Windows 11 က Microsoft Teams နှင့် အခြားသော Video Calls တွေမှာ Screen Share ရတာ ပိုပြီး လွယ်ကူလာ

Microsoft Teams share buttons will appear in Windows 11 soon. Image: Microsoft

Microsoft က Windows 11 မှာ အသုံးဝင်တဲ့ Microsoft Teams integration အသစ်ကို မကြာမီ ထပ်ပြီး ပေါင်းထည့်ဖို့ ရှိပါတယ် ။ Software maker တွေက Teams users တွေကို Taskbar ပေါ်ရှိ Open windows များပေါ်တွင် hover လုပ်နိုင်ပြီး Microsoft Teams call တွေမှာ window content တွေကို မြန်မြန်ဆန်ဆန် share လုပ်နိုင်စေမယ့် feature တစ်ခုကို Windows 11 မှာ စတင် စမ်းသပ်နေပြီပဲ ဖြစ်ပါတယ် ။ ၎င်းဟာ Windows 11 ပေါ်မှာ ရှိတဲ့ Teams နှင့် အခြားသော communication apps တွေအတွက် screen sharing ကို ပိုမို လွယ်ကူစေမှာ ဖြစ်ပါတယ်။

Microsoft က ၎င်းကို Windows 11 မှာ Teams ရဲ့ built-in consumer version ထက် work (သို့မဟုတ်) school အတွက် Microsoft Teams နဲ့ ကနဦး စမ်းသပ်မှု ပြုလုပ် နေပါတယ်။ ” ဒါက လူတိုင်းက သူတို့ရဲ့ Teams calls တွေမှာ ဒါကို ချက်ချင်း မြင်နိုင်မှာ မဟုတ်ဘူး ” လို့ Microsoft’s Windows Insider program ရဲ့ အကြီးအကဲ Amanda Langowski မှ ပြောကြားခဲ့ပါတယ်။ “၎င်းကို Microsoft Teams ( Microsoft Teams for home ) ကနေ Chat ဖို့အတွက် ကတော့ နောက်မှ ယူဆောင် လာဖို့ စီစဉ် ထားပါတယ်။”

သတင်းကောင်း ကတော့ ၎င်းကို Microsoft Teams မှာ ကန့်သတ်ထားမှာ မဟုတ်ကြောင်း သိရပါတယ် ။ “အခြားသော communications applications တွေဟာ ၎င်းတို့၏ applicationsတွေမှာ အဲ့ဒီ capability ကို add နိုင်ပါသည်” လို့ Langowski က ရှင်းပြခဲ့ ပါတယ်။ “meeting call တစ်ခုကို share ဖို့ capability ဟာ လက်ရှိ current meeting call နှင့်သာ သက်ဆိုင် ပါတယ်။”

ဆိုလိုတာ ကတော့ Slack ( သို့မဟုတ် ) Zoom ကဲ့သို့သော apps တွေဟာ ၎င်းတို့၏ apps တွေ အတွင်း အဲ့ဒီ function ကို build လုပ်နိုင်ပြီး video calls တွေ အတွင်း ၎င်းတို့၏ screen ပေါ်ရှိ အရာတွေကို Windows 11 users တွေဆီ share ဖို့ ပိုမို လွယ်ကူစေပါတယ်။

Microsoft က Windows 11 မှာ ဒီ function ကို ဘယ်အချိန်မှာ ထုတ်ဖော် ပြသ ပေးမယ် ဆိုတာကို အတိအကျ မသိရ သေးသော်လည်း စမ်းသပ်ချိန် ပေး၍ 2022 အစောပိုင်းမှာ ထွက်ပေါ် လာဖွယ် ရှိပါတယ်။

Microsoft က ၎င်းကို Windows Insiders ရဲ့ အပိုင်းခွဲ တစ်ခု ဖြင့်သာ စမ်းသပ် နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Windows 11 ရဲ့ Dev Channel builds တွေကို install လုပ်ထား ခြင်းက ၎င်းကို စမ်းသပ် နိုင်မယ်လို့ အာမ မခံ နိုင်သေးပါဘူး။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။