Apple Store ဆိုင်များ ခေတ္တပိတ်သိမ်းထား

9to5Mac ၀က်ဘ်ဆိုက်မှ Michael Steeber က  ကယ်လီဖိုးနီးယားရှိ Apple Storeဆိုင်များအားလုံးကိုပိတ်ထားပြီး  USA အပါအဝင် Mexican stores ဆိုင် ၂ ဆိုင် Brazil တွင် ၂ ဆိုင် နှင့်UK တွင် ၁၆ ဆိုင်အထိပိတ်သိမ်းထားရပါတယ်။

ခရစ္စမတ်အားလပ်ရက် အလုပ်အများဆုံး ဈေးရောင်းသီတင်းပတ်အတွင်းမှာ Apple ဟာ ကုမ္ပဏီရဲ့ လက်လီစတိုးဆိုင်အားလုံးရဲ့ ငါးပုံတစ်ပုံနီးပါးကို ယာယီပိတ်ထားရတယ်လို့ 9to5Mac သတင်းက ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး ကမ္ဘာတစ်ဝှမ်းမှာ ပိတ်ထားတဲ့ Apple Store ဆိုင်ပေါင်း ၉၅ ဆိုင်အထိ ရှိလာပြီလို့ ဆိုပါတယ် ။

Apple ဟာ ကယ်လီဖိုးရီးယားနဲ့တင်နက်ဆီမှာရှိတဲ့ စတိုးဆိုင်အားလုံးကို ပိတ်ထားပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်စတိုးဆိုင်တွေ ပိတ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်အနှံ့အပြားမှာ ရှိတဲ့ Apple Store ဆိုင်တွေ ပိတ်ထားခဲ့ရသလို UK မှာရှိတဲ့ ဆိုင်ပေါင်း ၁၆ ဆိုင်ကိုလည်း ပိတ်ထားရပါတယ်။

ဒီလိုဆိုင်တွေကိုပိတ်လိုက်ရခြင်းမှာ ကယ်လီဖိုးနီးယားတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုများ တိုးမြင့်လာခြင်းကြောင့်ဖြစ်ပါတယ်။

ခရစ္စမတ်အားလပ်ရက် အလုပ်အများဆုံး ဈေးရောင်းသီတင်းပတ်အတွင်းမှာ Apple ဟာ ကုမ္ပဏီရဲ့ လက်လီစတိုးဆိုင်အားလုံးရဲ့ ငါးပုံတစ်ပုံနီးပါးကို ယာယီပိတ်ထားရတယ်လို့ 9to5Mac သတင်းက ဖော်ပြထားပါတယ်။

ကူးစက်နှုန်းမြင့်တက်နေတဲ့ COVID-19 ကပ်ရောဂါကြီးကြောင့် Bay Area တွင်အရေးပေါ်အချက်ပေးစနစ်အသုံးပြုခြင်းနှင့် ရောဂါအကျပ်အတည်းအရှိန်မြင့်လာခြင်းကြောင့် အရေးပေါ်အခြေအနေအဖြစ် လန်ဒန်မြို့ကို ပိတ်ထားရန် UK ၀န်ကြီးချုပ် Boris Johnson မှကြော်ငြာ်လိုက်ခြင်း တို့ပါဝင်သည်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာ COVID-19 ကူးစက်မှု ဗဟိုချက်သဖွယ် ဖြစ်ခဲ့ပါတယ်။ စနေနေ့အထိ ရရှိထားတဲ့အချက်အလက်တွေအရ ပြည်နယ်အတွင်း ရောဂါကူးစက်မှု ၁.၈ သန်းကျော် နဲ့ သေဆုံးသူ ၂၂၄၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

UK အစိုးရအဖွဲ့ကလည်း ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး လန်ဒန်မှာ အရေးပေါ် Lockdown ချမယ်လို့ ကြေညာထားတာဖြစ်လို့ အသွားအလာပိတ်ဆို့ကန့်သတ်ထားတဲ့ ဒေသတွေမှာ ဖွင့်ထားတဲ့ Apple Store တွေ ယာယီပိတ်လိုက်ရတာ ဖြစ်တယ်လို့ ကုမ္ပဏီက Bloomberg ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာလည်း Apple ဟာ ဂျာမနီနဲ့ နယ်သာလန်တို့မှာ ရှိတဲ့ Apple Stores ပေါင်း ၁၈ ဆိုင်ကို ပြန်ပိတ်ထားပါတယ်။

လက်ရှိမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Apple Store ဆိုင် ၅၀၉ နေရာအနက် ၄၀၁ နေရာပဲ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဖွင့်ထားတဲ့ Apple Stores တွေကိုတော့ အွန်လိုင်းအော်ဒါမှာသူတွေ လာယူဖို့နဲ့  Genius Support တွေအတွက်ပဲ ကန့်သတ်ဝန်ဆောင်မှုပေးထားပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။