Windows 11 install restrictions တွေကို ကျော်ဖြတ်ဖို့ ပိုမို ကောင်းမွန်တဲ့ နည်းလမ်း တစ်ခု

Rufus 3.19 Beta has options when you start creating the bootable windows installer. Image: Umar Shakir / The Verge

Windows 11 က ယခင် predecessor အဟောင်းတွေနှင့် နှိုင်းယှဉ်ပါက ပိုမို တင်းကျပ်တဲ့ install requirements တွေ ပါရှိ ပါတယ် ။ processors အဟောင်းတွေ အပေါ် ကန့်သတ်ချက်တွေ အပြင် အင်တာနက် ချိတ်ဆက်မှုနှင့် Microsoft အကောင့် တစ်ခု လိုအပ် မှာပဲ ဖြစ်ပါတယ်။

ကံကောင်းတာ ကတော့ ပံ့ပိုး မထားသော CPU တွေ ပေါ်မှာ Windows 11 ဆီ အဆင့်မြှင့် တင်မှုတွေကို ခွင့်ပြု နိုင်တဲ့ ဖြေရှင်းနည်းတွေ ရှိပြီး ကုမ္ပဏီမှ အဆိုပါ ရှောင်တိမ်းမှု တွေကို ပိတ်ဆို့ထားခြင်း မရှိခဲ့ ပါဘူး ။ သို့သော်၊ အကယ်၍ Windows 11 ကို တပ်ဆင်ပြီး စနစ်ကို ဒေသတွင်း အကောင့် တစ်ခုဖြင့် ပြင်ဆင် သတ်မှတ် လိုပါက ၊ Rufus ဟု ခေါ်တဲ့ tool တစ်ခုဖြင့် အလွယ်တကူ ပြုလုပ် နိုင်ပြီပဲ ဖြစ်ပါတယ်။

Bootable Windows installers တွေကို လျင်မြန်စွာ ဖန်တီးဖို့ IT ဌာနတွေမှ App အား ကာလ ကြာရှည် အသုံးပြု ခဲ့ပါတယ် ။ Ars Technica မှ အစီရင်ခံ ထားတဲ့ အတိုင်နောက်ဆုံး beta ဖြန့်ချိမှုက အခြားသော ရှောင်တိမ်းမှုတွေ နှင့်အတူ အွန်လိုင်း Microsoft အကောင့်ရဲ့ လိုအပ်ချက်ကို ဖယ်ရှား နိုင်နေပြီပဲ ဖြစ်ပါတယ် ။

၎င်းက TPM 2.0 ( Intel Macs တွေ အပါအဝင် ) RAM 4GB (သို့မဟုတ်) 64GB storage အောက်မှာ ရှိတဲ့ ကွန်ပျူတာ တွေကို ကျော်ဖြတ် နိုင်ပြီး data collection ကိုလည်း အလိုအလျောက် ပိတ်နိုင် ပါတယ်။

ယခင် နည်းလမ်းတွေ လိုပဲ Microsoft အကောင့် လိုအပ်ချက်ကို ကျော်သွားဖို့ အတွက် စနစ် ထည့်သွင်းစဉ် အတွင်း ကွန်ပျူတာကို အော့ဖ်လိုင်း အပြည့်အဝ လုပ်ထားဖို့ လိုအပ် နေပါ သေးတယ်။ သို့သော် Rufus method က manual registry တည်းဖြတ်မှု တွေကို ကျော်သွားခြင်းဖြင့် ပိုမို လွယ်ကူ စေပြီး software က အခမဲ့ ဖြစ်ကာ open source လဲ ဖြစ်ပါတယ်။

My 7th-gen i7 might be more capable than a supported 8th-gen i3, but no official support for me.

Microsoft သည် ပြီးခဲ့သည့်နှစ်တွင် အင်တာနက်ချိတ်ဆက်မှုနှင့် Microsoft အကောင့်တစ်ခု လိုအပ်သဖြင့် Windows 11 Home သို့ အဆင့်မြှင့်ထားခြင်းကြောင့် သုံးစွဲသူအချို့ကို စိတ်အနှောင့်အယှက် ဖြစ်စေ ခဲ့ပြီး ယခု နောက်ဆုံးထွက် 22H2 အပ်ဒိတ် နှင့်အတူ၊ ကန့်သတ်ချက် တွေက Windows 11 Pro ဆီကိုလည်း တိုးလာ ခဲ့ပါတယ် ။ ကန့်သတ်ချက် တွေကို ကျော်ဖြတ်တဲ့ သူတွေ အတွက်၊ Microsoft က Windows ရဲ့ non-serialized installations တွေကို ပြုလုပ်ပုံ ကဲ့သို့ ထိုစက် တွေမှာ watermark ကို စတင် အသုံးပြု နိုင်မှာပဲ ဖြစ်ပါတယ် ။ Microsoft က လိုအပ် တယ်ဟု ယူဆတဲ့ အခါတိုင်း ပံ့ပိုး မထားတဲ့ စက်တွေမှာ ဆော့ဖ်ဝဲ အပ်ဒိတ် တွေကို ပိတ်ဆို့ နိုင်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။