Windows 11 ဆိုတာ အမှန်တကယ် ဖြစ်လာနိုင်သလား ?

မကြာမီ အချိန်တွင်း ရောက်လာမယ့် ဇွန် ၂၄ ရက်မှာ Microsoft ရဲ့ Windows event တစ်ခု ကျင်းပဖို့ ရှိပြီး Windows Version အသစ် Windows 11 ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးကြားရတဲ့ သတင်း အရ Microsoft ဘက်က ၂၀၂၅ နှစ် ရောက်လျှင် Windows 10 ကို support လုပ်ပေးတာကို ရပ်သွားနိုင်ပြီး အခု လာမယ့် အခမ်းအနားမှာ Windows 11 ကြေငြာ နိုင်ပါတယ်။

Windows 10 Home, Pro, Education နှင့် Enterprise Modern Lifecycle Policy ဝက်ဘ်ဆိုက်တွင် Windows 10 ကို ဇူလိုင်လ ၂၉၊ ၂၀၁၅ စတင် တည်ထောင်ပြီး ၁၀ နှစ်ခန့် ကြာပြီးနောက် ၂၀၂၅ အောက်တိုဘာ ၁၄ ရက်တွင် Windows 10 ထောက်ပံ့ ပေးမှုကို ရပ်ဆိုင်း သွားမယ်လို့ ကြေညာ ထားပါတယ်။ Windows 7 အသုံးပြုမှု ၁၀ နှစ်ကြာ ပြီးနောက် activation သက်တမ်းက ၂၀၂၀ အစောပိုင်းတွင် သက်တမ်း ကုန်ဆုံး ခဲ့ပါတယ်။

ပြီးခဲ့သည့် လကုန်ပိုင်းက Microsoft Build တွင်လည်း Microsoft အမှုဆောင် အရာရှိချုပ် Satya Nadella မှ Update အသစ် ပြောင်းလဲမှုများနှင့် လာမည့် အဓိက ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ပါတယ်။

Microsoft က ကျင်းပမယ့် Windows event ကို မြန်မာနိုင်ငံ စံတော်ချိန် ၁၀ နာရီခွဲ ဇွန်လ ၂၄ ရက်၌ ကျင်းပဖို့ စီစဉ် ထားပါတယ်။ ထိုအစီအစဉ်ကို microsoft website တွင် တိုက်ရိုက် ကြည့်ရှ နိုင်ပါတယ်။

Reference – Microsoft

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။