ကမ္ဘာပေါ်ရှိ အအေးဆုံး နေရာ (၅) ခု

လူသားတွေဟာ အသက်ရှင်နေထိုင်ဖို့ခက်ခဲတဲ့ ကမ္ဘာနေရာအချို့မှာတောင် အခြေ ချနေထိုင်ကြပါတယ်။ အလွန်ပူပြင်းခြောက်သွေ့တဲ့ ကန္တာရဒေသဖြစ်တဲ့အပြင် သောက်သုံးရေအလွန်ရှားပါးတဲ့ Himalayas တောင်တန်းတွေမှာလည်း နေထိုင်သူ တွေရှိနေပါတယ်။

ဒါအပြင် လူအရောက်အပေါက်နည်းတဲ့ ကျွန်းတွေ၊ အပင်တွေသာ ဖုံးလွှမ်းနေပြီး လူသားတွေအတွက်ဘေးဖြစ်စေတဲ့ သတ္တဝါတွေရှင်သန်နေတဲ့ ပင်လယ်ကမ်းခြေ တွေမှာလည်း နေထိုင်ကြပါသေးတယ်။

ရာသီဥတု အလွန် ကြမ်းတမ်းတဲ့ ဒေသတွေမှာလည်း အစုအဖွဲ့လိုက်နေထိုင် ကြတာကိုလည်း ယနေ့တိုင် တွေ့ရှိရပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အရပ်ဒေသ တွေမှာနေထိုင်သူတွေဟာ သူတို့ နေထိုင်ရာအရပ်ဒေသရဲ့ ရိုက်ခတ်မှုကို ပြင်းထန်စွာ ခံနေရပေမဲ့ ယနေ့တိုင် အကောင်းဆုံး ခုခံပြီးနေထိုင်နိုင်ကြပါသေးတယ်။

ဒီတစ်ခါမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာအအေးဆုံးဒေသတွေနဲ့ နိုင်ငံတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

(5) Iceland

Iceland ဆိုတဲ့အမည်ကိုကြားလိုက်ရုံနဲ့ အရမ်းအေးမဲ့နိုင်ငံ တစ်ခုဖြစ်မယ်ဆိုတာကို သတိထားမိလောက်ပါတယ်။ ဒါပေမဲ့ နွေရာသီ ရောက်တဲ့အချိန်မှာတော့ အိုက်စလန်ရဲ့ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်အလှတရား ကိုခံစားရမှာ ဖြစ်ပြီး ဆောင်းတွင်းရောက်ရင်တော့ ဆီးနှင်းတွေ တဖွဲဖွဲ ကျနေတဲ့ အပူချိန်သုညဒီဂရီ အောက် ဖြစ်သွားမဲ့ ကမ္ဘာအအေးဆုံးကာလတစ်ခုကို ဖြတ်သန်း ကြရမှာပါ။

အိုက်စလန်နိုင်ငံဟာ အလွန်လှပတဲ့ ဥတ္တရအလင်းတန်းတွေကိုကြည့်ရှုဖို့ အကောင်းဆုံးဒေသလည်းဖြစ်ပါတယ်။ အိုက်စလန် ရဲ့အပူချိန်ဟာ မိနစ်အနည်းငယ်လောက်မှာတင် (၁၀)ဒီဂရီလောက်အထိ အလျှင်အမြန် ကျဆင်းသွားတတ်ပါတယ်။မြောက်ဘက်အကျဆုံးဒေသတွေမှာတော့ တစ်နှစ်ပတ်လုံး အပူချိန်ဟာ သုညဒီဂရီ လောက်သာအမြဲတည်ရှိနေပြီး အလွန်အေး ပါတယ်။

ဒီတစ်ခါမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာအအေးဆုံးဒေသတွေနဲ့ နိုင်ငံတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

(4) Greenland

Greenland ဆိုတဲ့နာမည်ကြောင့် ဒီနေရာဟာ စိန်းလန်းစိုပြေတဲ့သဘာဝရှိတဲ့ အရပ်ဒေသတစ်ခုဖြစ်မယ်လို့ ယူဆရင်တော့ အထင်နဲ့အမြင်လွဲမှား သွားပါလိမ့်မယ်။ အမှန်တော့ ဒီနေရာဟာ Greenland ဆိုတဲ့ နာမည်နဲ့ဆန့်ကျင်ဘက် ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတု အနေအထားကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပါတယ်။ ကမ္ဘာ မြောက်ဘက်စွန်းပိုင်း က အအေးဆုံးသောနိုင်ငံတွေအနက်က တစ်နိုင်ငံဖြစ်တဲ့ Greenland ဟာ အာတိတ် နဲ့ မြောက်အတလန္တိတ် သမုဒ္ဒရာတွေကြားက ကျွန်းတစ်ခု လည်းဖြစ်ပါတယ်။

ဒီကျွန်းနိုင်ငံလေးဟာ ပထဝီဝင်အနေအထားအရ မြောက်အမေရိကတိုက်တွင်း မှာပါရှိနေပေမဲ့ ဥရောပဆန်တဲ့ (အထူးသဖြင့် နော်ဝ၊ဒိန်းမတ် နိုင်ငံတို့ရဲ့) လူနေမှုစရိုက်၊ရိုးရာအသွင်အပြင် တူညီနေပြီး ဒိန်းမတ်နိုင်ငံရဲ့အုပ်ချုပ်ရေးအောက်မှာရှိနေပါတယ်။ Greenlandဟာ ကမ္ဘာပေါ်မှာ ကမ်းရိုးတန်းအရှည်ဆုံးဒေသဖြစ်ပြီး နွေရာသီ မှာတောင်ဒေသရဲ့ အပူချိန်ဟာ သုညဒီဂရီလောက်သာသာ ရှိနေပါတယ်။

ဧရိယာစတုရန်းမိုင် ၈သိန်းကျော် ကျယ်ဝန်းပေမယ့် အေးလွန်းတဲ့ရာသီဥတုကြောင့် နေထိုင်သူဦးရေ ၅သောင်းကျော်ပဲ ရှိပါတယ်။ ဒါအပြင်ရာသီဥတု အနေအထားကို မူတည်ပြီး နေ့တာရှည်ခြင်း၊ ညတာရှည်ခြင်း ဖြစ်ပွားလေ့ရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။ နွေရာသီရောက်တဲ့အချိန်မှာ တစ်နေ့တာလုံးရဲ့ (၂၂)နာရီ လောက် နေသာ နေမှာဖြစ်ပြီး ဆောင်းရာသီရောက်တဲ့အချိန်မှာတော့ တစ်နေ့တာလုံးရဲ့ (၃)နာရီသာ နေရောင်ကို တွေ့မြင်ရမှာပါ။

(3)KAZAKHSTAN

ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ကာဇက်စတန် နိုင်ငံဟာ ယခင်ကတော့ ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကာဇက်စတန် နိုင်ငံရဲ့ မြေမျက်နှာ သွင်ပြင် အနေအထားဟာ အလွန်ကြမ်းတမ်းတဲ့တောင်တန်းဒေသဖြစ်ပြီး ပင်လယ်ရေ မျက်နှာ ပြင်ထက်များစွာမြင့်မားတဲ့ အချက်ကြောင့် အပူ/အအေးပြင်းထန် ပါတယ်။

ကာဇက်စတန် နိုင်ငံအတွင်းမှာ ရေခဲထုဝန်းရံနေတဲ့ ဒေသများစွာရှိပြီး ဆောင်းတွင်းကာလရောက်ချိန်မှာတော့ နိုင်ငံရဲ့ အပူချိန်ဟာ သုညဒီဂရီအောက် ကျဆင်းသွား ပါတယ်။ကာဇက်စတန်နိုင်ငံရဲ့ နိုင်ငံသားတွေက တော့ သူတို့နိုင်ငံရဲ့ ပြင်းထန်တဲ့ ဆောင်းရာသီကို အကျိုးရှိအောင်ဖန်တီးပြီး ရေခဲပြင်စကိတ်စီးပြိုင်ပွဲ၊ ရေခဲပြင်ပန်းပု ပုံတူပြိုင်ပွဲ၊ ရေခဲပြင်ငါးဖမ်းနည်း စသည်တို့ကိုပြုလုပ် ပြီးကမ္ဘာလှည့်ခရီး သည်တွေကို အကောင်းဆုံးဆွဲဆောင်ပြီး နိုင်ငံရဲ့ ပုံရိပ်ကိုမြှင့်တင်လျက်ရှိပါတယ်။

(2) RUSSIA

ကမ္ဘာပေါ်မှာ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံဟာ အာရှတိုက် နဲ့ ဥရောပတိုက် နှစ်တိုက်စလုံးမှာ ပါဝင်တည်ရှိနေပါတယ်။ ရုရှားနိုင်ငံရဲ့ ဧရိယာအများစုဟာ တစ်နှစ်ပတ်လုံး အလွန်အေးမြတဲ့ အခြေအနေမှာ တည်ရှိနေပြီး နွေရာသီရောက်ချိန်မှာ တောင် ဒေသရဲ့အပူချိန်ဟာ သုညဒီဂရီအောက်အခြေအနေကို ရောက်ရှိနေနိုင်ပါတယ်။ ရုရှားနိုင်ငံရဲ့ မြောက်ဘက်စွန်းမှာတည်ရှိတဲ့ ဆိုက်ဘေးရီးယားဒေသဆိုရင် ထာဝစဉ် ဆီးနှင်းတွေ နဲ့ဖုံးလွှမ်းနေတာဖြစ်ပြီး ရုရှားနိုင်ငံက ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်တဲ့ကာလကဆိုရင် နယ်နှင်ဒဏ်ပေးတဲ့ အပြစ်သားတွေကို ယင်းဒေသကိုပို့လေ့ရှိပါတယ်။

စိတ်ဝင်စားစရာ အချက်က ရုရှားနိုင်ငံရဲ့ အလွန်ကြမ်းတမ်း၊ အေးမြတဲ့ ရာသီဥတုက ရုရှားနိုင်ငံကို ကျူးကျော်သူတွေလက်ထဲ မရောက်ရအောင်ခေတ်အဆတ်ဆတ် ကာကွယ်ပေးခဲ့တယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ပြင်သစ်စစ်ဘုရင် နပိုလီယံ၊ နာဇီအာဏာရှင် ဟစ်တလာတို့လို ကမ္ဘာမြေပုံကိုအပြောင်း အလဲလုပ်နိုင်တဲ့ သူတွေတောင် ရုရှားနိုင်ငံရဲ့ ရာသီဥတုကြောင့် ကောင်းကောင်းကြီး ဒုက္ခ ရောက်သွားခဲ့ရတာပဲဖြစ်ပါတယ်။

(1) ANTARCTICA

အန္တာတိက ကတော့နိုင်ငံတစ်နိုင်ငံမဟုတ်ပဲ အီကွေဒါတောင်ဘက်စွန်းပိုင်းက Antarctic စက်ဝိုင်းအတွင်းကျရောက်နေတဲ့ကမ္ဘာတိုက်ကြီး တစ်ခုဖြစ်ပါတယ်။ ဒီဒေသတစ်ခုလုံး ကို Antarctic ခေါ် တောင်ပိုင်းသမုဒ္ဒရာကဝိုင်းရံထားပြီး စတုန်ရန်းမိုင် ၅.၄သန်း မိုင်အကျယ်ရှိ ပါတယ်။ အန္တာတိကတိုက်ရဲ့ (၉၈ ရာခိုင်နှုန်း)ကို ရေခဲတွေအစဉ်ဖုံးလွှမ်း လျက်ရှိပြီး ရေခဲထုက(၁.၉) Km အထိထူပါတယ်။ ဒါကြောင့် အန္တာတိကဟာ ကမ္ဘာ အအေးဆုံးဒေသအဖြစ် ရှိနေတာအံ့သြစရာမဟုတ်ပေမယ့် လက်ရှိအချိန်မှာ နေထိုင်သူ (၁၁၀၆) ယောက်ရှိပါတယ်။ သူတို့အားလုံးဟာ အမြဲနေထိုင်သူတွေမဟုတ်ပဲ သုတေသနအဖွဲ့အစည်းတွေက ပညာရှင်တွေနဲ့ သက်ဆိုင်သူတွေဖြစ်ပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ ဆီးနှင်းမုန်တိုင်း တွေတိုက်ခတ်လေ့ရှိပြီး သောက်သုံးရေ၊အစားအသောက်၊ နားခိုစရာ အရပ်အလွန် ရှားပါးတဲ့ ဒေသလည်းဖြစ်နေတာကြောင့် ကမ္ဘာပေါ်မှာ လူသားတွေ အခြေပြုနေထိုင် ဖို့မသင့်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဒေသရဲ့အအေးချိန်ဟာ ပုံမှန်အားဖြင့် -၇၀ ဒီဂရီဆဲစီးယပ်စ်ဝန်းကျင်မှာ ရှိနေတာကြောင့် သက်ရှိအချို့ကလွဲပြီးရှင်သန်နေထိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ Antarctic ဒေသမှာရှိတဲ့ Canada ရေခဲမြစ်ကတော့ ကမ္ဘာပေါ် မှာအလှဆုံးရေခဲမြစ်တွေအနက်က တစ်မြစ်ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။