Windows 11 ၏ first update ဟာ AMD CPU performance ကို ပိုဆိုးစေပါတယ်

Photo by Becca Farsace / The Verge

AMD ဟာ ပြီးခဲ့တဲ့ တပတ်က ၎င်း၏ chips တွေဟာ Windows 11 မှာ performance issues တွေနှင့် ကြုံတွေ့ နေရပြီး ယခု အခါ Microsoft မှ ၎င်း၏ OS အသစ်ကို ပထမဆုံး update လုပ်ခြင်းဟာ problems တွေကို ပိုပြီး ဆိုးရွား စေခဲ့ ပါတယ်။ TechPowerUp ၏ reports မှာ Windows 11 ရဲ့ ပထမဆုံး update လုပ်ခြင်းကို မနေ့က တိုက်ရိုက် ထုတ်လွှင့် ပြီးတဲ့နောက် ပိုပြီး ဆိုးရွားတဲ့ performance တွေကြောင့် ၎င်းဟာ အလွန် မြင့်မားတဲ့ latency ကို တွေ့ရှိကြောင်း ပြောကြား ခဲ့ပါတယ်။

AMD နှင့် Microsoft တို့က Ryzen processors တွေမှာ Windows 11 နဲ့ အတူ issues နှစ်ခုကို တွေ့ရှိ ခဲ့ပါတယ်။ Windows 11 ဟာ L3 cache latency ကို သုံးဆ ဖြစ်စေ နိုင်ပြီး အချို့ games တွေမှာ performance 15 percent အထိ နှေးကွေး စေပါတယ်။ ဒုတိယ ပြဿနာမှာ processor တစ်ခု ပေါ်မှာ fastest core ဆီကို threads တွေ ပြောင်းပေးတဲ့ AMD ၏ ဦးစားပေး core technology ကို ထိခိုက် စေတာပဲ ဖြစ်ပါတယ်။ AMD က ဒီ ဒုတိယ ချို့ယွင်းချက်ဟာ CPU ကို မှီခိုတဲ့ tasks တွေ ( CPU-reliant tasks ) မှာ performance ကို ထိခိုက် စေနိုင်တယ်လို့ ပြောပါတယ်။

TechPowerUp ဟာ ၎င်း၏ Ryzen 7 2700X တွင် L3 cache latency ကို 10ns ဝန်းကျင် နှင့် Windows 11 က 17ns အထိ တိုးမြှင့်ပြီး တိုင်းတာ ခဲ့ပါတယ်။ “This was made much worse with the October 12 ‘Patch Tuesday’ update, driving up the latency to 31.9ns,” လို့ TechPowerUp က ပြောကြား ခဲ့ပါတယ်။ ၎င်းဟာ huge jump တစ်ခု ဖြစ်ပြီး AMD မှ သတိ ပေးခဲ့တဲ့ ပြဿနာ အမျိုးအစား အတိအကျပဲ ဖြစ်ပါတယ်။

THE FIRST WINDOWS 11 UPDATE ARRIVED YESTERDAY

Ryzen ပြဿနာ နှစ်ခု စလုံးအတွက် patch တွေက ယခု လမကုန်ခင် ထွက်ရှိ လာပါ လိမ့်မယ်။ L3 cache ပြဿနာကို လာမည့် အပတ်တွင် patch တစ်ခု အတွက် အောက်တိုဘာ လ ၁၉ ရက်ကို ဖော်ပြတဲ့ သတင်းတွေ နှင့်အတူ Microsoft က ဖြေရှင်းဖွယ် ရှိပါတယ်။

ဦးစားပေး core patch ကို AMD driver တစ်ခုက ဖြေရှင်း ပါလိမ့်မယ်။ ၎င်းကို ယခုလ နှောင်းပိုင်းတွင် ဖြန့်ချိမည်ဟု မျှော်လင့်ရပြီး ၎င်းအား ဖြန့်ချိ ပြီးတာနဲ့ Windows Update တွင် ရရှိ နိုင်လိမ့်မယ် လို့ မျှော်လင့် ရပါတယ်။

အထူးသဖြင့် Microsoft က အဲ့ဒီ OS အသစ် အတွက် support ပေးထားတဲ့ processors တွေရဲ့ ပမာဏကို ကန့်သတ် လိုက်တဲ့ အခါ Windows 11 ship က ဒီ ပြသနာတွေကို တွေ့ရတာဟာ အံ့သြဖို့ ကောင်းနေဆဲ ဖြစ်ပါတယ်။

Bug အသစ်က OS အသစ် တွေ နှင့်အတူ အမြဲတမ်း လိုလို ဖြစ်ပေါ်လေ့ ရှိသော်လည်း public beta စမ်းသပ်မှု လများ အတွင်း အဓိက CPU တွေ ပေါ်မှာ သိသာ ထင်ရှားတဲ့ performance impact ကို ရွေးထုတ် သင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအရာကို မကြာခင်မှာ ပြီးစီးအောင် ပြုပြင်ရမယ့်အရာ ဖြစ်တာကြောင့် ပိုမိုဆိုးရွားတဲ့ performance ကို ခံစားနေရတဲ့သူ တွေဟာ patch အတွက် သိပ်ပြီး ကြာကြာ စောင့်ရဖို့ လိုလိမ့်မယ်လို့တော့ မထင်ပါဘူး။ Microsoft က ယခုလမှာ AMD performance issues ပြသနာ တွေကို ဖြေရှင်းဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

Reference: The Verge

Photo by Monica Chin / The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။