Windows 11 က များစွာ လိုအပ်နေတဲ့ Taskbar နှင့် Start Menu improvements အချို့ကို ရရှိ

Windows 11 ရဲ့ Taskbar ဟာ Windows 10 နှင့် နှိုင်းယှဉ် ပါက giant step တစ်ခု ဖြစ်ပြီး ယခု အခါ Microsoft က တိုးတက်မှု တွေကို စတင် လုပ်ဆောင် နေပြီပဲ ဖြစ်ပါတယ်။ Windows Insiders မှ လက်ရှိ စမ်းသပ် နေတဲ့ update အသစ်က secondary ( သို့မဟုတ် ) monitors များစွာ ရှိ taskbar ဆီသို့ clock နှင့် date ကို ပြန်ယူ လာခဲ့ ပါတယ်။ Windows 11 မှာ ဒီ အခြေခံ လုပ်ဆောင်နိုင်စွမ်းကို ရရှိဖို့ ElevenClock ကဲ့သို့သော third-party apps များကို အများအပြား ထည့်သွင်း ခဲ့ရတဲ့ အတွက် monitor အများအပြား အသုံးပြုသူ တွေက သဘောကျ နှစ်သက် စေမယ့် အပြောင်းအလဲ တစ်ခု ဖြစ်ပါတယ်။

Windows 11 ရှိ Taskbar မှာ ပြုလုပ် ထားတဲ့ အပြောင်းအလဲ တွေကို ဝေဖန်ခြင်းဟာ မကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ Taskbar အသစ် ကို မကြိုက် တာကြောင့် Microsoft က ဒီ ကနဦး ပြောင်းလဲမှု ပြုလုပ်တာကို မြင်တွေ့ ရတာဟာ ကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပိုပြီး ကောင်းအောင် လုပ်ဖို့ အများကြီး ကျန်နေ ပါသေးတယ်။. ပြီးတော့ Taskbar app တွေနဲ့ general customization options တွေ files တွေ drag and drop လုပ်ပေး နိုင်တာကို ပြန်တွေ့ ရမယ်လို့ မျှော်လင့် ပါတယ်။

Microsoft က Windows 11 ရှိ Start menu ကို တိုးတက်မှု အချို့ ပြုလုပ် နေပါတယ်။ နောက်ဆုံးထွက် latest 22509 Insider build မှာ pins နံပါတ်များ ( သို့မဟုတ် ) နောက်ထပ် recommendations တွေကို ပြသဖို့ Start menu ကို configure လုပ်နိုင်စွမ်း ပါဝင်ပါတယ် ။ ၎င်းဟာ Windows 11 အသုံးပြုသူ များစွာက ဒီနေရာမှာ third-party apps များကို ရွေးချယ် နေကြသော်လည်း Start menu ကို အနည်းငယ် ပို၍ customizable လုပ် နိုင်စေ ပါတယ်။

ဒီနောက်ဆုံးထွက် latest Windows 11 build တွင် main Settings app မှာ နောက်ထပ် Control Panel settings များ ထည့်သွင်းဖို့ Microsoft ရဲ့ ဆက်လက် ကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်း အနေဖြင့် Settings app တွင် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်မှု တွေလည်း ပါဝင် ပါတယ်။ “We have moved the advanced sharing settings (such as Network discovery, File and printer sharing, and public folder sharing) to a new page in Settings app under Advanced Network Settings,” ဟု Microsoft ရဲ့ Windows Insider program အကြီးအကဲ Amanda Langowski က ရှင်းပြ ထားပါတယ်။

The new Windows 11 Start menu changes. Image: Microsoft

Printers & Scanners section ရှိ pages တွေမှာလည်း တိုးတက်မှုတွေ ပါရှိပြီး Control Panel ရဲ့ အချို့သော အစိတ်အပိုင်း တွေက ယခုအခါ Windows 11 အသုံးပြုသူ တွေကို main Settings app သို့ redirect ပေးမှာပဲ ဖြစ်ပါတယ်။ Microsoft က ၎င်းရဲ့ modern Settings app ကို အသုံးပြုပြီး နောက်ဆုံးမှာ Control Panel ကို ဖယ်ရှားဖို့ ပိုပြီး နီးကပ် လာခဲ့ပါတယ်။

ဒါပေမယ့် ဒီ features အားလုံးကို လအနည်းငယ် ကြာအောင် ရနိုင်သေးမှာ မဟုတ်ပါဘူး ။ ၎င်းတို့ဟာ Windows 11 အတွက် Dev Channel updates round ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အချို့က OS ကို Microsoft မှ လစဉ် ပြုလုပ်တဲ့ အပြောင်းအလဲတွေမှာ cumulative updates တွေ အဖြစ် ပွဲဦးထွက် လာနိုင်မှာပဲ ဖြစ်ပါတယ် ။ Microsoft က Windows 11 အတွက် စီစဉ်နေတဲ့ ပိုပြီး ကြီးမားတဲ့ annual update တွင် အခြားအရာတွေလဲ ပါဝင်နိုင်တယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။