legend စတဲ့ ခပ်ကြီးကြီး ဂိမ်းတွေကို ဆော့ချင်တာလား၊ Auto Card နဲ့ Video Editing စတဲ့ အကြီးစား Software တွေအထိ သုံးချင်တာလား စတာတွေကို အရင်ဆုံးစဉ်းစားပါ။

၂။ ဘယ်လောက်တန် ဝယ်မှာလဲ

ဒုတိယအချက်အနေနဲ့ ကိုယ်က Laptop တစ်လုံးကို ဘယ်လောက် ဘတ်ဂျက်သုံးပြီး ဝယ်ချင်တာလဲ ဆိုတာကိုလည်း စဉ်းစားရပါမယ်။ ဥပမာ ကိုယ်က စာဖတ်ရုံ၊ စာရေးရုံဆိုရင်တော့ ()သိန်းနဲ့ အောက်ထစ် ဘတ်ဂျက်သုံးရုံနဲ့တင် လုံလောက်ပါပြီ။ ဒီဇိုင်းပိုင်းနဲ့ Photoshop အပိုင်းတွေပါ သုံးချင်တယ်ဆိုရင်တော့ ()သိန်းကနေ ()သိန်း အထိ သုံးရပါမယ်။

(၂၁) ရာစုမှာတော့ Laptop ဆိုတာ လူတိုင်းနဲ့ အကျွမ်းတဝင် ဖြစ်လာပြီး၊ လူတိုင်းလိုလိုမှာ သုံးလေ့ရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် Laptop ဝယ်တဲ့အခါ ဘယ်လိုအချက်တွေကို ရွေးဝယ်သင့်လဲ ဆိုတာကို ဂရုစိုက်တတ်ကြတဲ့သူတွေကတော့ နည်းပါတယ်။ဒါဆိုရင် Laptop တစ်လုံးဝယ်ဖို့ စဉ်းစားတဲ့အခါ ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး စဉ်းစားဝယ်ယူသင့်လဲဆိုတာကိုအောက်မှာဆက်လက်လေ့လာကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်က ဂိမ်းခပ်သေးသေးလည်း ဆော့ချင်တယ်၊ တစ်ခြား Function တွေလည်း နည်းနည်းစီ လိုက်သုံးချင်တယ်ဆိုရင်တော့ ငွေ ()သိန်း ကနေ ()သိန်းကြားကို သုံးပေးမှ ရပါမယ်။ ကိုယ်က ဂိမ်းအကြီးစားတွေလည်း ဆော့ချင်တယ်၊ ဒီဇိုင်းတွေလည်း သုံးချင်တယ်၊ Function နဲ့ Performance တွေလည်း ကောင်းချင်တယ်ဆိုရင်တော့ ငွေကျပ် (၁၀)သိန်းနဲ့အထက်ကို သုံးနိုင်ပါတယ်။

၃။ ရေရှည်သုံးမှာလား၊ ယာယီပဲလား

တတိယအချက်အနေနဲ့ကတော့ ဒီ Laptop ကို ကိုယ်က ခဏပဲ သုံးချင်တာလား၊ () () နှစ် ဆက်တိုက် သုံးချင်တာလားဆိုတာ စဉ်းစားရပါမယ်။ ကိုယ်က Laptop သုံးဖို့လည်း လိုနေပြီ၊ ဝယ်ဖို့ငွေလည်း သိပ်မရှိသေးလို့ ယာယီသုံးမယ့်သဘောနဲ့ ဝယ်ပြီး နောက်မှ အမြင့် ဒါမှမဟုတ် ဝယ်ဖို့ ငွေလုံလုံလောက်လောက် ရှိပြီး တစ်ခါထဲ အကြာကြီး သုံးဖို့ ဝယ်ချင်တာလား၊ ဆိုတာကို ကြည့်ပြီး ဝယ်မယ့်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ဒါကတော့ မဝယ်ခင် ကြိုတင်စဉ်းစားရမှာတွေပါ။ စပြီး ဝယ်တော့မယ်ဆိုပါစို့။ ကိုယ်ဝယ်ယူချင်တဲ့ အမျိုးအစားအပေါ်မူတည်ပြီး အောက်ပါအချက်တွေကို စုံစမ်းလေ့လာရပါမယ်။

Brand 

Laptop Brand တော်တော်များများက သူ့ပရိတ်သတ်နဲ့သူ ရှိပြီးသားမို့ အကြိုက်တွေလည်း အနည်းငယ် ကွာဟနိုင်ပါတယ်။ ဒီထဲမှာမှ လူသိများပြီး အကြမ်းခံတဲ့ Brand တစ်ချို့ကတော့ Lenovo, Dell, HP စတာတွေ ဖြစ်ပါတယ်။

Display Size

Brand ရွေးချယ်ပြီးရင်တော့ Screen Size ကို ရွေးချယ်ရပါမယ်။ ပုံမှန် Screen Size ကတော့ 15.5” ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဆိုဒ်အပေါ်မူတည်ပြီး အသေး၊ အကြီး ရွေးချယ်လို့ ရပါတယ်။

CPU

CPU ဆိုတာကတော့ စက်တစ်ခုရဲ့ လုပ်ဆောင်ရည်၊ စွမ်းဆောင်ရည်ကို ကိုယ်စားပြုပါတယ်။ ဝယ်တဲ့အခါမှာ 6th Gen, 7th Gen, 8th Gen စသဖြင့် ရှိပြီးတော့ Generation မြင့်လေ၊ စွမ်းဆောင်ရည် မြင့်လေပါပဲ။

CPU မှာတော့ အနိမ့်ပိုင်းဆို Pentium , အလယ်အလတ်မှာဆို Dual/ Dual Core, အမြင့်ပိုင်း အုပ်စုမှာတော့ Core i3, Core i5, Core i7 စဖြင့် ရှိပါတယ်။ တစ်ခါတစ်လေမှာ Laptop ၂လုံးက Brand လည်းတူ၊ Dsiplay Size နဲ့ CPU လည်း တူနေပေမယ့် ၂ခုယှဉ်လိုက်ရင် ဈေးအနည်းငယ်ကွာဟနေတာမျိုး ရှိတတ်ပါတယ်။

အဲ့ဒီလို (၂) ခုယှဉ်လာပြီ ဆိုရင်တော့ Laptop ရဲ့ မြန်နှုန်း (Clock Speed) ဆိုတာကို ပြန်ကြည့်ရပါမယ်။ Clock Speed များလေ စက်ပိုသွက်လေပါပဲ။

Memory 

ကိုယ်က သာမန် အလုပ်အတွက်ပဲ သုံးချင်တာမျိုးဆိုရင်‌တော့ 4GB လောက်ဆို လုံလောက်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ဂိမ်းတွေလည်း ဆော့ချင်တယ်၊ အလုပ်အတွက်လည်း သုံးချင်တယ်ဆိုရင်‌တော့ 16GB လောက် သုံးရပါမယ်။

Harddisk 

ပုံမှန် Harddisk တစ်လုံးမှာတော့ 500GB, 720GB လောက် ပါဝင်တတ်ပါတယ်။ ဒီထက်များချင်ရင်တော့ 1TB , 2TB စသဖြင့် ရွေးချယ်နိုင်ပါတယ်။

Graphic 

Graphic Card မှာတော့ On Board Graphic နဲ့ Extra ထပ်စိုက်ရတဲ့ဟာဆိုပြီး (၂) မျိုးရှိပါတယ်။ Laptop မှာ Original ပါဝင်တဲ့ On Board Graphic ကတော့ သာမန်အသုံးပြုသူတွေအတွက်ပဲ အဆင်ပြေပြီး ကိုယ်က ဂိမ်းတွေဆော့မယ်၊ Software အကြီးစားတွေလည်း သုံးချင်တယ်ဆိုရင်တော့ ကဒ်ထပ်စိုက်ပြီး သုံးတာက အဆင်ပြေဆုံးပါပဲ။

ဒီလောက်ဆိုရင်တော့ Laptop တစ်လုံးဝယ်တဲ့အခါ ဘာတွေကြည့်သင့်တယ်၊ ဘာတွေ အခြေခံစဉ်းစားသင့်လဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။ အားလုံးပဲ အဆင်ပြေ ကြမယ်လို့မျော်လင့် ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။