ကိုဗစ်ကာလ Work From Home  အလုပ်ချိန်၊ နားချိန် ခွဲတတ်စေဖို့

ကိုဗစ်က တစ်ကျော့ပြန် ခေါင်းထောင်လာတာနဲ့အတူ Second wave မှာအလုပ်တွေ Work From Home ကြရပြန်ပါတယ်။ ဒီကာလမှာ ရုံးဆင်း ရုံးတက်ချိန်ရယ် မသိ အလုပ်တွေ ဖိလုပ်ရင်း ကိုယ်ခံအား ကောင်းအောင် ဂရုမစိုက်မိတာမျိုးတွေ ဖြစ်လာမှာမို့ WFH မှာ အလုပ်လုပ်ချိန် နားချိန်မှန်မှန်နဲ့ ဘယ်လိုဂရုစိုက် နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုဗစ် က တစ်ကျော့ပြန်လာချိန်မှာ ကူးစက်မှု ပိုမြန်လာတာ မှန်ပေမယ့် ကာကွယ်ရမယ့်နည်းလမ်းကတော့  အတူတူပါပဲ။

လူစုလူဝေးကို ရှောင်ပါ

မကြာခဏ လက်ကို စင်ကြယ်စွာ ဆေးပါ

အိပ်ရေးဝဝအိပ်ပါ

အာဟာရပြည့်ဝအောင် စားပါ

သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

အပြင်သွားရင် မတ်ခ် တပ်ပါ

တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ

မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့

ကိုဗစ်ကာလ Work From Home မှာအလုပ် လုပ်ချိန် နားချိန် မှန်ကန်စေဖို့ ၊ ကိုဗစ်ကြောင့် အိမ်ကနေ အလုပ်လုပ်ရပြီဆိုရင် နားချိန်မှာ နား၊ အလုပ် လုပ်ချိန်မှာ လုပ်ပြီး ကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

ရုံးချိန် အတိုင်းပဲ အလုပ်လုပ်ပါ။

အိမ်မှာ အလုပ်လုပ်တယ်ဆိုတာနဲ့ တစ်ချိန်လုံး အလုပ်လုပ်နေရမယ် မဆိုလိုပါဘူး။ ဥပမာ ရုံးချိန်က ၈ နာရီက စမယ်ဆိုရင် ၈ နာရီက စပြီး အလုပ်တွေကို စလုပ်ပါ။

ကိုဗစ်က တစ်ကျော့ပြန် ခေါင်းထောင်လာတာနဲ့အတူ Second wave မှာအလုပ်တွေ Work From Home ကြရပြန်ပါတယ်။ ဒီကာလမှာ ရုံးဆင်း ရုံးတက်ချိန်ရယ် မသိ အလုပ်တွေ ဖိလုပ်ရင်း ကိုယ်ခံအား ကောင်းအောင် ဂရုမစိုက်မိတာမျိုးတွေ ဖြစ်လာမှာမို့ WFH မှာ အလုပ်လုပ်ချိန် နားချိန်မှန်မှန်နဲ့ ဘယ်လိုဂရုစိုက် နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ထမင်းစား နားချိန်မှာ မိသားစုနဲ့ ထမင်းစားတာမျိုးလုပ်ပါ။ တစ်ယောက်တည်း နေတယ်ဆိုခဲ့ရင်လည်း အလုပ်စားပွဲမဟုတ်တဲ့ နေရာ ထမင်းစား စားပွဲကို ထသွားပြီး စားပေးပါ။ ပြီးရင်လည်း ထမင်းစားချိန် ပြည့်တဲ့အချိန်လောက်ထိ ရေနွေး သောက်တာ၊ ဝင်လေထွက်လေ မှတ်တာမျိုး သက်သောင့်သက်သာဖြစ်စေမယ့် အခြေအနေ တစ်ရပ်ကို ဖန်တီးပေးပါ။

ရုံးဆင်းချိန်မှာ သတ်သတ်မှတ်မှတ် ရုံးဆင်းပါ။ ဖုန်းမှာ alarm ပေးထားတာမျိုး လုပ်ပါ။ မဖြစ်မနေ အပြီးသတ်ရမယ့် ကိစ္စတွေရှိရင်တော့ ခြွင်းချက်ပေါ့။ အိမ်မှာလည်း ရုံးချိန်အတိုင်းပဲ အလုပ်လုပ်ဖြစ်နိုင်စေဖို့ ကြိုးစားပါ။

လေ့ကျင့်ခန်း လုပ်ဖို့ မမေ့ပါနဲ့

ရုံးတက်တုန်းကမှ လေ့ကျင့်ခန်း လုပ်ဖြစ်သေးတယ်။ WFH ထဲကစလို့ လေ့ကျင့်ခန်းကို မလုပ်ဖြစ်တော့ဘူး ဆိုတာမျိုး မဖြစ်ပါစေနဲ့။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ မနက်ခင်း လုပ်တယ်ဆိုရင်လည်း ရုံးချိန်မတိုင်ခင် လေ့ကျင့်ခန်းလေးလုပ် ရေချိုး လုပ်ငန်းခွင် စဝင်ပေါ့။ ညနေဆိုလည်း လေ့ကျင့်ခန်း လုပ်မယ့် အချိန်မှာ သေချာလေး လုပ်ပေးပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေးကို မေ့မထားပါနဲ့

အိမ်မှာ အလုပ်လုပ်တာပဲ တစ်ယောက်တည်းပဲဟာ အရေးမကြီးပါဘူးဆိုပြီး ဖြစ်သလို မနေပါနဲ့။ မနက်ခင်း ရေချိုးပြီးမှ အလုပ်ခွင် စဝင်ပါ။ ကြားအချိန်မှာ ချိုးဖြစ်ဖို့က မလွယ်လှဘူးလေ။ ညနေရုံးဆင်းချိန်မှာလည်း ရေချိုးတာ၊ ကိုယ်လက်သန့်စင်တာတွ လုပ်ပေးပါ။ စိတ်ရောကိုယ်ပါ ကြည်လင် လန်းဆန်းလို့ အလုပ်တွေကို ကောင်းကောင်း လုပ်နိုင်သလို ကျန်းမာစေမှာပါ။

အစား မှန်မှန်စားပါ

အလုပ်ကို တစ်ချိန်လုံး လုပ်နိုင်ဖို့ဆိုရင် အာဟာရ ပြည့်ဖို့ကလည်း မေ့ထားလို့ မရပါဘူး။ ဒါကြောင့် အစားကို အချိန်မျာ စားပေးပါ။ အလုပ်လုပ်ရင်း မေ့သွားလို့ နေ့လယ်စာကို ညနေမှ စားတာမျိုး မလုပ်ပါနဲ့။ကိုယ်ခံအား ကောင်းဖို့ လိုတဲ့ ဒီလိုကာလမှာ အစားကို အချိန်မှန်မှန်လေး သေချာ အာဟာရ ပြည့်ဝအောင် စားပါ။

ဒါတွေအပြင် စိတ်ပင်ပန်းလာချိန်မှာ စိတ်ပြေလျော့စေမယ့် အလေ့အထလေးတွေကို လုပ်ပေးဖို့၊ ခန္ဓာကိုယ်က တအား ပင်ပန်းလာတဲ့အခါ အကြောလျှော့တာကစလို့ အညောင်းပြေ လမ်းထလျှောက်တာမျိုးလေးတွေ လုပ်ပေးဖို့လည်း မမေ့ပါနဲ့။ ရေဓာတ်ပြည့်ဝစေဖို့လည်း သတိပြုစေချင်ပါတယ်။

Source : Hello Sayarwon

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။