Xiaomi က MicroLED display ပါ၀င်တဲ့ Xiaomi Smart Glasses ကို ကြေငြာ

Facebook က Ray-Ban Stories များကို ဖြန့်ချိပြီး မကြာမီ Ray-Ban နှင့် လက်ချင်း ချိတ်ထားသော မျက်မှန်များ ( Glasses ) ပဲ ဖြစ်ပါတယ်။ ယနေ့ Xiaomi က ကြေညာခြင်းတွင် MicroLED display ပါ၀င်သော Xiaomi Smart Glasses များကို မိတ်ဆက် ကြေညာခဲ့ ပါတယ်။

Xiaomi ၏ မျက်မှန်ဟာ သာမန် ပုံစံ တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် Facebook နှင့် Ray Ban ၏ ကြေငြာ ထားသော မျက်မှန်များ နှင့်မတူဘဲ ၎င်းတို့တွင် AR features များ အတွက် သုံးနိုင်သော display တစ်ခု ပါရှိ ပါတယ်။

OLED နှင့် နှိုင်းယှဉ်လျှင် ၎င်း၏ “ pixel density က ပိုမို မြင့်မားပြီး ပိုမို ရိုးရှင်းသော ဖွဲ့စည်းပုံလေးဖြင့် lifespan ပိုရှည်စေတာ” ကြောင့် monochrome MicroLED system နှင့်သွားပါတယ် ဟု Xiaomi က ပြောကြား ခဲ့ပါတယ်။ Xiaomi ၏ အဆိုအရ MicroLED က “ ပိုမို ကျစ်လစ်သော display နှင့် screen integration ကို ပိုပြီးတော့ လွယ်ကူ စေပါတယ်”။

Xiaomi ၏ display က အကြမ်းဖျဉ်း အားဖြင့် 2.4mm x 2.02mm ရှိပြီး peak brightness မှာ 2 million nits ရှိပါတယ်။ Light ဟာ မျက်လုံးထဲသို့ အမှန်တကယ် ရောက်တဲ့အခါ bright ဖြစ်စေတော့မှာ မဟုတ်ပါဘူး.။ Extreme Brightness ရှိသောကြောင့် ၎င်းဟာ အလင်းယိုင်ပြီး အလင်းတန်းကို ညွှန်ပြသော optical waveguide lens ကို ဖြတ်ပြီးတဲ့ အခါ နေရောင်ခြည် ( direct sunlight ) မှာ တိုက်ရိုက် မြင်နိုင်ပါတယ်။ Xiaomi က navigation ၊ live translation နှင့် display အတွက် notifications များကဲ့သို့ cases များတွင် အသုံးပြု နိုင်ပါတယ်။

Glasses များဟာ အဆက်မပြတ် phone connection မလိုအပ်သော လွတ်လပ်တဲ့ Android device တစ်ခု ဖြစ်ပါတယ်။ Xiaomi က တစ်နေ့နေ့မှာ ဖုန်းကိုတောင် အစားထိုး လာနိုင်တယ်လို့ အကြံပြု ပြောပြ ထားပါတယ်။ မသတ်မှတ်ရ သေးသော quad-core Arm processor တစ်ခု ၊ Wi-Fi နှင့် Bluetooth modules များ၊ battery တစ်လုံး နှင့် board ပေါ်တွင် five-megapixel camera တစ်ခု ပါ ၀င် ပါတယ်။ မျက်မှန်ဟာ အလေးချိန် ( glasses weigh ) 51 grams သာ ရှိသည်ဟု Xiaomi က ပြောပြ ထားပါတယ်။

စောစောက ပြောခဲ့သလိုပဲ ဒီမျက်မှန်တွေကို အများပြည်သူ တွေ့နိုင်မှာ မဟုတ်သလို တကယ်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် Xiaomi ၏ သံသယ ဖြစ်ဖွယ် ပြောဆိုချက်တွေကို ကြည့်ရှု သင့်ပါတယ်။ သို့သော်လည်း Facebook ၏ ကြေငြာချက် နှင့် Apple ၏ iPhone event မတိုင်မီတွင် ထွက်ပေါ်လာသော concept demonstration ဟာ Xiaomi အား AR space တွင် player တစ်ဦး အဖြစ် သတ်မှတ်လိုကြောင်း ရှင်းလင်းတဲ့ အညွှန်း( clear indicator ) တစ်ခု ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။