Xbox Cloud Gaming ကို ယခု ပိုမိုမြန်ဆန်စေဖို့ Xbox Series X hardware

Illustration by Alex Castro / The Verge

Microsoft ၏ Xbox Cloud Gaming service (xCloud) ကို ယခုအခါ custom Xbox Series X hardware ဖြင့် အပြည့်အဝ ပံ့ပိုး ပေးလျက် ရှိပါတယ်။

Microsoft က The Verge ကို ပြောကြား ခဲ့ပြီး ၎င်းဟာ upgrade လုပ်ခြင်းကို မကြာသေးမီက ပြီးစီး ခဲ့ပြီး ၎င်းက web မှ players streaming Xbox games အတွက် framerates နှင့် game load time နှစ်ခု စလုံးကို တိုးတက် စေပါတယ်။

Microsoft ဟာ မကြာသေးမီ လများက Xbox Cloud Gaming ကို 1080p နှင့် 60fps stream သို့ ရွှေ့ခဲ့ သော်လည်း ကုမ္ပဏီက 4K stream တွေကို ပို့ဆောင်ဖို့ custom Xbox Series X hardware ၏ full potential ကို unlock လုပ်ဖို့ မရှိသေး ပါဘူး။

ဘယ်တော့ ရနိုင် မလဲ ဆိုတာ ရှင်းရှင်း လင်းလင်း မသိရ သေးပေမယ့် Microsoft က mobile device တွေ နှင့် browser တွေ ထက် ပိုပြီးတော့ Xbox Cloud Gaming ကို ဖြန့်ဖြူးဖို့ ဦးတည် နေပါတယ်။

Microsoft က လက်ရှိတွင် Xbox players များအား console မပါဘဲ games တွေကို stream လုပ်ဖို့ ခွင့်ပြု ပေးတဲ့ Xbox app ကို TVs တွေ အတွက် သီးသန့် Xbox app တစ်ခု လုပ်ဆောင် နေပါတယ်။ TV တစ်လုံး ( သို့မဟုတ် ) monitor ကို plug တပ်ဆင် နိုင်တဲ့ Standalone streaming devices တွေ ကိုလည်း စီစဉ် ထားပြီး ၎င်းဟာ အဲ့ဒီ TV push နှင့် ကိုက်ညီဖို့ Xbox Cloud Gaming resolution ကို နောက်ထပ် upgrades တင်မှု တွေ ပြုလုပ်ဖို့ ဆိုတာ ကျိုးကြောင်း ဆီလျော်မှု ရှိပါတယ်။

Xbox Cloud Gaming က mobile devices တွေမှာ games ကစားဖို့ နည်းလမ်း တစ်ခု အနေနှင့် စတင်ခဲ့ သော်လည်း Xbox dashboard နှင့် TV တွေ ဆီကို မကြာမီ integration လုပ်ခြင်းဖြင့် mobile ကမ်းလှမ်းမှု တစ်ခု ထက် အများကြီး ပိုလာနေပြီ ဖြစ်ပါတယ်။ Microsoft က Xbox Cloud Gaming ကို ၎င်း၏ Xbox web store အသစ် ထဲသို့ ပေါင်းစပ် ထည့်သွင်းလျက် ဖြန့်ချိဖို့ စတင် နေပြီး ၎င်း၏ xCloud technology ကို Facebook Gaming သို့ ယူဆောင်မယ့် ၎င်း၏ plans တွေ အကြောင်းကို ထပ်မံ ကြားရဖို့ ကျွန်ုပ်တို့ စောင့်ဆိုင်း နေဆဲ ဖြစ်ပါတယ်။

Microsoft က Xbox Cloud Gaming ကို Australia ၊ Brazil ၊ Mexico နှင့် Japan တို့ ဆီကို service အတွက် custom Xbox Series X hardware upgrade တင်မှု ပြီးစီး ပြီးနောက် မကြာမီတွင် တိုးချဲ့ ခဲ့ပါတယ်။ Microsoft ၏ xCloud tech ကို ယခု အခါ နိုင်ငံ ပေါင်း ၂၆ နိုင်ငံ တွင် ရရှိ နိုင်ပြီ ဖြစ်ပြီး ကုမ္ပဏီက “new subscription offerings for Xbox Game Pass,” ကို ယခင်က အရိပ်အမြွက် ပြောခဲ့ပါတယ် ။ ထို့ကြောင့် Xbox Cloud Gaming ကို ၀င်ရောက်နိုင်တဲ့ additional tiers တွေကို ကျွန်ုပ်တို့ မကြာမီ မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

Xbox Game Pass is getting integrated into the Xbox dashboard. Image: Microsoft

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။